18:9 Display နဲ့အတူ Samsung ရဲ့ Exynos 7872 SoC အသစ်တို့နဲ့ ပွဲထွက်လာတဲ့ Meizu M6s

date_range 18 January 2018

18:9 Display နဲ့အတူ Samsung ရဲ့ Exynos 7872 SoC အသစ်တို့နဲ့ ပွဲထွက်လာတဲ့ Meizu M6s

visibility 2180 Views

                Meizu အနေနဲ့  Meizu M Series  တွေရဲ့ မျိူးဆက်သစ် ဖြစ်တဲ့ Meizu M6s ကို မနေ့က မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ ဒီဖုန်းက Meizu တို့အတွက် ၂၀၁၈ ခုနှစ်မှာ ပထမဆုံး မိတ်ဆက်ခဲ့တဲ့ ဖုန်းဖြစ်သလို 18:9 Aspect Ratio Display ကို ပထမဆုံး အသုံးပြုထားတဲ့ ဖုန်းဆိုရင်လဲ မမှားပါဘူး။ နောက်ပြီး Meizu M6s ဟာ M6 Note ရဲ့ မျိုးဆက်သစ်လည်း ဖြစ်ပါတယ်။

                Meizu M6s ဟာ Android 7.1.2 Nougat နဲ့ ပွဲထွက်လာတာဖြစ်ပြီး Flyme OS 6.2 UI နဲ့ ဖြစ်ပါတယ်။ Display အပိုင်းမှာ ၅.၇ လက်မ မျက်နှာပြင်အကျယ်ရှိ HD+ Display ကို အသုံးပြုထားမှာ ဖြစ်ပါတယ်။ Resolution 720x 1440 pixels ရှိပြီး Pixel Density ကတော့ 282 ppi ရှိမှာပါ။

                Camera အပိုင်းမှာတော့ ကျောဘက်မှာ 16MP f/2.0 Aperture Samsung CMOS Lens ကို တပ်ဆင်ထားမှာ ဖြစ်ပါတယ်။ ရှေ့မျက်နှာပြင်ဘက်မှာတော့ 8MP f/2.0 Aperture Camera ကို တပ်ဆင်ထားမှာ ဖြစ်ပြီး Selfie ဓာတ်ပုံတွေကို ArcSoft Beauty Algorithm Adaptive Skinning Technology လို့ခေါ်တဲ့ နည်းပညာကြောင့် User ရဲ့ မျက်နှာနဲ့ လိုက်ဖက်မယ့် လှလှပပ Selfie ရိုက်နိုင်မယ်လို့ Meizu က ဆိုထားပါတယ်။

                Processor ကိုတော့ Samsung က ပူပူနွေးနွေး မိတ်ဆက်သွားတဲ့ Exynos 7872 SoC ကို အသုံးပြုထားပြီး Mali-G71 GPU ပါဝင်မှာပါ။ Exynos 7872 SoC က Hexa-Core ဖြစ်ပြီး Cortex-A73 2.0GHz နှစ်လုံးနဲ့ Cortex-A53 1.6GHz လေးလုံး ပါဝင်မှာ ဖြစ်ပါတယ်။ ဒီ Processor က တခြားဖုန်းတွေမှာ အသုံးပြုနိုင်ဖို့ ပြုလုပ်ထားတဲ့ Samsung ရဲ့ Mid-Range SoC အသစ်ဖြစ်ပြီး Meizu M6s မှာ ပထဆုံး အသုံးပြုထားတာ ဖြစ်ပါတယ်။

                Storage အပိုင်းမှာတော့ 32GB နဲ့ 64GB ၂ မျိူး ရွေးချယ်ဝယ်ယူနိုင်မှာ ဖြစ်ပြီး RAM ကတော့ 3GB ပါဝင်မှာ ဖြစ်ပါတယ်။ Storage မလောက်ဘူးဆိုရင်လဲ 128GB ထိ ထပ်စိုက်နိုင်မှာ ဖြစ်ပါတယ်။ Connectivity ပိုင်းမှာ 4G VoLTE, Wi-Fi 802.11 a/b/g/n, နဲ့ Bluetooth 4.2 တို့ကို Support ပေးမှာ ဖြစ်ပါတယ်။ Battery သိုလှောင်မှု ပမာဏကတော့ 3000mAh ပါဝင်မှာ ဖြစ်ပြီး 18W Fast Charging Support ပေးမှာ ဖြစ်ပါတယ်။


                Fast Charging က ၁၅ မိနစ်အတွင်းမှာ 30% ထိ အားသွင်းနိုင်မှာ ဖြစ်ပြီး ၃၀ မိနစ် အတွင်းမှာ 52% ထိ အားသွင်းနိုင်မှာ ဖြစ်တယ်လို့ Meizu က ပြောထားပါတယ်။ 18:9 Display ဖြစ်သွားတဲ့အတွက် Fingerprint Sensor ကို ရှေ့မျက်နှာပြင်မှာ မထားတော့ပဲ ဖုန်းရဲ့ညာဘက်ခြမ်း Power Button ရဲ့ အောက်နားလေးမှာ အချိုင့်လေး လုပ်ပေးထားတာကို တွေ့ရပါတယ်။

                နောက်ပြီး Fingerprint Sensor က 0.2 Second အတွင်းမှာ ဖုန်းကို Unlock လုပ်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ နောက်ထပ် ပါဝင်လာတဲ့ Feature တစ်ခုကတော့ Navigation Gestures တွေ ပိုမိုပါဝင်လာတဲ့ Super mBack Button ဒါမှမဟုတ် Halo Button ပဲ ဖြစ်ပါတယ်။ ဒီ Button လေးကို ဘယ်လိုအသုံးပြုလို့ရလည်း ဆိုတာကို အောက်က Demo Video မှာ ကြည့်ရှုနိုင်ပါတယ်။

                Meizu M6s ကို 32GB မော်ဒယ်အတွက် တရုတ်ငွေ ၉၉၉ ယွမ် (မြန်မာငွေ ၂၀၀,၀၀၀ ကျပ် ဝန်းကျင်) ကျသင့်မှာ ဖြစ်ပြီး 64GB မော်ဒယ်အတွက် တရုတ်ငွေ ၁,၁၉၉ ယွမ် (မြန်မာငွေ ၂၅၀,၀၀၀ ကျပ် ဝန်းကျင်) ကျသင့်မယ်လို့ သိရပါတယ်။ အရောင်တွေ အနေနဲ့ Champagne Gold, Matte Black, Moon Silver နဲ့ Cobalt Blue ဆိုပြီး ၄ မျိူး ရွေးချယ်ဝယ်ယူနိုင်မှာ ဖြစ်ပြီး ဇန်နဝါရီ ၁၉ ရက်နေ့မှာ Online Register လုပ်ထားသူများအတွက် စတင်ရောင်းချမယ်လို့ သိရပါတယ်။ Miezu M6s ကို တရုတ်နိုင်ငံမှာ Meizu S6 ဆိုတဲ့နာမည်နဲ့ မိတ်ဆက်သွားတယ်လို့လည်း သိရပါတယ်။

This Article is contributed by Thaw Zin.
References
The Verge Gadgets NDTV
About Author
Assinged Tags
Smartphones Meizu Meizu M6 Note Exynos Exynos 7872 Meizu M6s
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed