ဖုန်းတွေအတွက် Opera Browser တွေမှာ Anti-Cryptocurrency Mining Feature စတင် ပါဝင်လာ

date_range 23 January 2018

ဖုန်းတွေအတွက် Opera Browser တွေမှာ Anti-Cryptocurrency Mining Feature စတင် ပါဝင်လာ

visibility 420 Views

                မကြာသေးမီ အချိန်က Windows, macOS, Linux တို့အတွက် Cryptocurrency Mining အန္တရာယ်ကနေ ကာကွယ်ပေးမယ့် Opera 50 Version Desktop Browser ကို ထုတ်ပေးခဲ့တဲ့ Opera ဟာ အခုအခါမှာလည်း ဖုန်းတွေမှာပါ Browser ကနေတစ်ဆင့် တိတ်တဆိတ် Cryptocurrency Mining အလုပ်ခံရတာကို ကာကွယ်ပေးနိုင်မယ့် Anti-Cryptocurrency Mining Feature ကို ထည့်သွင်းပေးလိုက်ပြီ ဖြစ်ပါတယ်။

                Bitcoin နဲ့ အခြား Cryptocurrencies တွေ နာမည်ကြီးလာတာနဲ့အမျှ မသမာသူတွေအနေနဲ့ လူကြည့်များတဲ့ Website တွေမှာ Script တွေထည့်သွင်းပြီး Cryptojacking လို့ခေါ်တဲ့ Mining Process တွေကို တရားမဝင် လုပ်ဆောင်လာပြီ ဖြစ်ပါတယ်။ Cryptocurrencies တွေနဲ့ ပက်သက်ပြီး အသေးစိတ် သိချင်ရင် ဒီမှာ ဖတ်ကြည့်လို့ရပါတယ်။

                Cryptojacking Process က ဘယ်လိုမျိုးလည်းဆိုတော့ တကယ်လို့ User တစ်ယောက်က စမတ်ဖုန်း ဒါမှမဟုတ် ကွန်ပြူတာကနေ Mining Script အထည့်ခံထားရတဲ့ Website တစ်ခုကို ဝင်မိမယ် ဆိုရင် မိမိစမတ်ဖုန်း ဒါမှမဟုတ် ကွန်ပြူတာမှာ လျှို့ဝှက် Mining Process တစ်ခု လုပ်ဆောင်နေခြင်းကို ခံနေရမှာ ဖြစ်ပါတယ်။

                Opera ရဲ့ အဆိုအရ Browser ကနေ တစ်ဆင့် Script Mining အလုပ်ခံနေရမယ်ဆိုရင် စမတ်ဖုန်း CPU Usage ၁၀၀ ရာခိုင်နှုန်း အထိ မြင့်တက်လာမှာ ဖြစ်ပြီး စမတ်ဖုန်း အပူလွန်ခြင်း၊ Battery ကြာရှည်မခံခြင်း၊ စတဲ့ မလိုလားအပ်တဲ့ ပြဿနာတွေနဲ့ ကြုံတွေ့ရနိုင်တယ်လို့ သိရပါတယ်။

                Opera ရဲ့ အဆိုအရ အခုအချိန်မှာ Cryptojacking လုပ်ခံနေရတဲ့ (Mining လုပ်ဖို့အတွက် Script အထည့်ခံထားရတဲ့) Website ၃ သန်းကျော်ရှိနေပြီလို့ သိရပါတယ်။ ဒါကြောင့် အခု Anti-Cryptocurrency Mining Feature အသစ်က စမတ်ဖုန်းတွေမှာ Mining လုပ်ခံရတဲ့ ရန်ကနေ ကာကွယ်ပေးဖို့အတွက် Mining Scrpit တွေကို Block လုပ်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

                Opera ရဲ့ Product Marketing Vice President ဖြစ်တဲ့ Jan Standal က Cryptojacking နဲ့ ပတ်သတ်ပြီး

                “ကျွန်တော်တို့ အနေနဲ့ Website တစ်ခုကို ဝင်ကြည့်လိုက်ရုံနဲ့ ကျွန်တော်တို့ အသုံးပြုနေတဲ့ Device တွေမှာ Mining လုပ်ခံနေရလား၊ အလုပ်မခံရဘူးလား သိဖို့ဆိုတာ လွယ်တဲ့ ကိစ္စ မဟုတ်ပါဘူး။ Script Mining ထည့်ခံထားရတဲ့ Webpage တစ်ခုကို ဝင်ကြည့်မိပြီး အဲ့ Tab လေးကို ဖွင့်ထားလိုက်မိ မယ်ဆိုရင် ဖုန်း Battery ၄ နာရီခွဲစာလောက် ပလိန်းကြီး ကုန်သွားမှာ အမှန်ပါပဲ။"

လို့ ပြောကြားသွားခဲ့ပါတယ်။

                အသစ်ပါဝင်လာမယ့် Anti-Cryptocurrency Mining Feature ကတော့ Opera Mini၊ Opera For Android တို့မှာ Ad Blocker ကို Activate လုပ်ထားလိုက်ရုံနဲ့ Default အနေနဲ့ Run နေမှာ ဖြစ်ပါတယ်။ Opera ရဲ့ အဆိုအရ Ad Blocker ကို Browser ရဲ့ Setting Tab ကနေတစ်ဆင့် Activate လုပ်နိုင်မယ်လို့ သိရပါတယ်။ Ad Blocker ကို Activate လုပ်ထားလိုက်ရုံ နဲ့  Webpage တွေမှာ Mining Script တွေကို တွေ့ရှိခဲ့မယ်ဆိုရင် အလိုအလျောက် ရပ်တန့်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

                ဒါ့အပြင် Opera အနေနဲ့ User တွေ အတွက် သူတို့အသုံးပြုနေတဲ့ Browser မှာ Crypto Mining အလုပ်ခံနေရလား ဆိုတာကို စစ်ဆေးနိုင်မယ့် Cryptojackingtest ဆိုတဲ့ Website ကိုလည်း ထပ်မံ မိတ်ဆက်ထားပါသေးတယ်။ ဒီ Website ကတော့ Opera Browser နဲ့မှ မဟုတ်ပါဘူး။ ဘယ် Browser နဲ့ပဲဖြစ်ဖြစ် အခမဲ့ စစ်ဆေးနိုင်မှာ ဖြစ်ပါတယ်။ စစ်ဆေးချင်တယ်ဆိုရင်တော့ ဒီမှာ စစ်ဆေးနိုင်ပါတယ်။

                မကြာသေးမီအချိန်က Opera အနေနဲ့ Windows, macOS, Linux တို့အတွက် Opera 50 Web Browser ကို မိတ်ဆက်ပေးခဲ့ပါတယ်။ Opera 50 Browser မှာ NoCoin ဆိုတဲ့ Feature အသစ်တစ်ခု ပါဝင်လာပြီး အဲ့ဒီ Feature က Cryptocurrency Mining Scrpits တွေကို Block လုပ်ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။ NoCoin Feature ကို အသုံးပြုချင်တယ် ဆိုရင်တော့ Setting Tab ကနေတစ်ဆင့် Ad Blocker ကို Activate လုပ်ပြီး အသုံးပြုနိုင်မှာပါ။

This Article is contributed by Phyo Kyaw Swar.
References
Gadgets NDTV
About Author
Assinged Tags
Opera Mobile Browser Cryptocurrency Mining Android Browser Opera Browser Opera Mini
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed