Ad-Blocker သုံးပြီး Website ထဲ ဝင်ရောက်ကြည့်ရှုသူရဲ့ စက်ကိုအသုံးချပြီး Cryptocurrency Mining လုပ်သွားမယ့် Salon သတင်းမီဒီယာ

date_range 14 February 2018

Ad-Blocker သုံးပြီး Website ထဲ ဝင်ရောက်ကြည့်ရှုသူရဲ့ စက်ကိုအသုံးချပြီး Cryptocurrency Mining လုပ်သွားမယ့် Salon သတင်းမီဒီယာ

visibility 340 Views

                အွန်လိုင်းကြော်ငြာတွေလို့ ပြောလိုက်ရင် User တွေနဲ့ Publisher တွေနဲ့ အမြင်တွေ မတူကြပါဘူး။ User တွေ သိတာကတော့ Website တွေ ဝင်ကြည့်မယ်ဆိုရင် Ad-Blocker သုံးရမယ်။ Puslisher တွေ သိတာကတော့ များများကြော်ငြာနိုင်ရင် ငွေများများဝင်မယ်။ ဒီလိုနဲ့ပဲ သံသရာလည်နေခဲ့တာပါ။

                User တွေဘက်က ကြည့်မယ်ဆိုတော့လည်း သတင်းလေး၊ စာလေး၊ ဆောင်းပါးလေ ကောင်းကောင်းမွန်မွန် ဖတ်ချင်လို့ Website ထဲ ဝင်လိုက်ကာမှ သတင်းဖြင့် မဖတ်ရသေးဘူး Countdown Ads ကြီး တက်လာတယ်၊ ပြီးတော့လည်း ချက်ချင်းက ပိတ်လို့မရပြန်ဘူး၊ ၅ စက္ကန့်လောက် ထပ်စောင့်နေရတယ်။ ရတယ်၊ ဒီထိအောင် စိတ်ရှည်ပေးသေးတယ်။

                Countdown Ads ကို ပိတ်လိုက်ပြီ၊ စာလေး ဖတ်တော့မယ်ဆိုတော့ Video Ads တွေ တက်လာပြန်တယ်။ ဒါဆိုရင်တော့ သေချာပါတယ်။ အဲ့လို ခံစားဖူးတဲ့ User ကတော့ Ad-Blocker စတင် သုံးတော့မယ် ဆိုတာပါပဲ။ ဒီတော့ ဒီလို လောဘကြီးတဲ့ Pulisher တွေကြောင့်လည်း User ကို အနှောင့်အယှက်မပေးတဲ့ Ads တွေနဲ့ လုပ်စားနေရတဲ့ Publisher တွေမှာ နစ်နာဆုံးရှုံးရပြန်ပါတယ်။

                ဒါကြောင့်လည်း Google တို့ Facebook တို့လို့ တကယ့် Digital Advertising ဘုရင်တွေ ပူးပေါင်းပြီးတော့ User ကို အနှောင့်အယှက် ဖြစ်စေနိုင်တဲ့ Ads အမျိုးအစားတွေကို တိုက်ထုတ်နေရတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် “Salon” ဆိုတဲ့ သတင်းမီဒီယာကတော့ Ad-Blocker သုံးတဲ့ User တွေကြောင့် ဝင်ငွေနည်းသွားမယ့် ပြဿနာကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတစ်ခုကို စတင်အသုံးပြုတော့မယ်လို့ ပြောရမှာပါ။

                နည်းလမ်းက ဆန်းတော့အဆန်းပါပဲ။ Ad-Blocker သုံးပြီး “Salon” Website ထဲ ဝင်လိုက်မယ်ဆိုရင် “We noticed you’re using an ad blocker” ဆိုတဲ့ Warning ကြီး တက်လာမှာပါ။ ဒီ Warning ထဲမှာတော့

                “ဝင်ရောက်ကြည့်ရှုသူတွေ အခမဲ့ ကြည့်ရှုနိုင်စေဖို့အတွက် ကျနော်တို့ဘက်မှာ Ads တွေကို အားကိုးနေရတာ ဖြစ်ပါတယ်။ ဒါကြောင့် သင်အခု အသုံးပြုနေတဲ့ Ad-Blocker ကို ပိတ်ပေးပါလို့ တောင်းဆိုလိုပါတယ်”

လို့ ရေးသားထားပါတယ်။ “OK, I’VE DISABLE IT” ကို နှိပ်မယ်ဆိုရင်တော့ Ads တွေ ပေါ်လာမှာပါ။ ကျနော် ဝင်ကြည့်ကြည့်တာတော့ Ads တွေက အဲ့လောက်လည်း ရုပ်မပေါက်ပါဘူး။ 

                ဒါပေမယ့် “SUPPRESS ADS” ကို နှိပ်လိုက်ပြီ ဆိုလို့ကတော့ ရှင်းပါတယ်။ မိမိရဲ့စက်ကို အသုံးချပြီး Cryptocurrency Mining လုပ်သွားမှာ ဖြစ်ပါတယ်။ ဒါကို “Salon” က စာသားလှလှလေးနဲ့

                “Ads တွေကို Block လုပ်လိုက်ပြီး “Salon” ကို သင့်ရဲ့စက်က ပိုနေတဲ့ Computing Power တွေ ယူသုံးခွင့် ပြုလိုက်ပါ”

လို့ ရေးထားပါတယ် (စာသားကတော့ တော်တော်လှပါ့)။

                “Salon” အနေနဲ့ Cryptocurrency Mining လုပ်ဖို့အတွက် JavaScript ကို အခြေခံထားတဲ့ Coinhive က Mining Tool ကို အသုံးပြုသွားမှာ ဖြစ်ပါတယ်။ နောက်ပြီး Mining လုပ်သွားမယ့် Digital Coin အမျိုးအစားကလည်း Monero လို့ သိရပါတယ်။

                ရှင်းရှင်းပြောရရင် Cryptocurrency Mining လုပ်ပြီး Website ကနေ ပိုက်ဆံရှာတဲ့ နည်းလမ်းကို “Salon” က စသုံးတာတော့ မဟုတ်ပါဘူး။ “The Priate Bay” လည်း ဒီနည်းလမ်းနဲ့ပဲ ပိုက်ဆံရှာခဲ့တာ ဖြစ်ပါတယ်။ “Salon” ရဲ့ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးကတော့ Financial Times ကို တနင်္လာနေ့ ကစပြီး စမ်းသပ်ခဲ့တာလို့ ပြောသွားပါတယ်။

                ကျွမ်းကျင်သူများကတော့ ဒီလိုနည်းလမ်းမျိုးဟာ နောက်ပိုင်းမှာ Publisher တွေ အသုံးများလာနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။ ဆိုတော့ User တွေ ဘက်ကလည်း စက်အလေးခံမလား၊ Ads တွေ ကြည့်မလားဆိုတာ ရွေးချယ်ရတော့မလို ဖြစ်နေပြီလို့ ဆိုရမှာပါ။

References
The Verge
About Author
Assinged Tags
Ads Ad-Blocker Digital Coins Autoplay Audio Ads Autoplay Video Ads Cryptocurrency Monero Coins Coinhive Cryptocurrency Mining
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed