တရုတ်နှစ်သစ်ကူးပွဲတော်အတွက် “Gold” Razer Phone ကို မိတ်ဆက်ရောင်းချလိုက်တဲ့ Razer

date_range 05 February 2018

တရုတ်နှစ်သစ်ကူးပွဲတော်အတွက် “Gold” Razer Phone ကို မိတ်ဆက်ရောင်းချလိုက်တဲ့ Razer

visibility 900 Views

                ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာ စတင်ကျင်းပတော့မယ့် တရုတ်နှစ်သစ်ကူးပွဲတော်ကို ကြိုဆိုတဲ့အနေနဲ့ Razer က “Gold” Razer Phone ကို မိတ်ဆက်ရောင်းချလိုက်တယ်လို့ သိရပါတယ်။ Special Edition Razer Phone ဖြစ်တဲ့အတွက် ထုတ်ပိုးမှုပုံစံကအစ ပြောင်းလဲထားပါတယ်။

                ထုတ်ပိုးမှုပုံစံကို တရုတ်နှစ်သစ်ကူးပွဲတော်မှာ အမ်ပေါင်းပေးတဲ့အခါကျရင် ပိုက်ဆံထည့်ပေးလေ့ရှိတဲ့ စာအိပ်ပုံစံလိုမျိုး အနီရောင်နဲ့ ရွှေရောင်စပ်ပြီး ပြုလုပ်ပေးထားပါတယ်။ ကြည့်ရတာ Razer အနေနဲ့ Razer Phone ကို အမ်ပေါင်းပေးချင်တယ် ဆိုရင်တောင်မှ အဆင်ပြေတယ်ဆိုတဲ့ ပုံစံမျိုး လုပ်ပေးထားတာပါပဲ။


                ဗူးအတွင်းထဲမှာလည်း Razer ရဲ့ မြွေသုံးကောင် Logo ကို ရွှေရောင်နဲ့စပ်ထားတဲ့ Razer Sticker တွေအပြင် User Manual တွေကိုလည်း အမ်ပေါင်းပေးတဲ့ စာအိပ်ပုံစံလိုမျိုး ထုပ်ပိုးပေးထားပါတယ်။ ဒါပေမယ့် “Gold” Razer Phone လို့သာ ပြောတာပါ ထုတ်ပိုးမှုပုံစံကလွဲပြီး ဖုန်းမှာတော့ ဘာမှပြောင်းလဲမှု ရှိမှာမဟုတ်ပါဘူး။

                ဖုန်းရဲ့နောက်ကျောက Razer Logo လေးပဲ ပြောင်းလဲသွားမှာပါ။ ဗူးထဲမှာပါတဲ့ Razer Sticker လေးတွေလိုပဲ Razer Logo ဘေးမှာ ရွှေရောင်လေးတွေနဲ့ ကွပ်ထားတာပါပဲ။ အဝေးကကြည့်မယ်ဆိုရင် Special Edition Phone မှန်းတောင် သိသာမှာ မဟုတ်ပါဘူး။

                Specs တွေကလည်း အတူတူပါပဲ။ ဝယ်ယူပြီး အမ်ပေါင်းပေးချင်တယ် ဆိုရင်တော့ ကန်ဒေါ်လာ ၆၉၉.၉၉ ဒေါ်လာနဲ့ ဟောင်ကောင်က Razer Store တွေနဲ့ ဟောင်ကောင် Razer Online Store တို့မှာ ဝယ်ယူရရှိနိုင်မှာပါ။

References
The Verge
About Author
Assinged Tags
Razer Razer Phone Gold Edition Gold Razer Phone Chinese New Year 2018
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed