Xiaomi ကို လှောင်ပြောင်ဖို့အတွက် OnePlus က “OxygenOS နဲ့ Pure Android ဘာကို ပိုကြိုက်လဲ?” ဆိုတဲ့ Twitter Poll လုပ်ခဲ့ပေမယ့် Pure Android သာ အနိုင်ရခဲ့

date_range 20 February 2018

Xiaomi ကို လှောင်ပြောင်ဖို့အတွက် OnePlus က “OxygenOS နဲ့ Pure Android ဘာကို ပိုကြိုက်လဲ?” ဆိုတဲ့ Twitter Poll လုပ်ခဲ့ပေမယ့် Pure Android သာ အနိုင်ရခဲ့

visibility 5520 Views

                ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ ၇ ရက်တုန်းက Xiaomi အနေနဲ့ MIUI နဲ့ Android One ဘယ်ဟာကို လူကြိုက်ပိုများလဲ သိရှိစေဖို့အတွက် Xiaomi ရဲ့ Official Twitter Account မှာ Poll တစ်ခုလုပ်ပြီး ပရိသတ်တွေကို မေးမြန်းခဲ့ပါတယ်။ ကံဆိုးစွာနဲ့ပဲ Android One အနိုင်ရရှိခဲ့တာ ကြောင့် Xiaomi အနေနဲ့ အဲ့ဒီ့ Twitter Poll ကို ပြန်လည်ဖျက်ချပစ်ခဲ့ပါတယ်။

                အခုအခါမှာလည်း OnePlus ရဲ့ Product Manager အနေနဲ့ "OxygenOS နဲ့ Pure Android ဘာကို လူပိုကြိုက်လဲ?” သိရှိစေဖို့အတွက် သူ့ Twitter အကောင့်မှာ Poll တစ်ခုလုပ်ပြီး ပရိတ်သတ်တွေကို မေးမြန်းခဲ့ပါတယ်။

                အစပိုင်းမှာတော့ OxygenOS က Pure Android ကို အပြတ်အသတ်ကို အနိုင်ရနေခဲ့ပါတယ်။ အဲ့ဒီ့မှာ One Plus ရဲ့ CEO Carl Pei က သူတို့နိုင်မှာ သေချာသလောက် ရှိပြီလို့ ထင်မှတ်သွားတဲ့ပုံပါပဲ။ သူတို့ရဲ့ အဓိကပြိုင်ဘက် Xiaomi ကို လှောင်တဲ့အနေနဲ့ ဒီ Poll ကို ဖျက်မပစ်ဖို့ Poll အောက်မှာ "Don’t Delete This Poll” ဆိုပြီးတောင် Reply လုပ်ခဲ့ပါတယ်။


                ဒါပေမယ့် Carl Pei ဝင်ပြောပြီး သိပ်မကြာခင် အချိန်အတွင်းမှာပဲ Pure Android ကို Vote ပေးတဲ့ ရာခိုင်နှုန်းက တဖြည်းဖြည်းနဲ့ မြင့်တက်သွားခဲ့ပြီး အဆုံးသတ်မှာတော့ MIUI 9 နဲ့ Android One Twitter Poll တုန်းကလိုပဲ အခုအခါမှာလည်း OxygenOS က ၄၂ ရာခိုင်နှုန်း၊ Pure Android က ၅၈ ရာခိုင်နှုန်း အသီးသီး ရရှိခဲ့ပြီး Pure Android က အနိုင်ရရှိသွားခဲ့ပါတယ်။ Google ကတော့ ဒီ Poll Result တွေကိုကြည့်ပြီး စင်ပေါ်ကနေ မိန့်မိန့်ကြီး ပြုံးနေလောက်ပါပြီ။

                Xiaomi နဲ့ မတူတဲ့အချက်ကတော့ အခု Poll ကို ပြုလုပ်ခဲ့တဲ့ OnePlus ရဲ့ Product Manager အနေနဲ့ အရှုံးကို ရဲရဲရင့်ရင့် ရင်ဆိုင်သွားခဲ့တာပဲ ဖြစ်ပါတယ်။ အခုလို Poll ကို ဝင်ရောက် ဖြေဆိုပြီး အကူအညီပေးတဲ့အတွက် ကျေးဇူးတင်ကြောင်း၊ မကောင်းတဲ့အချက်များကို ထောက်ပြပေးတဲ့ အတွက်လည်း ကျေးဇူးတင်ကြောင်း၊ နောက်ထွက်လာမယ့် OxygenOS ကိုလည်း ယခုထက် ပိုမိုကောင်းမွန်အောင် ကြိုးစားသွားမယ့်အကြောင်းကို ပြန်လည် ပြောကြားသွားခဲ့ပါတယ်။

This Article is contributed by Phyo Kyaw Swar.
References
GizMoChina PhoneArena Feature Image
About Author
Assinged Tags
Xiaomi Twiitter OnePlus OxygenOS Stock Android Poll
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed