“အကောင်းဆုံးနဲ့ နောက်ဆုံးကမ်းလှမ်းမှု” အနေဖြင့် Qualcomm ကို ကန်ဒေါ်လာ ၁၂၁ ဘီလီယံ တန်ကြေးနဲ့ ဈေးခေါ်လိုက်တဲ့ Broadcom

date_range 06 February 2018

“အကောင်းဆုံးနဲ့ နောက်ဆုံးကမ်းလှမ်းမှု” အနေဖြင့် Qualcomm ကို ကန်ဒေါ်လာ ၁၂၁ ဘီလီယံ တန်ကြေးနဲ့ ဈေးခေါ်လိုက်တဲ့ Broadcom

visibility 900 Views

                Broadcom အနေနဲ့ Qualcomm ကို မနေ့ကတုန်းက “အကောင်းဆုံးနဲ့ နောက်ဆုံးကမ်းလှမ်းမှု” အနေဖြင့် ကန်ဒေါ်လာ ၁၂၁ ဘီလီယံ တန်ကြေးနဲ့ တရားဝင် ဈေးခေါ်လိုက်တယ်လို့ သိရပါတယ်။ အကယ်လို့သာ Qualcomm က ဒီကမ်းလှမ်းချက်ကို လက်ခံခဲ့မယ်ဆိုရင်တော့ နည်းပညာလောကရဲ့ သမိုင်းတစ်လျှောက်မှာ တန်ကြေးအမြင့်ဆုံး ဝယ်ယူမှုကြီး ဖြစ်လာမှာပါ။

                နောက်ပြီး Broadcom အနေနဲ့ ဒီကမ်းလှမ်းချက်ကို “အကောင်းဆုံးနဲ့ နောက်ဆုံးလှမ်းမှု” လို့ ပြောထားတာ ဖြစ်တဲ့အတွက် အခုတစ်ခေါက်မှာ Qualcomm ဘက်က “ဟင့်အင်း” ဆိုရင်တော့ Broadcom က Qualcomm ကို နောက်ထပ် ကမ်းလှမ်းမှုတွေ မလုပ်တော့ဘူးဆိုတဲ့ ပုံစံပါပဲ။ တစ်ဖက်မှာလည်း “အကောင်းဆုံးကမ်းလှမ်းမှု” လို့ ပြောထားသေးတာ ဖြစ်တဲ့အတွက် Broadcom ဘက်က Qualcomm အတွက် အကောင်းဆုံး ကမ်းလှမ်းမှု ပေးလိုက်တာဖြစ်တယ်လို့ ယူဆရမှာပါ။

                ဒါပေမယ့် Qualcomm ရဲ့ ဒါရိုက်တာတွေ အတွက်ကတော့ ကန်ဒေါ်လာ ၁၂၁ ဘီလီယံဆိုတဲ့ မြင့်မားလှတဲ့ တန်ကြေးက ဖိအားတွေ ပေးလိုက်ပြီ ဖြစ်ပါတယ်။ နောက်ပြီး Broadcom ဘက်က ဒီလောက် တန်ကြေးမြင့်မားတဲ့ ကမ်းလမ်းမှုမျိုး လုပ်လိုက်ရတဲ့ အကြောင်းအရင်းကလည်း Apple တို့ Samsung တို့လို ကုမ္ပဏီတွေက စမတ်ဖုန်း Market မှာ လွှမ်းမိုးထားနိုင်တာကို အကြောင်းပြပြီး Chip ထုတ်လုပ်မှု ဈေးနှုန်းတွေကို လျော့ချပေးဖို့ ညှိနှိုင်းနေတာကြောင့်လည်း ဖြစ်ပါတယ်။

                Qualcomm ကုမ္ပဏီရဲ့ ဘုတ်အဖွဲ့ဝင် ဒါရိုက်တာတွေကတော့ အခု နောက်ဆုံးကမ်းလှမ်းမှုကို ခေါင်းချင်းဆိုင် တိုင်ပင်သွားကြမှာဖြစ်ပြီး လက်ခံမယ်၊ လက်မခံဘူး ဆိုတာတွေကိုတော့ ဖြေကြားပေးဖို့ ငြင်းဆန်သွားခဲ့ကြပါတယ်။ မနေ့ကတုန်းက ထွက်ရှိခဲ့တဲ့ “Apple က မျိုးဆက်သစ် iPhone တွေမှာ Intel Modem တွေပဲ သုံးတော့မယ်” ဆိုတဲ့ ကောလဟာလ သတင်းတစ်ပုဒ်ကြောင့် Qualcomm ရဲ့ ရှယ်ယာတွေလည်း ၄.၃% အထိ ထိုးကျခဲ့ရပြီး Qualcomm ဟာ Broadcom လက်အောက် ရောက်သွားမလား ဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာပါ။

References
Reuters AndroidPolice
About Author
Assinged Tags
Qualcomm Deal Broadcom
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed