HP Laptop တစ်ချို့မှာ ကီးဘုတ်ကရိုက်သမျှကို မှတ်ထားနိုင်တဲ့ Keylogger ပါဝင်လာကြောင်း တွေ့ရှိ ( Update: HP Issues Fix)

date_range 15 May 2017

HP Laptop တစ်ချို့မှာ ကီးဘုတ်ကရိုက်သမျှကို မှတ်ထားနိုင်တဲ့ Keylogger ပါဝင်လာကြောင်း တွေ့ရှိ ( Update: HP Issues Fix)

visibility 2100 Views

                HP Elitebook, ProBook နဲ့ ZBook မော်ဒယ်အပါအဝင် HP Laptop နဲ့ Tablets မော်ဒယ်နှစ်ဆယ်ကျော်မှာ Keylogger Program တစ်ခု အစကတည်းက ပါဝင်နေတာကို တွေ့ရှိခဲ့ကြောင်း လုံခြုံရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ ModZero က မေလ ၁၁ ရက်နေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

                ယခုသတင်းကို HP ကုမ္ပဏီဘက်ကလည်း ဝန်ခံထားပြီး၊ အဆိုပါ Laptop မော်ဒယ်တွေမှာ အသုံးပြုထားတဲ့ Audio Driver တစ်ခုမှာ Keylogger Feature တစ်ရပ် ပါဝင်နေတာဖြစ်တယ်လို့ ဆိုပါတယ်။

                နောက်ဆုံးထွက် HP Folio G1 Laptop အပါအဝင် HP Laptop တော်တော်များများမှာပါတဲ့ Conexant HD Audio Driver Package ( version 1.0.0.46 နဲ့ အစောပိုင်း versions) မှာ Keylogger လုပ်ဆောင်ချက်မျိုး ပါဝင်နေတာကို ဆွစ်ဇာလန်အခြေစိုက် နည်းပညာလုံခြုံရေးကုမ္ပဏီ ModZero က စတင်တွေ့ရှိခဲ့တာပါ။

                အဆိုပါ Keylogger Program ဟာ User ရိုက်သမျှ Keystorke တွေကို Log file တစ်ခုအနေနဲ့ မှတ်သားထားတာဖြစ်ပြီး၊ User တစ်ယောက်ရဲ့ အရေးကြီးအချက်အလက်တွေ၊ Password တွေအကုန် Log File ထဲ ရောက်နေတာဖြစ်ပါတယ်။ Malware တစ်ခု ဒါမှမဟုတ် ဒီ Driver ပါတဲ့ ကွန်ပျူတာကို Access ရသူတစ်ယောက်ယောက်ကသာ ဒီ Keylog File ကို ရသွားရင် Username နဲ့ Password အပါအဝင် အရေးကြီးဒေတာတွေကို နှိုက်ယူသွားနိုင်တာကြောင့် တော်တော်ဆိုးတဲ့ Security Flaw လို့ ဆိုရမှာပါ။

                HP ကုမ္ပဏီ ဒုဥက္ကဌဖြစ်သူ Mike Nash ကတော့ အဆိုပါ Keystroke Logging Code ဟာ Debugging Code တစ်ခုဖြစ်ပြီး၊ Audio Driver ထုတ်ထားတဲ့ Conexant ကုမ္ပဏီဘက်က ပြန်မဖြုတ်ပဲ မတော်တဆထားခဲ့မိတာ ဖြစ်တယ်လို့ ဖြေရှင်းထားပါတယ်။ HP ကုမ္ပဏီအနေနဲ့ User ရိုက်သမျှမှတ်ထားနိုင်တဲ့ Software မျိုးကို ထည့်သွင်းဖို့ ရည်ရွယ်ချက်လုံးဝမရှိပါကြောင်းလည်း Mike Nash က ပြောကြားခဲ့ပါတယ်။

“ PC (Laptop) တွေ တင်ပို့ရောင်းချတဲ့အခါ ဒါတွေကို ဖြုတ်ထားခဲ့ရမှာပါ။ Development Process မှာ တုန်းက သုံးခဲ့ပြီးတော့ ပြန်မဖြုတ်ဘဲ မေ့ခဲ့တာဖြစ်ပါတယ်”

                လို့ သူက ဆိုပါတယ်။

                Conexant ရဲ့ Audio Driver ကို ၂၀၁၅ ခုနှစ် HP Laptop တစ်ချို့ကနေ စပြီး၊ အခု ၂၀၁၇ နောက်ဆုံးမော်ဒယ်တွေ အထိပါ တွေ့မြင်ရတာကြောင့် Keylogger အန္တရာယ်ရှိတဲ့ User ဦးရေကတော့ နည်းမှာမဟုတ်ပါဘူး။

(Updated) HP ကုမ္ပဏီအနေနဲ့ ဒီပြဿနာကို ယခုအခါ ဖြေရှင်းပေးလိုက်ပြီဖြစ်ပြီး၊ ကိုယ့် HP Laptop က အန္တရာယ်ရှိစာရင်းထဲမှာ ပါတယ်ဆိုရင် သောကြာနေ့က ထွက်ရှိတဲ့ Windows Update လုပ်ပေးလိုက်ရင် ရပြီလို့ သိရပါတယ်။ User တွေအနေနဲ့ Windows Update မလုပ်ခင်မှာ အရင်ကသိမ်းထားတဲ့ Backups တွေအကုန်လုံးပါ ဖျက်ပေးဖို့ လိုမှာပါ။ Windows Update ကနေမဟုတ်ဘဲ၊ HP.com ကိုသွားပြီးလည်း ကိုယ့် Laptop Model ကို ရွေးကာ Audio Driver Update လည်း လုပ်နိုင်ပါတယ်။
References
Gadgets NDTV
About Author
Assinged Tags
HP Security HP Laptops Keylogger Conexant Audio Driver Fix
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed