Samsung Galaxy S8 ပေါ်မှာ Advertisements အချို့ မြင်တွေ့နေရ

date_range 15 June 2017

Samsung Galaxy S8 ပေါ်မှာ Advertisements အချို့ မြင်တွေ့နေရ

visibility 600 Views

                ကျွန်တော်တို့ စမတ်ဖုန်းတွေအသုံးပြုတဲ့အခါမှာ မမြင်ချင်ဆုံးက ဘယ်အရာဖြစ်မယ်လို့ထင်ပါသလဲ။ ကျွန်တော့်ကိုသာ မေးမယ်ဆိုရင်တော့ Advertisements တွေ စိတ်အနှောင့်အယှက်ဖြစ်ရလောက်အောင် ပေါ်ပေါ်လာတာလို့ ဖြေမိမှာပါ။ ကျွန်တော်တို့အနေနဲ့ စျေးကြီးပေး၀ယ်ထားတဲ့ ဖုန်းတစ်လုံးအထဲမှာ Ads တွေပါ၀င်လာတယ်ဆိုရင်ကော ဘယ်လိုခံစားမိမယ်ထင်ပါသလဲ။ 


                စိတ်မကောင်းစွာနဲ့ပဲ Samsung Galaxy S8 ရဲ့ Game Optimizing Service ဟာ Load Runner Classic ဆိုတဲ့ ဂိမ်းတစ်ခုကို အတင်းကြီးကြော်ငြာနေတာကို တွေ့မြင်နေရပါတယ်။ Game Optimizing Service ဆိုတဲ့နာမည်နဲ့ ဒီလိုကြော်ငြာတွေပြနေတာဟာ ဘယ်လိုမှကိုဆက်စပ် စဉ်းစားလို့မရတဲ့ ကိစ္စပဲဖြစ်ပါတယ်။ ဘာကြောင့်ဒီလိုပေါ်အောင်လုပ်ထားတယ် ဆိုတာကိုလည်း ဖြေရှင်းချက်မပေးထားသလို ဒီလိုတက်လာတဲ့ Notification တွေကိုလည်း မပေါ်အောင် တခြား App တွေလိုအလွယ်တကူ Block လုပ်ထားလို့မရပါဘူး (System App/Services တစ်ခုဖြစ်နေလို့ပါ)။ Clear ပဲလုပ်လို့ရမှာဖြစ်ပါတယ်။ 

                ကျွန်တော်တို့အနေနဲ့ ဒီလို Ads တွေပေါ်လာတာကို ပိတ်လိုက်လို့တော့ရပါတယ်။ Settings ထဲကနေ Advanced Features > Games (တကယ်လို့သာ Enable မလုပ်ထားခဲ့ရင် Enable အရင်လုပ်ပေးပါ) ထဲ၀င်ပြီး ညာဘက်အပေါ်ထောင့်က အစက်သုံးစက်ကိုနှိပ်၊ ပြီးတာနဲ့ Disable Marketing Information box လေးကို အမှန်ခြစ်ပေးလိုက်ရင် Ads တွေဆက်ပြီးပေါ်လာတော့မှာ မဟုတ်ပါဘူး။ ဒါပေမဲ့လည်း ဒီလိုလုပ်ပြီးတာတောင်မှ Ads တွေ တစ်ခါတလေပေါ်လာသေးတယ်လို့ ဆိုကြပါတယ်။

                Samsung Internet (Web Browser) အတွက် Adblock Plus ကိုထုတ်လုပ်ပေးခဲ့တဲ့ Samsung ဟာ ဘယ်လိုဖြစ်ပြီးတော့ ဒီ Game Optimizing Service ကနေ Push Notification ကိုအသုံးပြုပြီး Ads တွေပေါ်လာလဲ ဆိုတာကိုတော့ စဉ်းစားလို့မရပါဘူး။ Samsung လို နာမည်ရနည်းပညာကုမ္ပဏီကြီး တစ်ခုအနေနဲ့  System Service ကိုအသုံးပြုပြီး Ads တွေ Push မလုပ်သင့်ဘူးလို့လည်း မြင်မိပါတယ်။


References
Android Central
About Author
Assinged Tags
Samsung Android Samsung Galaxy Android App Samsung Galaxy S8 Samsung Phone Game Optimizing Service Ads Advertisement
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed