iOS, watchOS နဲ့ macOS တို့မှာ အိန္ဒိယစာလုံးတွေကြောင့် App တွေ Crash ဖြစ်သွားတဲ့ Bug တစ်ခု ရှိနေ

date_range 16 February 2018

iOS, watchOS နဲ့ macOS တို့မှာ အိန္ဒိယစာလုံးတွေကြောင့် App တွေ Crash ဖြစ်သွားတဲ့ Bug တစ်ခု ရှိနေ

visibility 580 Views

                အိန္ဒိယဘာသာစကားတွေ အမျိုးမျိုး ရှိတဲ့ထဲကမှ Telugu ဘာသာစကားမှာ ပါဝင်တဲ့ စာလုံးတွေကြောင့် iOS, watchOS နဲ့ macOS တို့မှာ App တွေ Crash ဖြစ်သွားတဲ့ Bug တစ်ခု ရှိနေတယ်လို့ သိရပါတယ်။ ဒီ Bug ကို အီတလီ နည်းပညာ Blog တစ်ခုဖြစ်တဲ့ Mobile World မှ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။


                Mobile World မှ စမ်းသပ်သူတွေရဲ့ အဆိုအရ iOS, watchOS နဲ့ macOS တို့မှာ ဒီ Bug ရှိနေတာဖြစ်ပြီး အောက်က Tweet မှာ ပြထားတဲ့အတိုင်းပဲ Telugu ဘာသာစကားမှာ ပါဝင်တဲ့ စာလုံးတစ်လုံးကို တစ်ယောက်ယောက်က Message ပို့လိုက်တာပဲဖြစ်ဖြစ်၊ အခြား App တွေမှာ မတော်တဆ ပါလာတာပဲဖြစ်ဖြစ်၊ App က Crash ဖြစ်သွားပြီ ပြန်ဖွင့်လို့ရတော့မှာ မဟုတ်ပါဘူး။

                နောက်ပြီး ဖုန်းက Restart လုံးဝ ကျသွားဖို့အတွက် Springboard ကိုလည်း ခဏစောင့်သင့်တယ်လို့ Mobile World က သတိပေးထားပါတယ်။ Springboard ကို မစောင့်ပဲ ဇွတ်ကြီး Full Reboot သွားလုပ်မယ်ဆိုရင် ဖုန်းက Restart ပဲ ပြန်ပြန်ကျနေလိမ့်မယ်လို့ သိရပါတယ်။ ဒါပေမယ့် အဲ့လိုဖြစ်လာပြီ ဆိုရင်လည်း DFU လုပ်လိုက်လို့ ရတယ်လို့ Mobile World က ပြောထားပါတယ်။

                The Verge အနေနဲ့ Facebook Messenger, WhatsApp, Gmail, Outlook စတဲ့ Third-Party Apps တွေမှာ စမ်းသပ်ကြည့်တဲ့ အခါမှာလည်း ဒီ Bug ရှိနေတာကို တွေ့ရှိခဲ့ရပြီး Telegram နဲ့ Skype တို့မှာတော့ ဒီ Bug မရှိဘူးလို့လည်း သိရပါတယ်။ ဒီ Bug က iOS 11.2.5 မှာပဲ ဖြစ်ပေါ်နေတာဖြစ်ပြီး iOS 11.3 Public Beta Version မှာတော့ ဒီ Bug မရှိပါဘူး။ Apple ကတော့ အခု Bug ရှိနေတဲ့ အကြောင်းကို သိရှိထားပြီး ဖြစ်ပြီး iOS 11.2.6 နဲ့အတူ Fix ကို ထည့်သွင်းပေးသွားမယ်လို့ ပြောထားပါတယ်။

                Apple အနေနဲ့ iOS 11 မှာ Bug တွေ များနေပြီး Performance လည်း ကျဆင်းသွားတာကြောင့် iOS 12 မှာတော့ iOS 11 မှာလို Feature သစ်တွေ စုပြုံထည့်သွင်းဖို့ထက် Realiability ပိုင်းနဲ့ Performance ပိုင်းကိုပဲ ဦးစားပေးသွားတော့မှာ ဖြစ်ပါတယ်။

References
The Verge
About Author
Assinged Tags
iOS macOS Bug Report WatchOS iOS 11 Bug Software Bug Bug Fixes
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed