Tablet တွေ၊ 2-in-1 Laptop တွေမှာ Android ကို Chrome OS နဲ့ အစားထိုးဖို့ အဆင်သင့်ပြင်နေတဲ့ Google

date_range 05 February 2018

Tablet တွေ၊ 2-in-1 Laptop တွေမှာ Android ကို Chrome OS နဲ့ အစားထိုးဖို့ အဆင်သင့်ပြင်နေတဲ့ Google

visibility 420 Views

                မကြာသေးမီကမှ ထွက်ရှိလာတဲ့ Chrome OS Update, Version 64 မှာ Tablet တွေ၊ 2-in-1 Laptop တွေအတွက် ဦးစားပေးထားတဲ့ Feature သစ်တွေဖြစ်တဲ့ Split-Screen Mode နဲ့ Screenshot Feature တို့ စတင် ပါဝင်လာပါတယ်။ နောက်ပြီး ဒီ Feature တွေကို Android ကနေ ပြန်ယူထားတာလည်း ဖြစ်ပါတယ်။

                ဒီတော့ Feature သစ်လေးတွေ ပါဝင်လာတာနဲ့များ Tablet တွေ၊ 2-in-1 Laptop တွေမှာ Chrome OS က Android ကို အစားထိုးနိုင်ဖို့ အဆင်သင့် ဖြစ်နေပြီလို့ ပြောလို့ရလို့လား? လို့ မေးစရာရှိလာပါတယ်။ Google ရဲ့ Chome OS Developer တွေနဲ့ Android Developer တွေ အနေနဲ့ Chrome OS က ကောင်းကျိုးတွေနဲ့ Android က ကောင်းကျိုးတွေ အားလုံးကို ပေါင်းစပ်နိုင်ဖို့အတွက် ခေါင်းချင်းဆိုင် ကြိုးစားနေကြတာ အချိန်အတော် ကြာခဲ့ပါပြီ။

                ရလာဒ်အနေနဲ့ အခု Chrome OS Update မှာလည်း Android ကလို Feature တွေ ထည့်သွင်းပေးနိုင်ခဲ့သလို၊ အရင်လတုန်းကလည်း Google အနေနဲ့ Chromebook တွေမှာ Android Apps တွေကို Background မှာ Run နိုင်အောင် လုပ်ပေးခဲ့ပြီး ၂၀၁၇ ဇူလိုင်လတုန်းကလည်း Chrome OS ကို Tablet Mode မှာ ပိုပြီး အဆင်ပြေပြေ အသုံးပြုနိုင်ဖို့အတွက် ဒီဇိုင်းပြုပြင်မှုတွေ လုပ်ပေးခဲ့ပါတယ်။

                ဒါပေမယ့်လည်း Google အနေနဲ့ လိုချင်တဲ့ ပစ်မှတ်ကို ထိအောင်ပစ်နိုင်ဖို့အတွက် နှစ်တွေအများကြီး ကြာမြင့်ဦးမယ်လို့ ကျွမ်းကျင်သူများက ခန့်မှန်းထားပါတယ်။ Google အနေနဲ့ Chrome OS အသုံးပြု Pixelbook ကို မိတ်ဆက်ပေးခဲ့ပေမယ့်လည်း ဈေးကြီးတာရယ်၊ Android Apps တွေက Chrome OS မှာ Flexible မဖြစ်တာရယ်၊ Stylus Support ကောင်းကောင်း မရရှိသေးတာရယ်၊ စတာတွေကြောင့် အောင်မြင်မှုမရရှိခဲ့ပါဘူး။

                သို့ပေမယ့် အခုထွက်ရှိလာတဲ့ Chrome OS Update နဲ့ ဆိုရင်တော့ Pixelbook အသုံးပြုသူတွေ အရင်ကထက် ပိုပြီး အဆင်ပြေသွားလိမ့်မယ်လို့ ကျွမ်းကျင်သူများက ပြောထားပါတယ်။ Google အနေနဲ့ Pixelbook ကို မိတ်ဆက်ခဲ့ပြီးပြီ ဖြစ်တဲ့အတွက် ဒီနှစ်ထဲမှာပဲ မျိုးဆက်သစ် Pixelbook ကို မိတ်ဆက်ပေးဖို့ဆိုတာ သေချာသလောက် ရှိနေပါတယ်။

                ကျွမ်းကျင်သူများကတော့ လာမယ့် မေလထဲမှာ ကျင်းပသွားမယ့် Google I/O မှာ မိတ်ဆက်ပေးသွားမယ်လို့တော့ ခန့်မှန်းထားကြပါတယ်။ ဒါကြောင့်လည်း အသည်းအသန် Chrome OS Update တွေ ထုတ်ပေးနေတာလို့လည်း သိရပါတယ်။ ဆိုတော့ Google အနေနဲ့ Chrome OS ကို အနာဂါတ်မှာ စာသင်ခန်းတွေမှာတင် မဟုတ်ပဲ Tablet တွေ၊ 2-in-1 Laptop ဈေးကွက်မှာလည်း Android လိုမျိုး Mobile ဈေးကွက်တစ်ခုလုံးကို လွှမ်းမိုးထားနိုင်မယ့် OS တစ်ခု ဖြစ်လာအောင် ပြုလုပ်တော့မယ်ဆိုတာ သေချာနေပါတယ်။

References
The Verge Xda Developers
About Author
Assinged Tags
Google Android Hybrid Laptop Tablet Chromebook Chrome OS
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed