ရေခဲသေတ္တာထဲ ထည့်လိုက်မှ Screen Flickering ဖြစ်နေတာ ရပ်သွားတဲ့ Surface Pro 4

date_range 02 February 2018

ရေခဲသေတ္တာထဲ ထည့်လိုက်မှ Screen Flickering ဖြစ်နေတာ ရပ်သွားတဲ့ Surface Pro 4

visibility 3720 Views

                iPhone X ကတော့ အအေးမကြိုက်ပေမယ့် Surface Pro 4 ကတော့ အအေးကြိုက်တယ်လို့ ပြောရမှာပါ။ တစ်ချို့ Surface Pro 4 တွေမှာ သုံးတာကြာလို့ ပူလာရင် Screen Flickering ဖြစ်သွားတဲ့ ပြဿနာ ရှိနေတယ်လို့ သိရပါတယ်။ Microsoft Support Forums မှာလည်း Report တွေနဲ့ ပြည့်နေပြီ ဖြစ်ပါတယ်။ ပိုဆိုးတာက ဒီပြဿနာက စပြီး အသုံးပြုတဲ့အချိန်မှာ ဖြစ်တာမဟုတ်ပဲ ဝယ်ပြီးတစ်နှစ်ကြာတဲ့အချိန် Warranty ကာလည်း ကျော်လွန်သွားတဲ့ အချိန်ကြမှ စဖြစ်တာလို့ သိရပါတယ်။

                လောလောဆယ် အသုံးပြုသူ အယောက် ၁,၈၀၀ လောက်မှာ ဒီပြဿနာ ဖြစ်ပွားနေတာဖြစ်ပြီး Report တွေ တင်ခဲ့တာတောင်မှ Microsoft ဘက်က လစ်လျူရှုနေတာကြောင့်လည်း ဒေါသတွေ ထွက်နေကြပါတယ်။ ဘယ်လောက်တောင် ဒေါသထွက်နေကြလည်းဆိုတော့ ဒီပြဿနာရှိနေတဲ့ အသုံးပြုသူတွေ ပေါက်ကွဲဖို့အတွက် Website တစ်ခုတောင် ဖြစ်လာတဲ့ အဆင့်ထိပါပဲ။

                ဒီ Website ကိုတော့ “Flicker Gate” လို့နာမည်ပေးထားကြပြီး Home Page မှာတော့

                “ကျနော်တို့အားလုံးဟာ Microsoft ရဲ့ မကောင်းမွန်တဲ့ Surface Pro Device တွေကြောင့် စုစုပေါင်း ကန်ဒေါ်လာ ၂.၈ သန်း ဆုံးရှုံးခဲ့ရတဲ့ သူတွေဖြစ်ပါတယ်။ အခုအချိန်မှာ ကျနော်တို့အားလုံး စုစုပေါင်း အယောက် ၁,၈၀၀ ကျော်နေပြီဖြစ်ပြီး Microsoft ရဲ့ Support Team ကလည်း အခုအချိန်ထိအောင် ဒီပြဿနာကို လစ်လျူရှုထားတုန်းပါပဲ”

လို့ ရေးသားထားပါတယ်။

                The Verge က ကျွမ်းကျင်သူတွေကတော့ ဒီပြဿနာဟာ Hardware ကြောင့် ဖြစ်နိုင်တယ်လို့ သုံးသပ်ထားပါတယ်။ The Verge ကနေ Microsoft ကို ဆက်သွယ်မေးမြန်ခဲ့ရာမှာတော့ Microsoft မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက

                “Microsoft အနေနဲ့ ဒီပြဿနာဖြစ်ပွားနေတာကို သိရှိထားပြီး ပြဿနာအရင်းခံကိုလည်း စုံစမ်းစစ်ဆေးနေပါတယ်။ အကယ်လို့ မိမိရဲ့ Surface Pro 4 မှာ ဒီပြဿနာ ရှိနေတယ် ဆိုရင်လည်း Microsoft Support ကို ချက်ချင်း ဆက်သွယ်နိုင်ပါတယ်”

လို့ ပြောကြားသွားပါတယ်။

                ပြဿနာရှိနေတာကို Report လုပ်ခဲ့ပေမယ့်လည်း Microsoft ဘက်က လစ်လျူရှုနေတာကြောင့် အသုံးပြုသူတွေ အနေနဲ့ မိမိ Surface Pro 4 က သုံးတာကြာရင် ပူလာပြီး Screen Flickering ဖြစ်လာပြီ ဆိုတာနဲ့ ရေခဲသေတ္တာထဲ ခဏထည့်၊ Screen Flickering မဖြစ်တော့မှ ပြန်ထုတ်ပြီ အသုံးပြုနေရတယ်လို့ သိရပါတယ်။ အသုံးပြုသူ တစ်ယောက်ကတော့

                “ကျနော့် Surface Pro 4 ကတော့ ရေခဲသတ္တာထဲမှာ ၁၀ မိနစ်လောက် ထည့်ထားမယ်ဆိုရင် မိနစ်သုံးဆယ်လောက်တော့ ကောင်းကောင်းပြန်သုံးလို့ရတယ်ဗျ”

လို့ ပြောထားပါတယ်။

                နောက်တစ်ယောက်ကလည်း သူသုံးနေတဲ့ Surface Pro 4 က ရေခဲသတ္တာထဲ ထည့်လိုက်တာနဲ့ ချက်ချင်းပဲ Screen Flickering ဖြစ်နေတာ ရပ်တန့်သွားတယ် ဆိုတာကို ဗီဒီယိုရိုက်ကူးပြီး YouTube မှာ တင်ထားပါသေးတယ်။ ဆန်းတော့ အဆန်းကြီးပါ။ ရေခဲသေတ္တာထဲ ထည့်လိုက်တာနဲ့ ချက်ချင်းပဲ Screen Flickering ဖြစ်နေတာ ရပ်သွားပါတယ်။


                Microsoft ဘက်က ဒီပြဿနာဖြစ်နေရင် Microsoft Support ကို ဆက်သွယ်ပါလို့ ပြောထားပေမယ့် ပြဿနာရှိနေတဲ့ Device တွေက Warranty မရှိတော့ပါဘူး။ တစ်ချို့ အသုံးပြုသူတွေကလည်း Microsoft မှာ Hardware လဲလှယ်ခဲ့တာ ကန်ဒေါ်လာ ၈၀၀ တောင် ထပ်ပေးခဲ့ရတယ်လို့ Report လုပ်ထားကြပါတယ်။ Microsoft အနေနဲ့ ဖြေရှင်းချက်ကို ချက်ချင်းရှာပေးသင့်ပြီး Hardware မှာ ပြဿနာရှိနေတယ် ဆိုရင်လည်း အသစ်တစ်လုံးနဲ့ လဲလှယ်ပေးတာပဲဖြစ်ဖြစ်၊ အခမဲ့ ပြင်ဆင်ပေးတာပဲဖြစ်ဖြစ် လုပ်ပေးသင့်တယ်လို့တော့ အချို့အသုံးပြုသူတွေက ပြောကြပါတယ်။

References
The Verge
About Author
Assinged Tags
Microsoft Surface Laptop Screen issues related Screen Replacement Screen Repair Screen Flashing Screen Defect Screen Flickering Hardware Issue Surface Pro 4
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed