YouTube Ads တွေ အသုံးပြုပြီး Cryptocurrency တွေကို ကြည့်ရှုသူမသိအောင် တိတ်တဆိတ် တူးယူနေကြောင်း တွေ့ရှိ

date_range 29 January 2018

YouTube Ads တွေ အသုံးပြုပြီး Cryptocurrency တွေကို ကြည့်ရှုသူမသိအောင် တိတ်တဆိတ် တူးယူနေကြောင်း တွေ့ရှိ

visibility 1200 Views

                YouTube ကနေ ဗွီဒီယိုတွေကြည့်တဲ့အခါမှာ ပြသလေ့ရှိတဲ့ ကြော်ငြာအချို့ကနေတစ်ဆင့် နိုင်ငံအချို့က YouTube ကြည့်ရှုသူတွေရဲ့ ကွန်ပျူတာတွေက CPU ကို အသုံးချပြီး ကြည့်ရှုသူမသိရှိစေပဲ Cryptocurrency တွေ တိတ်တဆိတ် တူးယူမှု ဖြစ်ပွားနေတယ်လို့ သိရှိရပါတယ်။ YouTube Ads တွေရဲ့ JavaScript Code တွေထဲမှာ Cryptocurrency Mining Code တွေကို Embed လုပ်ပြီး CoinHive ရဲ့ Digital Currency ဖြစ်တဲ့ Monero (XMR) Coin ကို တူးယူနေကြတာ ဖြစ်တယ်လို့ သိရပါတယ်။

                အခုလိုမျိုး တိတ်တဆိတ် Mining အလုပ်ခံနေတာကို YouTube ကြည့်ရှုသူအချို့ အနေနဲ့ စက်ထဲမှာထည့်သွင်းထားတဲ့ Antivirus Software ကနေ တစ်ဆင့် တွေ့ရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ Ars Technia ရဲ့ ရေးသားဖေါ်ပြချက်များအရ အခုလို တိတ်တဆိတ် Mining လုပ်ဆောင်ခံရမှုတွေဟာ YouTube ကို Browser ကနေတစ်ဆင့် အသုံးပြုသူတွေဆီမှာ ဖြစ်ပွားနေတာလို့ သိရပါတယ်။

                YouTube ကို Browser ကနေတစ်ဆင့် ဝင်ထားရုံနဲ့ Mining အလုပ်ခံရမှာ မဟုတ်ပါဘူး။ ဗွီဒီယို ဖွင့်ကြည့်မိလို့ ကြော်ငြာစပြတဲ့ အချိန်ကျမှသာ စတင် Mining အလုပ်ခံရမှာ ဖြစ်ပါတယ်။ Cyber-Security Research Firm တစ်ခုဖြစ်တဲ့ Trend Micro ရဲ့ တနင်္ဂနွေနေ့က ရေးသားဖေါ်ပြချက်များ အရ ဇန်နဝါရီလ ၂၄ ရက်နေ့မှာ YouTube Ads တွေကို အသုံးပြုပြီး Mining လုပ်သူ ရာခိုင်နှုန်း ၂၈၅ ရာခိုင်နှုန်းအထိ မြင့်တက်သွားပြီ ဖြစ်တယ်လို့ သိရပါတယ်။

                ကျွမ်းကျင်သူတွေ အနေနဲ့ အသေးစိတ် စစ်ဆေးကြည့်တဲ့အခါမှာ YouTube Ads တွေကို အသုံးပြုပြီး Mining ပျော်ပျော်ကြီး လုပ်နေတဲ့ မသမာတဲ့ Domain ၅ ခုကို တွေ့ရှိခဲ့ရပြီး ဒီ Domain ၅ ခုမှာလည်း Traffics က ၅ ဆအထိ မြင့်တက်လာတယ်လို့ သိရပါတယ်။ နောက်ပြီး ဒီ Traffics တွေရဲ့ Source ကလည်း Google ရဲ့ DoubleClick Ads တွေ ဖြစ်တယ်လို့ သိရပါတယ်။

                CoinHive ဘက်ကလည်း Mining လုပ်ဆောင်နိုင်ရန် အတွက် JavaScript Code တွေကိုပေးထားပြီး Mining လုပ်လို့ရရှိတဲ့ ပမာဏရဲ့ ၃၀ ရာခိုင်နှုန်း ကောက်ခံနေတယ်လို့ သိရပါတယ်။ အခုအချိန်မှာ YouTube Ads တွေရဲ့ ၉၀ ရာခိုင်နှုန်းမှာ CoinHive ရဲ့ JavaScript Code တွေ ပါဝင်နေပြီး ကျန်ရှိနေတဲ့ ၁၀ ရာခိုင်နှုန်းကတော့ CoinHive ကို ပေးရမယ့် ၃၀ ရာခိုင်နှုန်းကို ပေးဆောင်စရာမလိုအောင် Hacker တွေ ပြန်လည်ပြုပြင်ထားတဲ့ JavaScript Code တွေ ဖြစ်တယ်လို့ သိရပါတယ်။

                YouTube Ads တွေကနေ Mining လုပ်ခံနေရတဲ့ နိုင်ငံတွေကတော့ ဂျပန်၊ ပြင်သစ်၊ ထိုင်ဝမ်၊ အီတလီ၊ စပိန် တို့ပဲ ဖြစ်ပါတယ်။ YouTube ဟာ ကမ္ဘာပေါ်မှာ အသုံးပြုသူ လူဦးရေ ၁.၅ သန်းကျော် ရှိပြီး လူသုံးအများဆုံး Video Streaming Website တစ်ခု ဖြစ်တာကြောင့် မသမာသူတွေအတွက် အဓိက ပစ်မှတ်တစ်ခု ဖြစ်နေတာလို့လည်း သိရပါတယ်။

                အခုကိစ္စနဲ့ ပတ်သတ်ပြီး Google ကတော့

                "YouTube ကြော်ငြာတွေကနေတစ်ဆင့် Cryptocurrency Mining လုပ်တယ်ဆိုတာ ကျွန်တော်တို့ရဲ့ စည်းမျဉ်းစည်းကမ်းတွေကို လက်တစ်လုံးခြား ချိုးဖောက်နေတာပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ Google အနေနဲ့ ဒီကိစ္စကို ဂရုတစိုက် လေ့လာစစ်ဆေးသွားမှာ ဖြစ်ပါတယ်။

                Google ရဲ့ Platform အားလုံးမှာလည်း အခုလို အဖြစ်မျိုး ထပ်မံ မကြုံတွေ့ရလေအောင် Multi-Layered Detection စနစ်ကို ထည့်သွင်းသွားမှာဖြစ်ပြီး Update တစ်ခုကို အမြန်ဆုံး ထုတ်ပေးသွားမှာ ဖြစ်ပါတယ်။အခုအချိန်မှာတော့ Mining Script ပါဝင်နေတဲ့ Ads တွေကို နှစ်နာရီအတွင်း Block လုပ်ပေးသွားမှာဖြစ်ပြီး မသမာသူတွေကိုလည်း Google ရဲ့ Platform တွေကနေ ဖယ်ရှားသွားမှာ ဖြစ်ပါတယ်”

လို့ ပြောကြားသွားခဲ့ပါတယ်။

This Article is contributed by Phyo Kyaw Swar.
References
Gadgets NDTV TechViral
About Author
Assinged Tags
Google Youtube Ads AdSense Digital Coins Cryptocurrency Monero Coins Coinhive Mining
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed