Workstation Notebook တွေဖြစ်တဲ့ ZBook 14u, ZBook 15u တို့အပြင် 4K Monitor တွေနဲ့အတူ Thunderbolt Dock ကိုပါ မိတ်ဆက်ပေးလိုက်တဲ့ HP

date_range 09 February 2018

Workstation Notebook တွေဖြစ်တဲ့ ZBook 14u, ZBook 15u တို့အပြင် 4K Monitor တွေနဲ့အတူ Thunderbolt Dock ကိုပါ မိတ်ဆက်ပေးလိုက်တဲ့ HP

visibility 380 Views

                HP အနေနဲ့ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ ၇ ရက်နေ့တုန်းက Webcam Cover ပါဝင်တဲ့ 5th Generation EliteBook မော်ဒယ် ၃ မျိုးနဲ့အတူ Workstation Notebook တွေဖြစ်တဲ့ HP ZBook မော်ဒယ် ၂ မျိုး၊ 4K Monitor တွေနဲ့ Thunderbolt Dock တို့ကို မိတ်ဆက်သွားခဲ့ပါတယ်။

HP ZBook 14u, ZBook 15u

                HP ရဲ့ Entry-Level Workstation Notebook မော်ဒယ်သစ်တွေဖြစ်တဲ့ HP ZBook 14u နဲ့ ZBook 15u တို့ဟာ အရင်တုန်းက ထွက်ရှိထားတဲ့ ZBook တွေလို MIL-STD-810G အသိအမှတ်ပြုခံရတဲ့ အပြင် အခြား MIL-STD စမ်းသပ်မှု နှစ်မျိုးဖြစ်တဲ့ ကွေးဆန့်နိုင်စွမ်း စမ်းသပ်မှု၊ ပြုတ်ကျခံနိုင်စွမ်း စမ်းသပ်မှုတွေကိုပါ အောင်မြင်ထားတဲ့ Workstation Notebook တွေ ဖြစ်ပါတယ်။

                ဒါ့အပြင် ZBook 14u နဲ့ 15u ဟာ Energy Star အသိအမှတ်ပြု ZBook တွေ ဖြစ်တဲ့အပြင် Epeat Gold အဖွဲ့ဝင် Workstation Notebook တွေလည်း ဖြစ်ပါတယ်။ ZBook 14u G5 ဟာဆိုရင် ကမ္ဘာ့အသေးငယ်ဆုံး Workstation တစ်ခု ဖြစ်တယ်လို့ HP က ညွှန်းဆိုထားပါတယ်။ ZBook 14u ဟာ အလေးချိန် 1.48 kg သာ ရှိပြီး 17.9 mm သာ ထူတယ်လို့ သိရပါတယ်။

                ZBook 14u နဲ့ 15u Notebook တွေမှာ Intel ရဲ့ Core vPro Processor တွေဖြစ်တဲ့ 8th Generation Core i5 နဲ့ Core i7 Processor တွေ အသုံးပြုထားပြီး Graphic ပိုင်း အတွက် AMD ရဲ့ Radeon Pro Graphic ကို အသုံးပြုထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် Intel ရဲ့ Core X CPU တွေကိုလည်း ZBook 14u နဲ့ 15u တို့က Support လုပ်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

                ZBook 14u နဲ့ 15u မော်ဒယ်နှစ်ခုလုံးမှာ RAM အနေနဲ့ 32GB ပါဝင်မှာ ဖြစ်ပြီး Storage ပိုင်းအတွက်ကိုတော့ 256GB SSD ကနေ 1TB SSD အထိ ရွေးချယ် ဝယ်ယူနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် Zbook 14u G5 နဲ့ 15u G5 မော်ဒယ် နှစ်မျိုးလုံးကို Full HD Display ဒါမှမဟုတ် Anti-Glare နည်းပညာ အသုံးပြု 4K Display ဆိုပြီး နှစ်မျိုး ရွေးချယ် ဝယ်ယူနိုင်ဦးမှာပါ။

                HP ZBook 14u G5 ကို ကန်ဒေါ်လာ ၁,၀၉၉ ဒေါ်လာ၊ ZBook 15u G5 ကို ကန်ဒေါ်လာ ၁,၁၀၉ ဒေါ်လာနဲ့ အမေရိကန်နိုင်ငံမှာ ယခုလအတွင်း စတင် ရောင်းချသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

HP Thunderbolt Dock G2


                အသစ်မိတ်ဆက်ပေးလိုက်တဲ့ HP Thunderbolt Dock G2 ဟာဆိုရင် HP Device တွေနဲ့မှ တွဲဖက် အသုံးပြုနိုင်တာမျိုး မဟုတ်ပါဘူး။ Thunderbolt နဲ့ USB Type-C ပါဝင်တဲ့ Device အားလုံးနဲ့ တွဲဖက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ 4K Display နှစ်ခုအထိ Support လုပ်ပေးနိုင်မှာဖြစ်ပြီး၊ Audio Conferencing Module လည်း ပါဝင်မှာ ဖြစ်ပါတယ်။ Thunderbolt Dock G2 ကို အမေရိကန်နိုင်ငံမှာ မေလ အတွင်း ရောင်းချလာနိုင်တယ်လို့ သိရပြီး စျေးနှုန်းအတိအကျကိုတော့ HP ဘက်က ထုတ်ဖေါ်ပြောကြားခြင်း မရှိသေးပါဘူး။

HP 4K Displays

                အသစ် မိတ်ဆက်ပေးလိုက်တဲ့ HP EliteDisplay S270n ဟာဆိုရင် USB Type-C ကနေ တစ်ဆင့် Display နဲ့ ချိတ်ဆက်ထားတဲ့ Laptop ဒါမှမဟုတ် PC ကို အားပြန်သွင်း ပေးနိုင်တဲ့ HP ရဲ့ ပထမဆုံး 4K Display ဖြစ်တယ်လို့ သိရပါတယ်။


                S270n နဲ့ အတူ HP ZBook တွေနဲ့ တွဲဖက် အသုံးပြုနိုင်ရန် အတွက် ရည်ရွယ်ပြီး ထုတ်လုပ်ထားတဲ့ 4K Display တွေ ဖြစ်တဲ့ ၂၇ လက်မ အရွယ်အစားရှိ HP Z27၊ ၃၂ လက်မ အရွယ်အစားရှိ HP Z32၊ ၄၃ လက်မ အရွယ်အစားရှိ HP Z43 တို့ကိုလည်း မိတ်ဆက်ပေးခဲ့ပါတယ်။ HP Z43 ဟာဆိုရင် HP က ထုတ်လုပ်တဲ့ 4K Display တွေထဲမှာ အကြီးမားဆုံး 4K Display တစ်ခု ဖြစ်တယ်လို့လည်း သိရပါတယ်။

                HP အနေနဲ့ EliteDisplay S270n ကို ကန်ဒေါ်လာ ၅၄၉၊ Z27 ကို ကန်ဒေါ်လာ ၅၅၉၊ Z32 ကို ကန်ဒေါ်လာ ၇၉၉၊ Z43 ကို ကန်ဒေါ်လာ ၈၉၉ နဲ့ အမေရိကန်နိုင်ငံမှာ စတင် ရောင်းချနေပြီ ဖြစ်တယ်လို့ သိရပါတယ်။

This Article is contributed by Phyo Kyaw Swar.
References
Gadgets NDTV
About Author
Assinged Tags
HP HP Laptops Thunderbolt Thunderbolt 3 Monitor HP Workstation Notebooks HP Thunderbolt Dock HP 4K Displays
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed