"MIUI 9 နဲ့ Android One ဘာကိုပိုကြိုက်လဲ?” ဆိုတဲ့ Twitter Poll တစ်ခုလုပ်ခဲ့ရာမှာ Android One က အနိုင်ရသွားတာကြောင့် Poll ကို ပြန်ဖျက်ပစ်ခဲ့တဲ့ Xiaomi

date_range 13 February 2018

"MIUI 9 နဲ့ Android One ဘာကိုပိုကြိုက်လဲ?” ဆိုတဲ့ Twitter Poll တစ်ခုလုပ်ခဲ့ရာမှာ Android One က အနိုင်ရသွားတာကြောင့် Poll ကို ပြန်ဖျက်ပစ်ခဲ့တဲ့ Xiaomi

visibility 4000 Views

                Xiaomi ထုတ် Flagship စမတ်ဖုန်းတွေ၊ Mid-Range စမတ်ဖုန်းတွေ၊ Budget စမတ်ဖုန်းတွေမှာ ကုမ္ပဏီရဲ့ကိုယ်ပိုင် Customized Android Operating System တစ်ခု ဖြစ်တဲ့ MIUI ကို အသုံးပြုထားပါတယ်။ ဒါ့ပေမယ့် MIUI ကို မကြိုက်နှစ်သက်တဲ့ Xiaomi ပရိသတ်တွေ အတွက် ရည်ရွယ်ပြီး ပြီးခဲ့တဲ့နှစ်တုန်းက မိတ်ဆက်ပေးခဲ့တဲ့ Mi A1 မှာတော့ Pure Android ကို ခံစားနိုင်မယ့် Google ရဲ့ Android One OS ကို အသုံးပြုပေးခဲ့ပါတယ်။

                ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ ၇ ရက်နေ့တုန်းကတော့ Xiaomi အနေနဲ့ MIUI နဲ့ Android One ဘယ်ဟာကို လူကြိုက်ပိုများလဲ သိရှိစေဖို့အတွက် Xiaomi ရဲ့ Official Twitter Account မှာ Poll တစ်ခုလုပ်ပြီး ပရိတ်သတ်တွေကို မေးမြန်းခဲ့ပါတယ်။ ဒါပေမယ့်လည်း အဆုံးသတ်ရလာဒ်က Xiaomi အတွက် စိတ်ကျေနပ်စရာ ဖြစ်မလာတာကြောင့် ချက်ချင်းဆိုသလိုပဲ “MIUI 9 နဲ့ Android One ဘယ်ဟာကို လူကြိုက်ပိုများလဲ?” လို့ မေးမြန်းခဲ့တဲ့ Poll တစ်ခုလုံး ပျောက်ချင်းမလှ ပျောက်ကွယ်သွားခဲ့ပါတယ်။

                အဲ့ဒီ Poll ကို စောင့်ကြည့်ခဲ့သူများရဲ့ ဖေါ်ပြချက်များအရ MIUI 9 နဲ့ Android One အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ပြီး အဆုံးသတ်မှာတော့ Android One က ၅၇ ရာခိုင်နှုန်း ရရှိခဲ့ပေမယ့် MIUI 9 က ၄၃ ရာခိုင်နှုန်းသာ ရရှိခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့်မို့လို့ Android One အနေနဲ့ MIUI 9 ထက် ၁၄ ရာခိုင်နှုန်း ကျော်လွန်ကာ အနိုင်ရရှိသွားခဲ့တာပဲ ဖြစ်ပါတယ်။

                Xiaomi အနေနဲ့ MIUI က မရှုမလှ အရေးနိမ့်သွားတာကို မခံစားနိုင်တာကြောင့် Twitter Poll ကို အလျင်အမြန်ပဲ ဖျက်ချသွားခဲ့ပါတယ်။ ကြည့်ရတာ Xiaomi Twitter အကောင့်ကို ကိုင်တွယ်နေတဲ့ Admin အဖွဲ့က တွက်ချက်တာ အနည်းငယ် လွဲချော်သွားခဲ့တယ် ထင်ပါတယ်။ သူတို့အနေနဲ့ အခုလို Poll လုပ်ခဲ့ရင် MIUI 9 က အပြတ်အသတ် အနိုင်ရရှိမယ် ထင်ထားပုံပါပဲ။ အထင်နဲ့အမြင် တက်တက်စင်အောင် လွဲသွားခဲ့တာကြောင့် Poll တစ်ခုလုံး ကို ပြန်လည် ဖျက်ချပစ်ခဲ့ပေမယ့် တော်တော်များများက Poll Result ကို Screenshot တွေ သိမ်းထားပြီး ဖြစ်တာကြောင့် ဘာမှ သိပ်တော့ မထူးခြားခဲ့ပါဘူး။

                LineageOS ရဲ့ ရေးသားဖေါ်ပြချက်များအရ Xiaomi ပရိသတ်တွေ အနေနဲ့ Xiaomi စမတ်ဖုန်းတွေမှာ အသုံးပြုထားတဲ့ Hardware တွေနဲ့အတူ Stock Android ကို ပိုမို အသုံးပြုချင်ကြတယ်လို့ သိရပါတယ်။ Xiaomi အနေနဲ့လည်း အခုလို အရှက်တကွဲ အဖြစ်အပျက်မျိုးနဲ့ ထပ်မံ မကြုံတွေ့ရလေ အောင် အသစ်ထွက်ရှိလာမယ့် MIUI Update တွေကို ပိုမိုကောင်းမွန်အောင် လုပ်သင့်ကြောင်း အခုလို ကလေးဆန်တဲ့ Poll တွေကိုလည်း ထပ်မံ မလုပ်သင့်ကြောင်း ကျွမ်းကျင်သူများက ဝေဖန်ထားကြပါတယ်။

This Article is contributed by Phyo Kyaw Swar.
References
GizMoChina Mi Community
About Author
Assinged Tags
Xiaomi Twiitter MIUI related MIUI 9 related Poll
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed