Bitcoin ထည့်သွင်း သိမ်းဆည်းထားနိုင်တဲ့ Hardware Wallet Device တွေမှာ လုံခြုံရေးယိုပေါက်မှု ရှိနေကြောင်း လေ့လာတွေ့ရှိ

date_range 26 January 2018

Bitcoin ထည့်သွင်း သိမ်းဆည်းထားနိုင်တဲ့ Hardware Wallet Device တွေမှာ လုံခြုံရေးယိုပေါက်မှု ရှိနေကြောင်း လေ့လာတွေ့ရှိ

visibility 240 Views

                Cryptocurrencies တွေဖြစ်တဲ့ Bitcoin, Ethereum တို့ကို သိမ်းဆည်းထားနိုင်တဲ့ Wallet Device တွေမှာ လုံခြုံရေးယိုပေါက်တွေ ရှိနေတာကြောင့် Hacker တွေအနေနဲ့ အလွယ်တကူ ခိုးယူသွားနိုင်ကြောင်းနဲ့အတူ Wallet Device တွေကို တိုက်ခိုက်ခြင်းမှ ကာကွယ်ပေးနိုင်တဲ့ နည်းလမ်းကိုလည်း ရှာဖွေတွေ့ရှိခဲ့ပြီဖြစ်ကြောင်း England နိုင်ငံ Edinburgh တက္ကသိုလ်မှ လေ့လာစမ်းသပ်သူများက ပြောကြားသွားခဲ့ပါတယ်။

                Edinburgh တက္ကသိုလ်က လေ့လာစမ်းသပ်သူတွေအနေနဲ့ Bitcoin Wallet တွေထဲက လူသုံးများတဲ့ Wallet မော်ဒယ်တွေကို အသေးစိတ် လေ့လာစမ်းသပ်ခဲ့ရာကနေ အခုလိုမျိုး လုံခြုံရေးယိုပေါက်ကို ရှာဖွေတွေ့ရှိခဲ့ကြတာပဲ ဖြစ်ပါတယ်။ Bitcoin ထည့်သွင်း သိမ်းဆည်းထားတဲ့ Hardware Wallet ကနေ ငွေအလွှဲပြောင်း လုပ်ချင်တယ်ဆိုရင် ကွန်ပြူတာနဲ့ ချိတ်ဆက်ထားဖို့ လိုအပ်ပါတယ်။ 

                လေ့လာစမ်းသပ်သူတွေ အနေနဲ့ Computer နဲ့ Wallet ချိတ်ဆက်ထားတဲ့ အချိန်မှာ ရိုးရှင်းပြီး အန္တရာယ်များတဲ့ Malware တစ်ခုကို Computer ထဲ ထည့်သွင်းလိုက်ရုံနဲ့ Wallet တစ်ခုလုံးကို ထိန်းချုပ်နိုင်တဲ့ ယိုပေါက်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့တာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အခုလို Malware တစ်ခုထည့်သွင်းလိုက်ရုံနဲ့ Wallet ထဲက Bitcoin တွေကို အလွယ်တကူ ခိုးယူနိုင်တဲ့အပြင် အခြား အကောင့်ထဲကို လွှဲပြောင်းရာမှာလည်း အခက်အခဲမရှိ လွယ်လွယ်ကူကူနဲ့ လွှဲပြောင်းနိုင်ကြောင်းကိုလည်း လက်တွေ့ စမ်းသပ်ပြသခဲ့ပါတယ်။

                Information Security ဂျာနယ်ရဲ့ ဖော်ပြချက်များအရ အခုလို Wallet Device တွေရဲ့ Security ယိုပေါက်ကို ဖြေရှင်းပေးဖို့အတွက် Hardware Wallet Device ထုတ်လုပ် ဖြန့်ချီသူတွေကို လေ့လာ စမ်းသပ်သူတွေက တောင်းဆိုထားတယ်လို့ သိရပါတယ်။ သူတို့အနေနဲ့ Bitcoin Wallet နဲ့ Computer အကြား အပြန်အလှန် ဆက်သွယ်မှုတွေကို Encrypt လုပ်ပေးနိုင်တယ်လို့ ပြောကြားသွားခဲ့ပါတယ်။ ဒါ့အပြင် အခုလို Encrypt လုပ်လိုက်မယ်ဆိုရင် Bitcoin Hardware Wallet တွေကို Malware နဲ့ တိုက်ခိုက်ပြီး အလွယ်တကူ ခိုးယူမှုတွေကို လုပ်ဆောင်နိုင်မှာ မဟုတ်တော့ဘူးလို့ ထပ်မံ ပြောကြားသွားခဲ့ပါတယ်။

                "ပိုက်ဆံအိတ်ဆိုတာ ကျွန်တော်တို့ရဲ့ ပိုက်ဆံတွေကို သိမ်းဆည်းပေးထားရုံနဲ့ မပြီးသေးပါဘူး။ ပိုက်ဆံအိတ်ထဲမှာ ရှိနေတဲ့ ပိုက်ဆံတွေကို လုံခြုံစွာ ထိန်းသိမ်းထားပေးဖို့လည်း လိုအပ်ပါတယ်။ အခုလိုမျိုး ခေတ်မီနည်းပညာတွေအသုံးပြုပြီး တည်ဆောက်ထားတဲ့ Hardware Wallet ထဲမှာ ရှိနေတဲ့ အသုံးပြုသူတွေရဲ့ ပိုက်ဆံ (Bitcoin) တွေကို အလွယ်တကူ Access လုပ်နိုင်ခဲ့တယ်ဆိုတာ အံ့အားသင့်စရာ ကောင်းလောက်အောင်ပါပဲ။ အခုအချိန်မှာ Digital ငွေကြေးတွေကို အကာအကွယ်ပေးနိုင်တာ ဘာမှမရှိသေးပါဘူး။ ဒါပေမယ့် ကျွန်တော်တို့အနေနဲ့ Digital ငွေကြေးတွေကို ထိန်းသိမ်းထားတဲ့ Device တွေ အားလုံးကိုတော့ တတ်နိုင်သမျှ အကာအကွယ် ပေးသွားဖို့ လိုအပ်ပါတယ်"

လို့ Edinburgh တက္ကသိုလ်မှ လေ့လာစမ်းသပ်သူများရဲ့ အဖွဲ့ခေါင်းဆောင် Gkaniatsou က ပြောကြားသွားခဲ့ပါတယ်။

This Article is contributed by Phyo Kyaw Swar.
References
Gadget NDTV
About Author
Assinged Tags
Security Cyber Security Malware Hack Hacker BitCoin Cryptocurrency Security Flaw
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed