ဘေကျင်းမြို့ပေါ်က Apple Store အတုကို ပိတ်ပစ်ခဲ့ပြီး အခြား Store အတုတွေကိုလည်း စုံစမ်းစစ်ဆေးသွားမယ့် တရုတ်အစိုးရ

date_range 08 February 2018

ဘေကျင်းမြို့ပေါ်က Apple Store အတုကို ပိတ်ပစ်ခဲ့ပြီး အခြား Store အတုတွေကိုလည်း စုံစမ်းစစ်ဆေးသွားမယ့် တရုတ်အစိုးရ

visibility 740 Views

                တရုတ်အစိုးရ အနေနဲ့ ၆ ရက်နေ့တုန်းကလည်း နိုင်ငံတွင်း Cryptocurrency ရောင်းဝယ် ဖောက်ကားမှုတွေကို ပိတ်ပစ်ခဲ့ပြီး စည်းကမ်းအသစ်တွေလည်း ချမှတ်ခဲ့သလို ဒီနေ့မှာတော့ ဘေကျင်းမြို့ပေါ်က Apple Store အတုကို ပိတ်ပစ်ခဲ့ပြီး ပိုင်ရှင်ကိုလည်း ကန်ဒေါ်လာ ၄၃,၀၀၀ ဒဏ်ကြေးနဲ့အတူ လုပ်ငန်းလုပ်ကိုင်ခွင့်ကိုလည်း တစ်သက်တာ ပိတ်ပစ်ခဲ့တယ်လို့ သိရပါတယ်။

                နိုင်ငံခြားက Brand တွေ၊ ပိုင်ဆိုင်မှုတွေနဲ့ ပက်သက်ပြီး စိတ်ဝင်စားမှု လုံးဝ မရှိတဲ့ တရုတ်အစိုးရ အနေနဲ့ အခုလိုမျိုး ပြုလုပ်ခဲ့တာဟာ စိတ်ဝင်စားဖို့တော့ ကောင်းပါတယ်။ အကြောင်းအရင်းကိုတော့ အတိအကျ မသိရပေမယ့် ခန့်မှန်းရရင် တရုတ်ပြည်သူ၊ ပြည်သားတွေ ဒီလို Store အတုတွေကြောင့် ဒုက္ခရောက်တာတွေ များလာလို့ပဲ ဖြစ်နိုင်ပါတယ်။

                ဘယ် Electronic ပစ္စည်း၊ ဘယ် Brand မဆို ပစ္စည်းအတု ထုတ်လုပ်နိုင်တဲ့ တရုတ်နိုင်ငံတွင်းမှာ ဒီလိုမျိုး Store အတုတွေ ပေါများနေတာကလည်း မဆန်းပါဘူး။ တရုတ်နိုင်ငံက သတင်းမီဒီယာတစ်ခုဖြစ်တဲ့ SCMP ရဲ့ Website မှာတော့ အခုပိတ်ပစ်လိုက်တဲ့ Apple Store အတုမှာ ဝန်ထမ်းတွေကလည်း တကယ့် Apple Store ကလို Apple Logo နဲ့ Uniform တွေ ဝတ်ထားကြပြီး Apple Product အတုတွေကို ရောင်းချနေတယ်လို့ ရေးသားထားပါတယ်။

                ပစ္စည်းအတုတွေ ရောင်းချတာတင် မဟုတ်သေးပါဘူး။ သွားပြင်တယ်ဆိုရင်လည်း အပိုပစ္စည်းအတုတွေ လဲပေးလိုက်တယ်လို့ သိရပါတယ်။ အပိုပစ္စည်းအတုတွေ လဲပေးလိုက်တာ ဖြစ်တဲ့အတွက် အသုံးပြုသူတွေဘက်မှာ ထိခိုက်နစ်နာမှုတွေ ရှိလာတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဒီ Store အတုကို ပိတ်ပစ်ရတာဖြစ်ပြီး ပစ္စည်းအတုတွေကိုလည်း သိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်။

                တရုတ်နိုင်ငံမှာ တစ်နေ့တစ်ခြား Store အတုတွေ ပေါများလာပြီး တစ်ချို့ Store အတုတွေဆိုရင် အစစ်နဲ့တောင် ခွဲလို့မရဘူးလို့ ဆိုပါတယ်။ နောက်ပြီး ပိုဆိုးတာက ဝန်ထမ်းတွေကိုလည်း သူတို့ကိုယ်သူတို့ တကယ့် Apple Store မှာ လုပ်နေရတယ်လို့ ထင်အောင်လည်း ပိုင်ရှင်တွေလည်း လိမ်လည်ပြောဆိုထားပါသေးတယ်။

                အခုလိုမျိုး အတုနဲ့ အစစ်တောင် ခွဲမရတော့တဲ့ အခြေအနေမှာတော့ တရုတ်အာဏာပိုင်တွေကိုယ်တိုင် ပါဝင်ရပြီဖြစ်ပြီး နောက်ထပ် Store အတုတွေကိုလည်း စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်ပြုလုပ်သွားမှာဖြစ်ပြီး Store အတု ဖြစ်ခဲ့မယ်ဆိုရင်တော့ အရေးယူသွားမယ်လို့ သိရပါတယ်။

References
9to5Mac SCMP
About Author
Assinged Tags
Apple Store Apple Fake iPhones Fake iPads Fake Apple Products Fake Products Smuggling
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed