Mid-Range Mobile Processor သစ် Exynos 7872 SoC ကို မိတ်ဆက်ပေးလိုက်တဲ့ Samsung

date_range 18 January 2018

Mid-Range Mobile Processor သစ် Exynos 7872 SoC ကို မိတ်ဆက်ပေးလိုက်တဲ့ Samsung

visibility 720 Views

                Samsung အနေနဲ့ Mid-Range Mobile Processor သစ်တစ်ခုဖြစ်တဲ့ Exynos 7872 SoC ကို ဇန်နဝါရီလ ၁၇ ရက်နေ့က တရားဝင် မိတ်ဆက်သွားခဲ့ပါတယ်။ Exynos 7872 SoC ဟာ အရင်တုန်းက ထွက်ရှိခဲ့တဲ့ Exynos 7870 SoC ကို Upgrade ပြုလုပ်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။

                ဒါ့အပြင် Samsung ရဲ့ Exynos 7872 SoC ကို Meizu ရဲ့ အသစ်ထွက်ရှိလာမယ့် Meizu M6s စမတ်ဖုန်းမှာ အသုံးပြုထားပြီ ဖြစ်ပါတယ်။ အသစ်မိတ်ဆက်ပေးလိုက်တဲ့ Exynos 7872 SoC ဟာ Core တစ်လုံးချင်းမှာတောင် Performance က နှစ်ဆ မြန်လာမှာ ဖြစ်တဲ့အတွက် Multitasking, Web Browsing, App Launching ပိုင်းတို့မှာ ပိုပြီး Smooth ဖြစ်လာမယ် လို့ Samsung က ကြွေးကြော်ထားပါတယ်။

                အသစ်ထွက်ရှိလာမယ့် Exynos 7872 SoC ဟာ 14 nm Chipset တစ်ခုဖြစ်ပြီး Core ၆ လုံးပါတဲ့ CPU၊ ARM ရဲ့ Mali-G71 GPU၊ Download Speed 300Mbps နဲ့ Upload Speed 150Mbps ပေးနိုင်မယ့် LTE Cat. 7 2 CA Modem၊ Dual-Band Wi-Fi 802.11n၊ Bluetooth 5.0၊ GPS၊ GLONASS၊ BeiDou၊ Galileo တို့ ပါဝင်ပါတယ်။

                ဒါ့အပြင် Exynos 7872 SoC မှာ အဆင့်မြင့် ISP (Image Signal Processor) နဲ့ MFC (Multi-Format Codec) ပါဝင်တာကြောင့် Front Camera နဲ့ Rear Camera ကို 21.7MP ထိ Support လုပ်ပေးနိုင်မှာ ဖြစ်ပြီး Iris Sensor ကိုတော့ 8MP အထိ Support လုပ်ပေးသွားမှာ ဖြစ်ပါတယ်။ Exynos 7872 SoC ဟာ Dual-Camera Setup ကို Support လုပ်ပေးမှာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် 1080p Video တွေကို 120 fps နဲ့ ရိုက်ကူး နိုင်အောင် Support လုပ်ပေးသွားမှာ ဖြစ်ပါတယ်။

                Display Resolution ပိုင်းမှာတော့ 1920 x 1200 Resolution အထိ Support လုပ်ပေးသွားမှာ ဖြစ်ပါတယ်။ RAM အနေနဲ့ LPDDR3 RAM၊ Internal Storage အတွက် eMMC 5.1၊ External Storage အတွက် SD 3.0 Standard ကို Support လုပ်ပေးသွားမှာ ဖြစ်ပါတယ်။ Samsung Exynos 7872 SoC ရဲ့ Specifications အပြည့်အစုံကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • CPU – Dual-core Cortex-A73 @ up to 2.0GHz, and Quad-core Cortex-A53 @ up to 1.6GHz
  • GPU – Arm Mali-G71 MP1
  • Memory I/F – LPDDR3
  • Storage I/F – eMMC 5.1, SD 3.0
  • Display – Up to WUXGA (1920×1200)
  • LTE Modem – LTE Cat.7 2CA 300Mbps (DL) / Cat.13 2CA 150Mbps (UL)
  • Connectivity – Wi-Fi 802.11n Dual-band, Bluetooth 5, FM Radio
  • GNSS –  GPS, GLONASS, BeiDou, Galileo
  • Camera –  Rear 21.7MP, Front 21.7MP
  • Video – Full HD 120fps encoding and decoding with HEVC (H.265), H.264 and VP8, and decoding with VP9
  • Process – 14nm FinFET Process
This Article is contributed by Phyo Kyaw Swar.
References
GizChina
About Author
Assinged Tags
Samsung Mobile CPU Mobile GPU SoC Exynos Exynos 7872
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed