OnePlus 5T အတွက် Android Oreo Beta မှာ iPhone X ကလို Gesture Control တွေ ပါဝင်လာ

date_range 31 January 2018

OnePlus 5T အတွက် Android Oreo Beta မှာ iPhone X ကလို Gesture Control တွေ ပါဝင်လာ

visibility 700 Views

                Bezel-Less ခေတ်ကြီးထဲမှာ စမတ်ဖုန်းထုတ်လုပ်သူတွေလည်း Bezel-Less ဖုန်းတွေပဲ ထုတ်လုပ်နေကြပြီး စမတ်ဖုန်း ပရိတ်သတ်တွေ ကြားထဲမှာလည်း Bezel-Less ဖုန်း မဟုတ်ရင် ခေတ်မမှီတော့သလိုတောင် ဖြစ်နေကြပါတယ်။ ဒါပေမယ့် Bezel တွေ နည်းလာတာနဲ့အမျှ ဖုန်းရဲ့အောက်မှာ Navigation Bar ကလည်း စမတ်ဖုန်း ကုမ္ပဏီတွေအတွက် အဓိပ္ပါယ် မရှိတော့သလို ဖြစ်လာပါတယ်။

                ဒီတော့ အကောင်းဆုံး ဖြေရှင်းနည်းကတော့ iPhone X ကလို Gesture Control တွေကို အသုံးပြုတာပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း Xiaomi အနေနဲ့ ထုတ်လုပ်လိုက်တဲ့ Bezel-Less ဖုန်းတွေအတွက် MIUI 9 Update မှာ iPhone X ကလို Gesture Control တွေ ထည့်သွင်းပေးသွားမှာဖြစ်ပြီး OnePlus ကတော့ OnePlus 5T အတွက် အသစ်ထုတ်ပေးလိုက်တဲ့ Android Oreo Beta မှာ Gesture Control တွေ ထည့်သွင်းပေးလိုက်ပြီ ဖြစ်ပါတယ်။


                ဒီ Feature သစ်ကို အသုံးပြုချင်တယ် ဆိုရင်တော့ Settings -> Buttons -> Hide the navigation bar ကို Enable လုပ်ပေးရမှာ ဖြစ်ပါတယ်။ ဒါဆိုရင် အောက်က Navigation Bar ပျောက်သွားမှာ ဖြစ်ပြီး iPhone X မှာလိုပဲ App ထဲကနေ ထွက်ချင်တယ်ဆိုရင် အောက်ကနေအပေါ်ကို Screen ရဲ့ အလယ်ကနေ Swipe Up လုပ်ရမှာဖြစ်ပြီး Back ပြန်သွားချင်တယ်ဆိုရင် Screen ရဲ့ ဘယ်ဘက်ခြမ်းကနေပဲဖြစ်ဖြစ်၊ ညာဘက်ခြမ်းကနေပဲဖြစ်ဖြစ် Swipe Up လုပ်ရမှာပါ။

                App Switcher ကို ခေါ်ချင်တယ် ဆိုရင်လည်းပဲ iPhone X ရဲ့ Gesture လိုမျိုးပါပဲ။ အောက်ကနေအပေါ်ကို Screen ရဲ့ အလယ်ကနေ Swipe Up လုပ်ပြီး ခဏလေး Hold လုပ်ထားလိုက်မယ်ဆိုရင် App Switcher ပေါ်လာမှာပဲ ဖြစ်ပါတယ်။ အခုလောလောဆယ်မှာ Beta ပဲ ရှိသေးတယ် ဆိုပေမယ့်လည်း အသုံးပြုရတာ အဆင်ပြေတယ်လို့တော့ သိရပါတယ်။

                ဒါပေမယ့် Back Button Gesture ကတော့ Screen ရဲ့ ဘယ်ဘက်ခြမ်းကနေပဲဖြစ်ဖြစ်၊ ညာဘက်ခြမ်းကနေပဲဖြစ်ဖြစ် Swipe Up လုပ်ရတာ ဖြစ်တဲ့အတွက် တစ်ခါတစ်လေ အဆင်မပြေဘူးလို့လည်း သိရပါတယ်။ တစ်ခုရှိတာက Button ကိုပဲ အသုံးပြုနေကြ ဖြစ်နေတဲ့ အသုံးပြုသူတွေ အတွက်ကတော့ စစခြင်းမှာ နည်းနည်းလေး အခက်အခဲ တွေ့ကြမှာပါ။ 

                နောက်ပိုင်းကျရင်တော့ iPhone X သမားတွေလိုပဲ Gesture တွေနဲ့ ရင်းနှီးသွားကြမှာပါ။ အကယ်လို့ လုံးဝ မသုံးချင်ဘူးဆိုရင်လည်းပဲ Settings -> Buttons -> Hide the navigation bar ကို Disable လုပ်လိုက်ရင် Navigation Bar က ပြန်ပေါ်လာမှာဆိုတော့ Button ကိုမှ ကြိုက်တဲ့သူတွေ အတွက်လည်း အဆင်ပြေဦးမှာပါ။ ကျွမ်းကျင်သူများကတော့ Android မှာ Nav Bar တွေ ပျောက်ကွယ်တော့မယ့် အစပဲလို့ ပြောနေကြပါတယ်။

References
The Verge DroidLife
About Author
Assinged Tags
Android OnePlus Gestures OnePlus 5T Android Oreo Beta Xiaomi iPhone X Gesture Controls
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed