FBI, CIA နဲ့ NSA မှ အကြီးအကဲများက “အမေရိကန်နိုင်ငံတွင်းမှာ Huawei Smartphone တွေ မသုံးကြပါနဲ့လို့” သတိပေး ပြောကြား

date_range 15 February 2018

FBI, CIA နဲ့ NSA မှ အကြီးအကဲများက “အမေရိကန်နိုင်ငံတွင်းမှာ Huawei Smartphone တွေ မသုံးကြပါနဲ့လို့” သတိပေး ပြောကြား

visibility 3400 Views

                တရုတ် နည်းပညာ ကုမ္ပဏီကြီးတွေဖြစ်တဲ့ Huawei နဲ့ ZTE တို့က ထုတ်လုပ်ရောင်းချနေတဲ့ Smartphone တွေကို အမေရိကန်နိုင်ငံသားတွေ အနေနဲ့ အသုံးပြုဖို့ မသင့်ကြောင်း FBI, CIA, NSA တို့ပါဝင်တဲ့ အမေရိကန်နိုင်ငံရဲ့ အကြီးဆုံး အစိုးရအဖွဲ့အစည်း ၆ ခုမှ အကြီးအကဲတွေက လွှတ်တော်မှာ သတိပေး ပြောကြားခဲ့တယ်လို့ သိရပါတယ်။

                FBI ဒါရိုက်တာ Chris Wray ကတော့

                “အမေရိကန် အစိုးရအနေနဲ့ ပြည်ပနည်းပညာ ကုမ္ပဏီတွေကို နိုင်ငံတွင်းမှာ လွပ်လွပ်လပ်လပ် ရောင်းဝယ်ဖောက်ကားခွင့် ပေးအပ်ထားတဲ့ အကျိုးဆက်ကြောင့် အမေရိကန်နိုင်ငံရဲ့ လုံခြုံရေး၊ စီးပွားရေးနဲ့ သက်ဆိုင်မှုမရှိတဲ့ ပြည်ပအာဏာပိုင်တွေက နိုင်ငံတွင်း Telecom Network တွေမှာ ချုပ်ချယ်ပိုင်ခွင့် အာဏာအခွင့်အလမ်းတွေ ရရှိလာမှာကို စိုးရိမ်နေပါတယ်။ အကျိုးဆက် အနေနဲ့ အမေရိကန်ပြည်သူ၊ ပြည်သားတွေရဲ့ သတင်းအချက်အလက်တွေကို အစိုးရမသိအောင် တိတ်တဆိတ် ခိုးယူ၊ ပြင်ဆင်မှုတွေ ဖြစ်ပေါ်လာနိုင်ပါတယ်”

လို့ ပြောကြားသွားပါတယ်။

                အမေရိကန် ပြည်သူ၊ ပြည်သားတွေ အတွက်ကတော့ ဒီကိစ္စက အဆန်းကြီး မဟုတ်တော့ပါဘူး။ Huawei ကုမ္ပဏီကို တည်ထောင်ခဲ့သူဟာ အရင်တုန်းက တရုတ်စစ်တပ်မှာ အင်ဂျင်နီယာ တစ်ယောက်အနေနဲ့ တာဝန်ထမ်းဆောင်ခဲ့ဖူးတာ ဖြစ်တဲ့အတွက် Huawei ကို အမေရိကန် အာဏာပိုင်တွေက “တရုတ်အစိုးရရဲ့ လက်ကိုင်တုတ်” အဖြစ် သတ်မှတ်ထားတာ ကြာခဲ့ပါပြီ။

                ဒါကြောင့်လည်း Huawei ဟာ ၂၀၁၄ ခုနှစ်မှာ အမေရိကန်အစိုးရနဲ့ စာချုပ်၊ ချုပ်ဆိုဖို့ ပိတ်ပင်ခံခဲ့ရသလို အခုအခါမှာလည်း နိုင်ငံတွင်းမှာ Huawei Smartphone တွေ ရောင်းချခွင့် ပိတ်ပင်ခံရဖို့ အလားအလာ ရှိနေသလို ဖြစ်နေပါတယ်။ CES 2018 ပွဲမှာလည်း AT&T နဲ့ ပူးပေါင်းပြီး Mate 10 Pro ဖုန်းကို အမေရိကန်နိုင်ငံမှာ ဖြန့်ချီဖို့အတွက် ချုပ်ဆိုမယ့် စာချုပ်ကလည်း အာဏာပိုင်တွေရဲ့ ဖိအားပေးမှုကြောင့် ပျက်ပြားခဲ့ရပြီး Huwaei CEO Richard Yu လည်းပဲ ကုမ္ပဏီအတွက် ဆုံးရှုံးနစ်နစ်မှုတွေ ရှိခဲ့တာကြောင့် ဒေါသအကြီးအကျယ် ထွက်ခဲ့ရပါတယ်။

                လွှတ်တော်အမတ် တစ်ယောက်ဖြစ်တဲ့ Richard Burr ကလည်း

                “ကျနော်ဒီနေ့ အဓိကထားပြီး ပြောချင်တာကတော့ တရုတ်အစိုးရနဲ့ မကင်းမရှင်း ဖြစ်နေတဲ့ Huawei နဲ့ ZTE တို့လို တရုတ် Telecom ကုမ္ပဏီတွေရဲ့ အကြောင်းပါပဲ”

လို့ ပြောကြားခဲ့ပါတယ်။

                Huawei မှ ပြောရေးဆိုခွင့်ရှိသူ တစ်ယောက်ကတော့ CNBC ကို

                “Huawei Smartphone တွေကို အမေရိကန် ဈေးကွက်ထဲမှာ ဆက်လက် ဖြန့်ဖြူးလို့ မရနိုင်အောင်လို့ အမေရိကန် အစိုးရဘက်က ပြုလုပ်နေတယ်ဆိုတာကို သိထားပါတယ်။ ဒါပေမယ့် Huawei ဟာ နိုင်ငံပေါင်း ၁၇၀ က အစိုးရ အဖွဲ့အစည်းတွေနဲ့ အသုံးပြုသူတွေဆီက ယုံကြည်မှုကို ရရှိထားပြီ ဖြစ်တာကြောင့် Cybersecurity နဲ့ ပက်သက်လို့ ဘာအန္တရာယ်မှ ပြုမူမှာ မဟုတ်ပါဘူး”

လို့ ပြောကြားခဲ့ရင်း အမေရိကန် အစိုးရကို ပြန်လည်ချေပခဲ့တယ်လို့ သိရပါတယ်။

References
The Verge
About Author
Assinged Tags
Huawei Smartphones Android Smartphones Cyber Laws ZTE Huawei Mate 10 Pro Security Flaw
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed