Redmi စီးရီးမှာ ပထမဆုံး Bezel-less Design ကို အသုံးပြုထားတဲ့ Redmi 5 နဲ့ Redmi 5 Plus တို့ ထွက်ရှိ

date_range 08 December 2017

Redmi စီးရီးမှာ ပထမဆုံး Bezel-less Design ကို အသုံးပြုထားတဲ့ Redmi 5 နဲ့ Redmi 5 Plus တို့ ထွက်ရှိ

visibility 2400 Views

                Xiaomi ရဲ့ တန်ဖိုးနည်းစမတ်ဖုန်းစီးရီးဖြစ်တဲ့ Redmi စီးရီးရဲ့ ပထမဆုံး Bezel-less Design နဲ့ စမတ်ဖုန်းမော်ဒယ်နှစ်မျိုးကတော့ မနေ့ကပဲ တရားဝင်ထွက်ရှိလို့ သွားခဲ့ပါပြီ။

                တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့မှာ ပြုလုပ်ခဲ့တဲ့ ကုန်ပစ္စည်းသစ်မိတ်ဆက်ပွဲမှာ Redmi 5 နဲ့ Redmi 5 Plus တို့ကို မိတ်ဆက်သွားခဲ့တာဖြစ်ပြီး၊ စမတ်ဖုန်းဒီဇိုင်းတွေကတော့ Xiaomi ရဲ့ Product Management Director ဖြစ်သူ Donovan Sung တစ်ယောက် Twitter မှာ ဒီဇင်ဘာ (၄) ရက်နေ့ကတည်းက တင်ထားတဲ့ဒီဇိုင်းတွေနဲ့ပဲ ဖြစ်ပါတယ်။


                Redmi 5 နဲ့ 5 Plus မှာ အဓိကထားပြောရမယ့် ပထမဆုံးအချက်ကတော့ အခုခေတ်စားနေတဲ့ 18:9 Aspect Ratio နဲ့ Bezel-less Display ကို အသုံးပြုထားတာပါ။ Mi MIX နဲ့ Bezel-less Smartphones စျေးကွက်ထဲကို စတင် ဝင်ရောက်ခဲ့တဲ့ Xiaomi ဟာ အခုတော့ Redmi စီးရီးမှာလည်း Bezel-less Display ကို စသုံးလာပြီ ဖြစ်ပါတယ်။ တခြားဖုန်းကုမ္ပဏီတွေကလည်း တန်ဖိုးနည်းဖုန်းတွေမှာ 18:9 Ratio Bezel-less Display တွေ သုံးလာကြတာတော့ Xiaomi အနေနဲ့ စျေးကွက်နောက်ကျမကျန်လိုတဲ့ ရည်ရွယ်ချက်လည်း ပါဝင်နိုင်ပါတယ်။

                Redmi 5 နဲ့ Redmi 5 Plus တို့ဟာ ဒီဇိုင်းပိုင်းမှာ တူညီပေမယ့်၊ Specifications တွေမှာတော့ ကွာခြားမှုလေးတွေ ရှိနေပါတယ်။ ဒါတွေကတော့  Redmi 5 မှာ 5.7-inch HD+ (720x1440 Pixels) 282ppi 18:9 Display ကို အသုံးပြုထားပြီး၊  Redmi 5 Plus မှာတော့ 5.99-inch full-HD+ (1080x2160 Pixels) 403 ppi Display ကို အသုံးပြုထားပါတယ်။


                Redmi 5 က 1.8GHz  Snapdragon 450 SoC နဲ့ ဖြစ်ပြီး၊ Redmi 5 Plus ကတော့ 2 GHz Snapdragon 625 နဲ့ ဖြစ်ပါတယ်။ Redmi 5 ကို 2GB နဲ့ 3GB RAM မော်ဒယ်နှစ်မျိုး ဝယ်ယူနိုင်မှာဖြစ်ပြီး၊ Redmi 5 Plus ကိုတော့ 3GB နဲ့ 4GB RAM မော်ဒယ်နှစ်မျိုး ရနိုင်မှာပါ။ Internal Storage ပိုင်းကတော့ Redmi 5 ကို 16 GB နဲ့ 32 GB နှစ်မျိုး ရွေးချယ်နိုင်ပြီး၊ Redmi 5 Plus ကိုတော့ 32 GB နဲ့ 64 GB ဆိုပြီး နှစ်မျိုး ရွေးချယ်နိုင်ပါတယ်။ Redmi 5 ကော Redmi 5 Plus မှာပါ microSD ကတ် ထပ်စိုက်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ 


                Redmi 5 နဲ့ Redmi 5 Plus မှာ ကင်မရာနဲ့ OS တို့ကတော့ အတူတူပဲဖြစ်ပြီး၊ မော်ဒယ်နှစ်ခုစလုံး MIUI 9 နဲ့ စထွက်လာမှာပါ။ ကင်မရာကတော့ 12-megapixel ၊ f/2.2 ၊ PDAF နဲ့ Flash တို့ ပါတဲ့ ကျောကင်မရာနဲ့ ဖြစ်ပြီး၊ ရှေ့ကင်မရာကတော့ Soft-light Selfie Flash ပါတဲ့ 5-megapixel Sensor နဲ့ ဖြစ်ပါတယ်။ Portrait အတွက် Beautify 3.0 လည်း ပါဝင်လာတယ်လို့ ကုမ္ပဏီက ဆိုပါတယ်။ Fingerprint Sensor ကိုတော့ မော်ဒယ်နှစ်ခုစလုံးရဲ့  ကျောဘက်မှာ တွေ့ရမှာပါ။

                ဘက်ထရီကတော့ စခရင်ပိုသေးတဲ့ Redmi 5 က 3,300mAh ဘက်ထရီနဲ့ဖြစ်ပြီး၊ စခရင်ပိုကြီးတဲ့ Redmi 5 Plus က 4,000mAh ဘက်ထရီနဲ့ ဖြစ်ပါတယ်။ Redmi 5 က ၁၅၇ ဂရမ်လေးပြီး၊ Redmi 5 Plus က ၁၈၀ ဂရမ် လေးပါတယ်။


                Redmi 5 ကို ရောင်းချမယ့်စျေးနှုန်းတွေကတော့ 2GB RAM/16GB Storage Model အတွက် USD 120 (မြန်မာငွေ ၁သိန်း ၆ သောင်းကျော်) ကျသင့်မှာဖြစ်ပြီး၊ 3GB RAM/32GB Storage Model အတွက်ကိုတော့ USD 135 (မြန်မာငွေ ၁ သိန်း ၈ သောင်းကျော်) ကျသင့်မှာပဲဖြစ်ပါတယ်။

                Redmi 5 Plus ကို ရောင်းချမယ့်စျေးနှုန်းတွေကတော့ 3GB RAM/32GB Storage Model အတွက် USD 150၊ (မြန်မာငွေ ၂ သိန်းကျော်) ကျသင့်မှာဖြစ်ပြီး၊ 4GB RAM/64GB Storage Model အတွက်ကိုတော့ USD 180 (မြန်မာငွေ ၂ သိန်း ၄ သောင်းကျော်) ကျသင့်မှာပဲဖြစ်ပါတယ်။



References
Gadgets NDTV
About Author
Assinged Tags
Xiaomi Smartphones Snapdragon 450 Bezel-Less Smartphones Redmi 5 Redmi 18:9 Aspect Ratio Redmi 5 Plus
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed