ကမ္ဘာ့အပါးဆုံး Laptop ဖြစ်လာမယ့် Swift 7 နဲ့အတူ Spin 3၊ Nitro 5၊ Chromebook 11 တို့ကို Acer မိတ်ဆက်

date_range 10 January 2018

ကမ္ဘာ့အပါးဆုံး Laptop ဖြစ်လာမယ့် Swift 7 နဲ့အတူ Spin 3၊ Nitro 5၊ Chromebook 11 တို့ကို Acer မိတ်ဆက်

visibility 360 Views

                ထိုင်ဝမ်အခြေစိုက် နည်းပညာကုမ္ပဏီဖြစ်တဲ့ Acer ဟာ CES 2018 မှာ ကမ္ဘာ့အပါးဆုံး Laptop ဖြစ်လာမယ့် Acer Swift 7 နဲ့အတူ 2-In-1 Laptop ဖြစ်တဲ့ Acer Spin 3၊ Gaming Laptop ဖြစ်တဲ့ Nitro 5၊ Chromebook 11 တို့ကို မိတ်ဆက်သွားခဲ့ပါတယ်။ ဒါ့အပြင် ၂၀၁၇ သြဂုတ်လတုန်းက ကျင်းပခဲ့တဲ့ IFA 2017 မှာ ပြသသွားခဲ့တဲ့ Predator Orion 9000 Monitor နဲ့ Switch 7 Black Edition 2-In-1 Laptop တို့ကို US မှာ စတင်ရောင်းချတော့မှာ ဖြစ်တဲ့အကြောင်းကိုလည်း CES 2018 မှာ ကြေငြာသွားခဲ့ပါတယ်။

Acer Swift 7

                အခုမိတ်ဆက်လိုက်တဲ့ Acer Swift 7 ဟာ အရင်တုန်းက ထွက်ရှိထားတဲ့ 9.8mm အထူရှိ Swift 7 မော်ဒယ်ဟောင်းကို အဆင့်မြှင့်တင်ထားတာပဲ ဖြစ်ပါတယ်။ အဆင့်မြှင့်တင်ထားတဲ့ Swift 7 ဟာ 8.98mm သာထူတော့မှာဖြစ်ပြီး ကမ္ဘာ့အပါးဆုံး Laptop တစ်လုံး ဖြစ်လာတော့မှာပါ။ Display ပိုင်းမှာတော့ ၁၄ လက်မ Full-HD Touchscreen Panel ကို အသုံးပြုထားပါတယ်။ ဒါ့အပြင် ဒီ Display ကို ကာကွယ်ပေးဖို့အတွက် Corning Gorilla Glass ကို အသုံးပြုထားပါတယ်။


                Intel 7th Generation Processor ကို အသုံးပြုထားပြီး 8GB LPDDR3 RAM ပါဝင်မှာ ဖြစ်ပါတယ်။ Storage အတွက် 256GB PCIe SSD ပါဝင်မှာ ဖြစ်ပါတယ်။ Built-In Nano SIM Slot နဲ့အတူ eSIM Functionality ပါဝင်တာကြောင့် LTE Connection ကို အသုံးပြုနိုင်ဦးမှာ ဖြစ်ပါတယ်။ Acer Swift 7 မော်ဒယ်အသစ်ဟာ အရင်ထွက်ရှိထား တဲ့ Swift 7 မော်ဒယ်လိုပဲ Windows 10-Based Laptop တစ်လုံး ဖြစ်ပါတယ်။

                ကိုယ်ထည်ပိုင်းအတွက် Aluminum Unibody ကို အသုံးပြုထားတဲ့ Acer Swift 7 မှာ Backlit Keyboard ပါဝင်မှာ ဖြစ်သလို Gorilla Glass NBT နဲ့ကာကွယ်ထားတဲ့ Touchpad လည်း ပါဝင်မှာ ဖြစ်ပါတယ်။ Swift 7 Laptop မှာ Fingerprint Reader ပါဝင်မှာ ဖြစ်ပြီး Windows Hello ကနေတစ်ဆင့် Face Detection ကို Support လုပ်ပေးသွားမှာ ဖြစ်ပါတယ်။


                တစ်ခါ အားအပြည့်သွင်းထားရုံနဲ့ Battery ၁၀နာရီ အသုံးခံတယ်လို့ Acer က ဆိုထားပါတယ်။ အသစ်ထွက်ရှိလာမယ့် Acer Swift 7 Laptop ကို လာမယ့် မတ်လကစတင်ပြီး အမေရိကန်နိုင်ငံမှာ ကန်ဒေါ်လာ ၁,၆၉၉ ဝန်းကျင် နဲ့ ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။

Acer Spin 3


                Spin 3 မော်ဒယ်အသစ်ကို ထုတ်လုပ်ခဲ့တဲ့ အဓိကရည်ရွယ်ချက်ကတော့ ၂၄ နာရီ အသုံးပြုနိုင်ဖို့အတွက် အပြင် Laptop တစ်လုံးလိုပဲ ဖြစ်ဖြစ်၊ Table တစ်လုံးလိုပဲ ဖြစ်ဖြစ် ဘက်စုံသုံး Laptop တစ်လုံးအဖြစ် အသုံးပြုနိုင်စေဖို့ အတွက်ဖြစ်တယ်လို့ Acer က ပြောထားပါတယ်။ ဒါ့အပြင် Spin 3 မှာ 360-Degree Dual-Torque Hinge Design ကို အသုံးပြုထားတဲ့ အတွက်ကြောင့် အခြား Laptop တွေလို အသုံးပြုဖို့အတွက် နေရာ အများကြီး လိုအပ်မှာမဟုတ်ဘူးလို့လည်း ပြောသွားပါတယ်။


                Spin 3 Notebook မှာ Swift 7 မော်ဒယ်အသစ်မှာတောင် အသုံးပြုထားခြင်းမရှိတဲ့ Intel ရဲ့ 8th Generation Core Processor ကို အသုံးပြုထားပါတယ်။ Display ပိုင်းအတွက် ၁၄ လက်မ Full HD IPS Display ကို အသုံးပြုထားတယ်။ နောက်ပြီး Acer ရဲ့ TrueHarmony နည်းပညာကို အသုံးပြုထားတဲ့ Speaker နှစ်လုံးလည်း ပါဝင်မှာ ဖြစ်ပြီး Battery ၁၂ နာရီကြာ အသုံးခံမယ်လို့တော့ Acer က ပြောထားပါတယ်။ Spin 3 မော်ဒယ်အသစ်ကိုတော့ လာမယ့် ဖေဖေါ်ဝါရီလမှာ အမေရိကန်ဒေါ်လာ ၅၆၆ ဒေါ်လာ ဝန်းကျင်နဲ့ စတင်ရောင်းချသွားမှာပဲ ဖြစ်ပါတယ်။

Acer Nitro 5

                CES 2018 မှာ ဂိမ်မာတွေအတွက် ရည်ရွယ်ပြီး Budget Gaming Laptop တစ်လုံးဖြစ်တဲ့ ၁၅ လက်မ အရွယ်အစားရှိ Nitro 5 မော်ဒယ်အသစ်ကို Acer ကထပ်မံ မိတ်ဆက်ပေးခဲ့ပါတယ်။ Nitro 5 မော်ဒယ်အသစ်မှာ ၁၅.၆ လက်မ Display ကို အသုံးပြုထားပါတယ်။ Processor ပိုင်းမှာ Ryzen ရဲ့ Mobile Processor ကို အသုံးပြုထားပြီး Graphic ပိုင်းမှာတော့ Radeon RX560 Graphic ကို အသုံးပြုထားပါတယ်။


                RAM အနေနဲ့ 32GB အထိ ရွေးချယ်နိုင်မှာဖြစ်ပြီး Storage ပိုင်းမှာ 512GB SSD Storage အထိ ရွေးချယ် ဝယ်ယူနိုင်မှာပဲ ဖြစ်ပါတယ်။ Port တွေအနေနဲ့ USB Type-C၊ Gigabit Ethernet၊ HDMI 2.0 တို့ပါဝင်မှာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် GPU နဲ့ CPU တို့ရဲ့ အခြေအနေကို အမြဲတမ်း စစ်ဆေးနိုင်မယ့် NitroSense Software ကိုလည်း ထည့်သွင်းပေးထားတယ်လို့ သိရပါတယ်။ Acer Nitro 5 မော်ဒယ်အသစ်ကို လာမယ့် ဧပြီလကစတင်ပြီး အမေရိကန်ဒေါ်လာ ၇၉၉ ဒေါ်လာနဲ့ ရောင်းချသွားမှာပဲ ဖြစ်ပါတယ်။

Acer Chromebook 11

                Laptop မော်ဒယ်သစ် ၃ လုံးအပြင် CES 2018 ပွဲမှာ Acer က ထပ်မံ မိတ်ဆက်ပေးလိုက်တာကတော့ Chromebook 11 မော်ဒယ်အသစ်ပဲ ဖြစ်ပါတယ်။ Acer Chromebook 11 မော်ဒယ်အသစ်ကို CB311-8H နဲ့ CB311-8HT ဆိုပြီး မော်ဒယ်နှစ်မျိုး ထုတ်လုပ်ရောင်းချသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ မော်ဒယ်နှစ်ခုလုံးအတွက် ၁၁.၅ လက်မအကျယ်ရှိတဲ့ IPS 1366x768 Pixels Display ကို အသုံးပြုထား ပါတယ်။


                Processor ပိုင်းမှာတော့ Intel ရဲ့ နောက်ဆုံးပေါ် Celeron Processor ကို အသုံးပြု ထားတယ်လို့ သိရပါတယ်။ RAM အနေနဲ့ မော်ဒယ် ၂ ခုလုံးမှာ 4GB ပါဝင်မှာပြီး Storage ပိုင်းအတွက် 16GB eMMC Storage ဒါမှမဟုတ် 32GB eMMC Storage အနေနဲ့ ရွေးချယ် ဝယ်ယူနိုင်မှာပဲ ဖြစ်ပါတယ်။

                Connectivity ပိုင်းမှာတော့ USB 3.1 ၁ ပေါက်၊ USB 3.0 ၂ ပေါက်အပြင် Bluetooth v4.2 နဲ့ 2x2 MIMO 802.11 ac Wi-Fi ပါဝင်ပါတယ်။ အသစ်ထွက်လာမယ့် Chromebook 11 မှာ စိတ်ဝင်စားဖို့ ကောင်းတဲ့အချက် တစ်ချက်ကတော့ Battery အားသွင်းဖို့အတွက် USB 3.0 ၂ ပေါက်လုံး ကို အသုံးပြုလို့ ရနိုင်တာပဲ ဖြစ်ပါတယ်။

                Video Conference တွေလုပ်နိုင်မယ့် HDR Camera တစ်လုံး ပါရှိမှာဖြစ်ပြီး Battery Life အနေနဲ့ ၁၀ နာရီကျော် အသုံးခံတယ်လို့ သိရပါတယ်။ Chromebook 11 ကို Touchscreen ပါတဲ့ မော်ဒယ်အနေနဲ့လည်း ထုတ်လုပ်ရောင်းချသွားမယ်လို့ သိရပါတယ်။ Chromebook 11 မော်ဒယ်အသစ်ကိုတော့ လာမယ့် မတ်လကနေစတင်ပြီး အမေရိကန်ဒေါ်လာ ၂၄၉ ဒေါ်လာနဲ့ ရောင်းချသွားမှာပဲ ဖြစ်ပါတယ်။

This Article is contributed by Phyo Kyaw Swar.
References
Gadget NDTV Engadget
About Author
Assinged Tags
Acer Hybrid Laptop Gaming Laptop Laptop
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed