အခုတွေ့ရှိတဲ့ Malware ကတော့ ထူးထူးခြားခြား Malware ပါပဲ။ ဘာလို့လဲဆိုတော့ အဲ့ဒီ့ Malware က Windows User တွေကို အဓိကထား တိုက်ခိုက်မယ့် Malware တစ်ခုဖြစ်ပြီး Android အသုံးပြုသူတွေ စိတ်ပူစရာမလိုတဲ့ Malware ဖြစ်နေလို့ပါ။
Android OS ဟာ Malware တိုက်ခိုက်မှုတွေ ခဏခဏခံရတယ်ဆိုတာ လူတိုင်းသိပါတယ်။ လွန်ခဲ့တဲ့ ဒီဇင်ဘာလတုန်းကလည်း “Gooligan” ဆိုတဲ့ Malware တိုက်ခိုက်မှုကြောင့် သန်းပေါင်းများစွာသော Android အသုံးပြုတွေရဲ့ အရေးကြီး အချက်အလက်တွေ ဆုံးရှံးခဲ့ရပါတယ်။
အခု Malware ကိုတော့ Cyber လုံခြုံရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ Palo Alto ကနေ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ တွေ့ရှိလျှင် တွေ့ရှိခြင်းမှာပဲ Palo Alto က တာဝန်ရှိသူတွေဟာ Google ကို အဲ့ဒီ့ App တွေဖျက်ပေးဖို့ ချက်ချင်းအကြောင်းကြားခဲ့ပါတယ်။
အခု Malware ဟာ အင်ဒိုနားရှားနိုင်ငံက Developer တွေပြုလုပ်ခဲ့တယ်လို့ ယူဆရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ Malware ပါဝင်တဲ့ App တွေရဲ့ နိုင်ငံနာမည်ဟာ အင်ဒိုနီးရှားဆိုပြီး ပြနေလို့ပါ။
ကျွမ်းကျင်သူတွေကတော့
“Malware ပြဿနာကတော့ ဘယ် OS အတွက် မဆိုရှိတာပါပဲ။ ဒါပေမယ့် ဒီလို Malware တွေပါနေတဲ့ App တွေကို Google Playstore က တင်းတင်းကျပ်ကျပ် မစစ်ဆေးနိုင်တာကတော့ ပြဿနာတစ်ခုပါ”
လို့ပြောကြပါတယ်။
 
             
	 
      			 
      			 
      			 
      			 
                     
                         
                         
                         
                         
                         
                             
                             
                             
                             
                             
             
             
             
             
            
Join Us On