Gmail မှ ကြော်ငြာတွေအတွက် Mail တွေကို Scan ဖတ်ယူနေခြင်းကို ဒီနှစ်ကုန်မှာ ရပ်ဆိုင်းမည်

date_range 25 June 2017

Gmail မှ ကြော်ငြာတွေအတွက် Mail တွေကို Scan ဖတ်ယူနေခြင်းကို ဒီနှစ်ကုန်မှာ ရပ်ဆိုင်းမည်

visibility 340 Views

                ၂၀၀၄ ခုနှစ်ထဲက စတင်တည်ထောင်ခဲ့တဲ့ Gmail က လက်ရှိကျင့်သုံးနေတဲ့ Ads Personalization စနစ်ကို ယခုနှစ်ကုန်မှာ ရပ်ဆိုင်းလိုက်တော့မယ်လို့ ကြေငြာခဲ့ပါတယ်။ Ads Personalization စနစ်ဆိုတာ ကိုယ်ပို့ထားတဲ့ Mail တွေနဲ့ ကိုယ့်ဆီဝင်လာတဲ့ Mail တွေကို Scan ဖတ်ယူပြီး ကိုယ်နဲ့ ကိုက်ညီမှုရှိတဲ့ ကြော်ငြာတွေကို ပြသပေးတဲ့ စနစ်တစ်ခုဖြစ်ပါတယ်။

                အခုလိုကြေငြာလိုက်ပေမယ့် လုံးဝကြော်ငြာတွေကို မမြင်တွေ့ရတော့မှာမဟုတ်ဘဲ ပုံမှန်ကြော်ငြာတွေကိုတော့ မြင်တွေ့နေရဦးမှာပါ။ Ads Personalization Feature ကို Google Apps for Education နဲ့ Ads-Free ဖြစ်တဲ့ G Suite မှာ ပိတ်ပြီးသားဖြစ်ပေမယ့်၊ အခုမှ သာမန် Gmail Users တွေကိုလည်း ပိတ်ပေးတော့မှာဖြစ်ပါတယ်။ 

                ဒီနှစ်ကုန်ကစပြီး Ads Personalization စနစ်ကို ရပ်ဆိုင်းမယ်ဆိုပေမယ့်လည်း Mail တွေကို Scan ဖတ်တာ ရပ်ဆိုင်းမှာတော့ မဟုတ်ဘဲ၊ Smart Reply, Virus Scanning စတဲ့ Gmail Features တွေ လုပ်ဖို့အတွက်က Mail Scanning က မရှိမဖြစ် လိုအပ်နေဦးမှာပါ။ ပြီးတော့ Gmail မှာ ကြော်ငြာလုံးဝပြတော့မှာမဟုတ်ဘဲ၊ အခြား Google Account နဲ့တစ်ဆင့် အသုံးပြုတဲ့ Web Browsing နဲ့ အခြား Activity တွေကနေ ကြော်ငြာတွေကို ပြန်လည်စိစစ်ပြီး ဖော်ပြသွားမှာဖြစ်ပါတယ်။

                Email Scanning ဟာ နှစ်အတော်ကြာဝေဖန်ခံနေတဲ့ Google ရဲ့ စနစ်တစ်ခုဖြစ်ပြီး၊ တရားစွဲဆိုမှုအများအပြားလည်း ရင်ဆိုင်ခဲ့ရဖူးပါတယ်။ 

                Gmail ရဲ့ Ads Personalization စနစ်ကို လုံးဝမကြိုက်ရင် ပိတ်ပစ်နိုင်ပြီး၊ တကယ်လို့ ပိတ်ချင်တယ်ဆိုရင် ယခု Google Setting Link ကနေ သွားရောက်ပိတ်နိုင်မှာဖြစ်ပါတယ်။

References
9to5Mac Ars Technica The Verge
About Author
Assinged Tags
Gmail Ads Ads Personalization Mail Scanning
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed