အအေးမကြိုက်တဲ့ iPhone X Screen အတွက် Software Fix ထုတ်ပေးသွားမယ့် Apple

date_range 11 November 2017

အအေးမကြိုက်တဲ့ iPhone X Screen အတွက် Software Fix ထုတ်ပေးသွားမယ့် Apple

visibility 4000 Views

                Apple တို့ရဲ့ iPhone ဆယ်နှစ်ပြည့်ထုတ် iPhone X ရဲ့ Screen က အအေးမိတတ်တယ် ထင်ပါတယ် (ဟီးဟီး)။ ရာသီဥတုအေးရင် ဒါမှမဟုတ် ရုတ်တရက် အပူချိန်ကျသွားရင် iPhone X Screen က လုံးဝ Responsive မဖြစ်တော့ဘူးလို့ သိရပါတယ်။ 

                iPhone Subreddit Community မှာတော့ အခုပြဿနာကို ကြုံတွေ့နေရတဲ့ အသုံးပြုသူတွေရဲ့ Report တွေနဲ့ ပြည့်နေပါတယ်။ တစ်ချို့ကလည်း “အပူချိန် 0 Degrees Celsius (32 Degrees Fahrenheit) အောက် ဝန်းကျင်လောက် ရောက်သွားပြီ ဆိုတာနဲ့ ဖုန်းရဲ့ Screen က စက္ကန့်ပိုင်းအတွင်းမှာတင် လုံးဝ Responsive မဖြစ်တော့ဘူး” လို့ ဆိုကြပါတယ်။

                Apple က တာဝန်ရှိသူတွေကတော့

                “ကျနော်တို့ အနေနဲ့ အခုလိုမျိုး iPhone X Screen က ရာသီဥတုအေးပဲဖြစ်ဖြစ် ဒါမှမဟုတ် ရုတ်တရက် အပူချိန်ကျသွားရင်ပဲဖြစ်ဖြစ် Responsive မဖြစ်တော့ဘူး ဆိုတာကို သိရှိထားပါတယ်။ ဒီပြဿနာကို ဖြေရှင်းပေးနိုင်မယ့် Software Fix ကိုလည်း များမကြာမီ ထွက်ရှိလာမယ့် Software Update မှာ ထည့်သွင်းပေးသွားမှာပါ”

လို့ ပြောကြားထားပါတယ်။

                အခုဖြစ်နေတဲ့ ပြဿနာဟာ Face ID အတွက် အသုံးပြုထားတဲ့ Infrared Camera နဲ့ Ambient Light Sensor တို့ကြောင့် ဖြစ်နိုင်တယ်လို့ တစ်ချို့ကျွမ်းကျင်သူတွေက ထင်ကြေးပေးထားကြပါတယ်။ တစ်ချို့ကလည်း Apple က သတ်မှတ်ပေးထားတဲ့ အပူချိန် 32 Degrees နဲ့ 95 Degrees Fahrenheit ကြားမှာ မဟုတ်လို့ အလုပ်မလုပ်တော့တာလို့ ထင်ကြေးပေးကြပါတယ်။

                ဘာကြောင့် ဒီပြဿနာ ဖြစ်ရလည်း ဆိုတာကတော့ တိတိကျကျ အဖြေမရှိသေးပါဘူး။ Apple ဘက်ကတော့ Software ပြဿနာလို့ပဲ ပြောထားပါတယ်။ 

                iPhone X မှာ Physical Home Button ကလည်း မပါတော့ဘူးဆိုတော့ iPhone X အသုံးပြုသူတွေ အနေနဲ့ Apple ဘက်က Software Fix မရသေးမီ အတောအတွင်းမှာတော့ ရာသီဥတု အေးလာတဲ့အခါပဲ ဖြစ်ဖြစ်၊ ရုတ်တရက် အပူချိန် ထိုးကျသွားရင်ပဲ ဖြစ်ဖြစ် တိုင်ပါတ်ကြရဦးမှာပါ။

References
The Verge
About Author
Assinged Tags
iPhone Screen issues related iOS Update Software Update Apple iPhone X FaceID
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed