Ubisoft မှ Far Cry 5 ထုတ်လုပ်မယ့်ရက်ကို ကြေညာ

date_range 29 May 2017

Ubisoft မှ Far Cry 5 ထုတ်လုပ်မယ့်ရက်ကို ကြေညာ

visibility 250 Views

                သိပ်မကြာသေးမီက Ubisoft ကနေ Far Cry 5 ကိုအတည်ပြု လိုက်ပြီးတဲ့နောက် မှာ အခုအခါမှာတော့ ဖေဖော်ဝါရီ ၂၇ ရက်၊ ၂၀၁၈ မှာထွက်မယ်လို့ တရား၀င်ကြေညာ လိုက်ပြီဖြစ်ပါတယ်။  Far Cry 5 ကို PC ၊ PS4 နဲ့အတူ Xbox One မှာပါ တွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။ Far Cry 5 ကို Editions သုံးမျိုးနဲ့ အတူ ထွက်ရှိလာမှာပါ။

Far Cry 5 Editions များ

Far Cry 5 Standard Edition - နာမည်မှာ ပြောထားတဲ့ အတိုင်းပဲ Far Cry 5 ဂိမ်းပဲပါ၀င် လာမှာဖြစ်ပြီး Pre-order မှာယူမယ်ဆိုပါက Doomsday Prepper Pack နဲ့အတူ Prepper ၀တ်စုံတွေ၊ သေနတ်တွေ၊ ယာဉ်တွေအတွက် Skins နဲ့အတူ တခြား Consumables Item တွေလည်းပါ၀င်လာမှာပါ။ စျေးနှုန်းကိုတော့ USD $60 လို့သတ်မှတ်ထားပါတယ်။

Far Cry 5 Deluxe Edition – Deluxe Edition မှာဆိုရင်တော့ Game အပြင် အခြား Big Game Hunter Pack ၊ Ace Pilot Pack ၊ Chaos Pack ၊ Explosive Pack ၊ Hope Country မြေပုံနဲ့အတူ OST (Original Sound Track) တွေပါ အတူပါ၀င်လာမှာပဲဖြစ်ပါတယ်။ စျေးနှုန်းကိုတော့ USD $70 လို့သတ်မှတ်ထားပါတယ်။

Far Cry 5 Gold Edition – Deluxe Edition အတိုင်းအကုန်ပါ၀င်မယ့်အပြင် Far Cry 5 Season Pass နဲ့အတူ Steel စာအုပ် Cover ပါ၀င်လာမှာဖြစ်ပါတယ်။ ကျသင့်မယ့်စျေးနှုန်းကတော့ USD $100 သတ်မှတ်ထား ပါတယ်။

                ခန့်မှန်းထားတဲ့အတိုင်း ၂၀၁၈ ခုနှစ်မှ Ubisoft မှ Far Cry 5 ကို ထုတ်လုပ်မှာမို့လို့ ဆော့ချင်တဲ့သူများ အတွက်တော့ အတော်ကြီး စိတ်ရှည်လက်ရှည် စောင့်ဆိုင်းရမှာဦးမှာပါ။ 

References
Gadgets 360
About Author
Assinged Tags
Ubisoft Far Cry Far Cry Far Cry 5 Standard Edition Deluxe Edition Gold Edition Prepper Doomsday Big Game Hunter Ace Pilot Chaos Pack Explosive Pack Hope Country
Categorized Under
Gaming

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed