Xioami ထုတ် Bezel-Less ဖုန်းတွေအတွက် MIUI 9 Update မှာ iPhone X ကလို Gesture Based Control တွေ ပါဝင်လာမည်

date_range 29 December 2017

Xioami ထုတ် Bezel-Less ဖုန်းတွေအတွက် MIUI 9 Update မှာ iPhone X ကလို Gesture Based Control တွေ ပါဝင်လာမည်

visibility 1940 Views

                ခေတ်ကြီးကလည်း Bazel-Less Display ဖြစ်လာပြီဆိုတော့ Xiaomi အနေနဲ့ အခုလက်ရှိ Bezel-Less ဖုန်းတွေဖြစ်တဲ့ Mi Mix, Mi Mix 2, Redmi 5 နဲ့ Redmi 5 Plus တို့အတွက်ရော နောက်ထက် ထွက်ရှိလာမယ့် မျိုးဆက်သစ် Bezel-Less ဖုန်းတွေအတွက်ပါ အဆင်ပြေစေမယ့် Gesture Based Control တွေကို MIUI 9 Update မှာ ထည့်သွင်းပေးတော့မယ်လို့ သိရပါတယ်။

                ဒါကြောင့် Xiaomi ရဲ့ မျိုးဆက်သစ် Bazel-Less ဖုန်းတွေမှာ Capacitive Buttons တွေ ပါလာတော့မှာ မဟုတ်ဘူးလို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားပါတယ်။ MIUI 9 Update မှာ Gesture Based Control တွေ ထည့်သွင်းပေးတော့မယ်ဆိုတာကိုတော့ MIUI Team Member တစ်ယောက်ဖြစ်တဲ့ PatrickXi က MIUI Forum မှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။

                Gesture တွေကတော့ iPhone X မှာ လိုပဲ App ထဲကနေ ထွက်ချင်တယ်ဆိုရင် အောက်ကနေ အပေါ်ကို Swipe Up လုပ်ပေးရမှာဖြစ်ပြီး Background Apps တွေ ဖော်ချင်တယ်ဆိုရင်တော့ အောက်ကနေ အပေါ်ကို Swipe Up လုပ်၊ စက္ကန့်ဝက်လောက် ခဏ Hold လုပ်ထားရမှာ ဖြစ်ပါတယ်။ နောက်ပြီး iPhone X မှာလိုပဲ ဘေးဘယ်ညာ Swipe လုပ်ပြီးတော့လည်း App Switching လုပ်နိုင်မယ်လို့ သိရပါတယ်။

                MIUI 9 Global Beta ROM 7.12.28 မှာ အခြား Bug Fix တွေလည်း ပါဝင်ဦးမှာဖြစ်ပြီး Changelog အပြည့်အစုံကိုတော့ ဒီမှာ သွားကြည့်နိုင်ပါတယ်။ Xiaomi အနေနဲ့ ဒီဇင်ဘာ ၂၇ ရက်နေ့တုန်းကမှ MIUI 9 Update ရရှိနိုင်တဲ့ ဖုန်းမော်ဒယ်လ် ၂၇ မျိုး ပြည့်သွားခဲ့တာ ဖြစ်ပါတယ်။

References
Gadgets NDTV MIUI Forum
About Author
Assinged Tags
Xiaomi MIUI related MIUI 9 related Update news News about MIUI Bezel-Less Display Gestures iPhone X
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed