iPhone Display ကို အပြင် Service ဆိုင်မှာပြင်တာ Apple Warranty ကိုမထိခိုက်တော့ကြောင်း Apple ပြောကြား

date_range 25 February 2017

iPhone Display ကို အပြင် Service ဆိုင်မှာပြင်တာ Apple Warranty ကိုမထိခိုက်တော့ကြောင်း Apple ပြောကြား

visibility 1250 Views

                အရင်က iPhone Display တစ်ခုခုဖြစ်သွားလို့ Apple Store (ဒါမှမဟုတ်) Apple က အသိမှတ်ပြုထားတဲ့ Service ဆိုင်မှာ မပြင်ခဲ့ဘူးဆိုရင် Apple က ပေးထားတဲ့ တစ်နှစ် Warranty ဟာ အကျုံးမဝင်တော့ပါဘူး။ 

                ဒီနေ့မှာတော့ Apple က Apple ရဲ့ တစ်နှစ် Warranty (ဒါမှမဟုတ်) Apple Care ရှိတဲ့ iPhone တွေရဲ့ Display တစ်ခုခုဖြစ်သွားလို့ Unauthorized ဆိုင်မှာ ပြင်ခဲ့တယ်ဆိုရင်တောင် Apple ရဲ့ တစ်နှစ် Warranty ရော၊ Apple Care Warranty ရောပါ မထိခိုက်တော့ပါဘူး လို့ပြောထားပါတယ်။ ဒီသတင်းကို သောကြာနေ့က Apple Store ဝန်ထမ်းတွေဆီ ပေးပို့ခဲ့တဲ့ ကုမ္ပဏီတွင်းသတင်းထုတ်ပြန်ချက်မှာ ရေးသားဖော်ပြထားတာဖြစ်ပြီး၊ MacRumors ဝဘ်ဆိုဒ်ကနေ စတင်ပေါက်ကြားခဲ့တာဖြစ်ပါတယ်။

                ဒါပေမယ့် Unauthorized ဆိုင်မှာပြင်ပြီးသား iPhone က တစ်ခုခုအဆင်မပြေခဲ့လို့ Apple Store (ဒါမှမဟုတ်) Apple က အသိမှတ်ပြုထားတဲ့ Service ဆိုင်မှာ ပြန်သွားပြမယ်ဆိုရင်တော့ ပြန်လည်စစ်ဆေးခြင်းခံရပါလိမ့်မယ်။

                ဒါ့အပြင် အဲ့ဒီလို iPhone တွေဟာ Apple Warranty (ဒါမှမဟုတ်) AppleCare ရှိရပါ့မယ်။ နှစ်ခုစလုံးမရှိဘူးဆိုတော့ Out-Of-Warranty ကြေးထပ်မံပေးဆောင်ရမှာဖြစ်ပြီး၊ မပေးဆောင်ပါက အဲ့ဒီ iPhone ကို ပြင်ပေးသွားမှာ မဟုတ်ပါဘူး။

References
Mac Rumors
About Author
Assinged Tags
iPhone Apple Store AppleCare Retina Display Repair Program
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed