RAM 4GB ပါဝင်မယ့် Redmi 5 မော်ဒယ်အသစ်ကို ထပ်မံ မိတ်ဆက်ပေးလိုက်တဲ့ Xiaomi

date_range 31 January 2018

RAM 4GB ပါဝင်မယ့် Redmi 5 မော်ဒယ်အသစ်ကို ထပ်မံ မိတ်ဆက်ပေးလိုက်တဲ့ Xiaomi

visibility 1320 Views

                ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာတုန်းက Redmi စီးရီးမှာ ပထမဆုံး Bezel-Less Design ကို အသုံးပြုထားတဲ့ Redmi 5 နဲ့ Redmi 5 Plus ကို မိတ်ဆက်ပေးခဲ့တဲ့ Xiaomi ဟာ အခုအခါမှာတော့ RAM 4GB ပါဝင်မယ့် Redmi 5 မော်ဒယ်အသစ်ကို တရုတ်ပြည်မှာ ထပ်မံ မိတ်ဆက် ပေးလိုက်ပြီပဲ ဖြစ်ပါတယ်။

                စတင်မိတ်ဆက်ပေးခဲ့တဲ့ အချိန်တုန်းက Redmi 5 ကို RAM 2GB, RAM 3GB ဆိုပြီး မော်ဒယ်နှစ်မျိုးအနေနဲ့သာ ထုတ်လုပ်ရောင်းချခဲ့ပေမယ့် အခုအခါမှာတော့ RAM 4GB မော်ဒယ်ကို ထပ်မံ မိတ်ဆက်ပေးလိုက်ပြီ ဖြစ်ပါတယ်။ Specification ပိုင်းမှာတော့ အရင်နှစ်တုန်းက မိတ်ဆက်ပေးခဲ့တဲ့ Redmi 5 မော်ဒယ်နှစ်မျိုးမှာလိုပါပဲ။

                Display ပိုင်းအတွက် ၅.၇ လက်မ အရွယ်အစားရှိ HD+ (720x1440 Pixels) 282ppi 18:9 Display ကို အသုံးပြုထားပါတယ်။ Processor ကတော့ Qualcomm ရဲ့ Snapdragon 450 SoC ဖြစ်ပြီး RAM 4GB ပါဝင်မယ့် Redmi 5 မော်ဒယ်ဆိုတဲ့အတိုင်း RAM 4GB ပါဝင်မှာဖြစ်သလို Internal Storage ကိုတော့ 16GB နဲ့ 32GB ဆိုပြီး မော်ဒယ်နှစ်မျိုး ရွေးချယ်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် Storage Space မလုံလောက်ဘူးဆိုရင် လည်း microSD Card ထပ်စိုက်နိုင်မှာ ဖြစ်ပါတယ်။

                RAM 4GB ပါဝင်မယ့် Redmi 5 မှာ Dual-SIM (Nano) အသုံးပြုနိုင်မှာဖြစ်ပြီး ကင်မရာပိုင်းမှာတော့ 12-Megapixel၊ f/2.2၊ PDAF နဲ့ Flash တို့ပါဝင်တဲ့ Rear Camera နဲ့အတူ Front Camera အတွက်ကို တော့ 5-Megapixel Camera ကို အသုံးပြုထားပါတယ်။ ဒါ့အပြင် ကောင်းမွန်တဲ့ Portrait Mode တွေ ရိုက်ကူးနိုင်ဖို့အတွက် Beautify 3.0 Feature လည်း ပါဝင်ပါတယ်။

                Fingerprint Sensor ကိုတော့ Bezel-Less စမတ်ဖုန်းတွေရဲ့ ထုံးစံအတိုင်း ဖုန်းရဲ့ကျောဘက်ခြမ်း၊ ကင်မရာရဲ့ အောက်နားမှာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ Redmi 5 RAM 4GB မော်ဒယ်မှာ Android Nougat ကို အခြေခံထားတဲ့ MIUI 9 ကို အသုံးပြုထားတယ်လို့ သိရပါတယ်။

                Connectivity Options တွေအနေနဲ့ Bluetooth 4.2, A-GPS, 3.5mm Headphone Jack, micro-USB တို့ပါဝင်ပြီး Sensor တွေအနေနဲ့ Accelerometer, Ambient Light Sensor, Proximity Sensor, Gyroscope တို့ ပါဝင်ပါတယ်။ Battery ပိုင်းမှာတော့ 3300 mAh Battery ကို အသုံးပြုထားတယ်လို့ သိရပါတယ်။

                RAM 4GB ပါဝင်မယ့် Redmi 5 မော်ဒယ်ကို Black, Rose Gold, Light Blue, Gold စတဲ့ အရောင်လေးမျိုးနဲ့ ထုတ်လုပ်ရောင်းချသွားမှာ ဖြစ်ပြီး ဝယ်ယူချင်တယ် ဆိုရင်တော့ ကန်ဒေါ်လာ ၁၇၅ ဒေါ်လာ (မြန်မာငွေ ၂ သိန်း သုံးသောင်း ဝန်းကျင်) ကျသင့်မှာ ဖြစ်ပါတယ်။

This Article is contributed by Phyo Kyaw Swar.
References
Gadgets NDTV
About Author
Assinged Tags
Xiaomi Smartphones Bezel-less smartphone Redmi 5 Redmi 5 Plus
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed