FBI, CIA နဲ့ NSA မှ အကြီးအကဲတွေရဲ့ တစ်ဖက်သက် စွပ်စွဲချက်များကို ZTE ပြန်လည်တုံ့ပြန်

date_range 16 February 2018

FBI, CIA နဲ့ NSA မှ အကြီးအကဲတွေရဲ့ တစ်ဖက်သက် စွပ်စွဲချက်များကို ZTE ပြန်လည်တုံ့ပြန်

visibility 900 Views

                ZTE က တာဝန်ရှိသူတွေဟာ အမေရိကန် အာဏာပိုင်တွေရဲ့ တစ်ဖက်သက် စွပ်စွဲချက်တွေကို ပြန်လည်တုံ့ပြန်ခဲ့တယ်လို့ တရုတ်နိုင်ငံ သတင်းဌာန Xinhua ကနေတစ်ဆင့် သိရှိရပါတယ်။ Huawei နဲ့ ZTE တို့က ထုတ်လုပ်ရောင်းချနေတဲ့ Smartphone တွေကို အမေရိကန်နိုင်ငံသားတွေနဲ့ အထူးသဖြင့် အစိုးရဝန်ထမ်းတွေ အနေနဲ့ အသုံးပြုလို့ မသင့်တော်ကြောင်း အမေရိကန် အာဏာပိုင်များက လွှတ်တော်မှာ မနေ့က ပြောကြားခဲ့ကြပါတယ်။

                ဒီလို တစ်ဖက်သက် စွပ်စွဲချက်ကို ZTE က တာဝန်ရှိသူတွေကတော့

                “ZTE ဟာ အမေရိကန်နိုင်ငံတွင်းက သုံးစွဲသူတွေဆီက ယုံကြည်မှုကို ရယူပြီးသား ဖြစ်ပါတယ်။ ZTE အနေနဲ့ အမေရိကန် ဈေးကွက်ထဲမှာ တင်သွင်းရောင်းချနေတဲ့ ZTE Product တွေဟာ ဆန်းသစ်တီထွင်မှုရှိပြီး လုံခြုံရေးပိုင်းလည်း ကောင်းမွန်တာ ဖြစ်တဲ့အတွက်ကြောင့်လည်း ဂုဏ်ယူရပါတယ်”

လို့ ပြန်လည် ချေပခဲ့ပါတယ်။

                လုံခြုံရေးပိုင်းနဲ့ ပက်သက်ပြီးတော့လည်း

                “ZTE ဟာ Cyber-Security ပိုင်းနဲ့ User Security ပိုင်းကို အဓိကထား ဦးစားပေးသလို နိုင်ငံအသီးသီးက ချမှတ်ထားတဲ့ ဥပဒေ စည်းကမ်းချက်တွေကိုလည်း တသွေမတိမ်း တိတိကျကျ လိုက်နာပါတယ်။ နောက်ပြီး အမေရိကန်နိုင်ငံတွင်းက ရောင်းဝယ်ဖောက်ကားသူတွေနဲ့ အသုံးပြုသူတွေဆီကလည်း ယုံကြည်မှုကို ရယူထားပြီ ဖြစ်ပါတယ်”

လို့ ထပ်မံ ပြောကြားခဲ့ပါတယ်။

                အရင်တစ်ပါတ်တုန်းကလည်း လွှတ်တော်အမတ်တွေ ဖြစ်ကြတဲ့ Tom Cotton နဲ့ Marco Rubio တို့က အမေရိကန်နိုင်ငံက အစိုးရဝန်ထမ်းတွေ အကုန်လုံးကို Huawei နဲ့ ZTE က ထုတ်လုပ်ရောင်းချနေတဲ့ Smartphone တွေကို ဝယ်ယူအသုံးပြုခွင့် ပိတ်ပင်ပစ်မယ့် ဥပဒေမူကြမ်းကို လွှတ်တော်မှာ တင်ပြခဲ့ကြပါတယ်။

                ဒီဥပဒေ မူကြမ်းမှာတော့ အစိုးရဝန်ထမ်းတွေ ဆီကနေ အမေရိကန်နိုင်ငံရဲ့ အတွင်းကျကျ အရေးကြီး အချက်အလက်တွေကို ခိုးယူနိုင်တဲ့အတွက်ကြောင့် အသုံးပြုခွင့် ပိတ်ပင်ဖို့ တိုက်တွန်းရတာဖြစ်တယ်လို့ ရေးသားထားပါတယ်။ 

                Hacking နဲ့ Internet Spying ကိစ္စတွေကြောင့် အမေရိကန်နဲ့ တရုတ်နိုင်ငံ နှစ်နိုင်ငံကြား တင်းမာတွေ ဖြစ်ပေါ်နေခဲ့တာ ကြာခဲ့ပြီ ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်တုန်းကလည်း FBI ဒါရိုက်တာ James Comey က တရုတ်နိုင်ငံက Hacker တွေကြောင့် အမေရိကန်နိုင်ငံဟာ နှစ်စဉ် ကန်ဒေါ်လာ ဘီလီယံနဲ့ချီပြီ ဆုံးရှုံးနေရတယ်လို့ စွပ်စွဲခဲ့ဖူးပါသေးတယ်။

                နှစ်နိုင်ငံကြား တင်းမာလာမှုကြောင့် တရုတ်နည်းပညာကုမ္ပဏီတွေဟာ ပဲလှော်ကြား ဆားညှပ်သလို ဖြစ်နေကြရပြီး ၂၀၁၈ ခုနှစ်မှာတော့ အမေရိကန် အာဏာပိုင်တွေဟာ တရုတ်နည်းပညာ ကုမ္ပဏီတွေက ထုတ်လုပ်ရောင်းချနေတဲ့ Product မှန်သမျှကို တင်သွင်းရောင်းချခွင့် ပိတ်ပင်ဖို့ အထိပါ ကြိုးစားနေကြပြီ ဖြစ်တာကြောင့် တရုတ်နိုင်ငံ အခြေစိုက် နည်းပညာ ကုမ္ပဏီတွေ အတွက်တော့ ရင်လေးဖို့ ကောင်းနေတယ်လို့ ကျွမ်းကျင်သူများက သုံးသပ်ထားကြပါတယ်။

References
Gadgets NDTV NewsWeek
About Author
Assinged Tags
Huawei Smartphones Cyber Security Cyber Laws ZTE Cyber Attack Cybercrime
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed