တန်ဖိုးနည်း စမတ်ဖုန်းတွေမှာပါ Portrait Mode ရရှိနိုင်စေမယ့် ISOCELL Dual Image Sensor နဲ့ Software ကို Samsung မိတ်ဆက်

date_range 08 February 2018

တန်ဖိုးနည်း စမတ်ဖုန်းတွေမှာပါ Portrait Mode ရရှိနိုင်စေမယ့် ISOCELL Dual Image Sensor နဲ့ Software ကို Samsung မိတ်ဆက်

visibility 880 Views

                ယနေ့ခေတ် နည်းပညာလောကမှာ စမတ်ဖုန်း ကုမ္ပဏီကြီးတွေရဲ့  ပြိုင်ဆိုင်မှုတွေက တနေ့ထက်တနေ့ ပြင်းထန်လို့လာပါတယ်။ အထူးသဖြင့် စမတ်ဖုန်း ကင်မရာပိုင်းမှာ ပြိုင်ဆိုင်မှုတွေ ပိုမိုပြင်းထန်လာပါတယ်။ Huawei တို့က ထုတ်သမျှ ဖုန်းတိုင်းမှာ ကင်မရာ ၄ လုံးထည့်လာတာ ဖြစ်တဲ့အတွက် Samsung ကလည်း အားကျမခံ တန်ဖိုးနည်း စမတ်ဖုန်းတွေမှာပါ Protrait Mode ရရှိနိုင်စေမယ့် ISOCELL Dual Image Sensor နဲ့ Software ကို မိတ်ဆက်လိုက်ပါတယ်


                အရင်တုန်းကတော့ Portrait Mode ဆိုတာ Flagship တွေအတွက် သီးသန့် Feature တစ်ခုလို ဖြစ်နေခဲ့ပေမယ့် နောက်ပိုင်းမှာတော့ စမတ်ဖုန်းကုမ္ပဏီတွေဟာ သူနဲ့ငါ အပြိုင်အဆိုင် တန်ဖိုးနည်း စမတ်ဖုန်းတွေမှာပါ Dual Camera Setup ကို ထည့်သွင်းလာပြီ ဖြစ်တာကြောင့် Samsung အနေနဲ့ Flagship တွေမှာတင် မဟုတ်ပဲ Mid-Range မကလို Budget စမတ်ဖုန်းပဲ ဖြစ်နေပါစေ Portrait Mode ရရှိနိုင်စေမယ့် Dual Image Sensor နဲ့ Software ကို မိတ်ဆက်ပေးရတာလည်း ဖြစ်ပါတယ်။

                ဒီနည်းပညာက မကြာသေးမီက မိတ်ဆက်ခဲ့တဲ့ Samsung ရဲ့ ISOCELL Dual Image Sensor ကို Software ပိုင်း အထူးလုပ်ဆောင်ချက်တွေနဲ့ ပေါင်းစပ်ပြီး ဖန်တီးထားခြင်း ဖြစ်တယ်လို့ သိရပါတယ်။ နောက်ခံ Background တွေကို ဝါးသွားအောင် ရိုက်ကူးပေးနိုင်တဲ့ Portrait Mode နဲ့ ညဘက်အလင်းရောင် နည်းတဲ့အချိန်မှာတောင် အရည်အသွေးကောင်းတဲ့ ဓာတ်ပုံတွေကို ရိုက်ကူးနိုင်မှာပါ။

                အခုမိတ်ဆက်လိုက်တဲ့ Samsung ရဲ့ ISOCELL Dual Image Sensor နဲ့ Software ကို Samsung ထုတ် စမတ်ဖုန်းတွေမှာတင် မဟုတ်ပဲ တခြား စမတ်ဖုန်း ကုမ္ပဏီတွေလည်း အသုံးပြုနိုင်မယ်လို့ သိရပါတယ်။ Samsung အနေနဲ့ အခုအချိန်ကစပြီး ISOCELL Dual Image Sensor တွေကို အမြောက်အများ ထုတ်လုပ်နေပြီလို့ သိရပါတယ်။

                ဒါပေမယ့် Samsung အနေနဲ့ Portrait Mode နဲ့ Low-Light အတွက်ကိုတော့ Module တွေ သက်သက်ခွဲထားမှာ ဖြစ်ပါတယ်။ Portrait Mode အတွက်ကိုတော့ 13-megapixel and 5-megapixel sensors တွေပါဝင်တဲ့ Module တွေ ထုတ်လုပ်သွားမှာဖြစ်ပြီး Low-Light အတွက်ကိုတော့ 8-megapixel sensors နှစ်လုံး ပါဝင်တဲ့ Module တွေ ထုတ်လုပ်သွားမှာပါ။

This Article is contributed by Thaw Zin.
References
The Verge
About Author
Assinged Tags
Samsung Dual Camera Smartphone Dual Camera Dual Lens Camera Image Sensors ISOCELL Dual Image Sensors Image Sensing Software
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed