Galaxy Note 8 PyeongChang 2018 Olympic Games Limited Edition ကို မိတ်ဆက်ပေးလိုက်တဲ့ Samsung

date_range 17 January 2018

Galaxy Note 8 PyeongChang 2018 Olympic Games Limited Edition ကို မိတ်ဆက်ပေးလိုက်တဲ့ Samsung

visibility 940 Views

                တောင်ကိုရီးယားနိုင်ငံ PyeongChang မြို့မှာ ကျင်းပပြုလုပ်သွားမှာဖြစ်တဲ့ ၂၀၁၈ အိုလံပစ် အားကစားပြိုင်ပွဲကို ဂုဏ်ပြုတဲ့အနေနဲ့ Samsung ဟာ ဒီနေ့မှာပဲ ထုံးတမ်းအစဉ်အလာအတိုင်း Samsung Galaxy Note 8 PyeongChang 2018 Olympic Games Limited Edition စမတ်ဖုန်းကို တောင်ကိုရီးယားနိုင်ငံ Seoul မြို့မှာ မိတ်ဆက်ပေးလိုက်ပါတယ်။


                Samsung အနေနဲ့ PyeongChang 2018 Olympic Games Limited Edition စမတ်ဖုန်း အလုံးရေ လေးသောင်းကျော်ကို အားကစားသမားတွေ၊ နိုင်ငံတကာ အိုလံပစ် ကော်မတီအဖွဲ့ဝင်တွေ၊ Olympic And Paralympic Winter Games (POCOG) အဖွဲ့ဝင်တွေ၊ PyeonChang ၂၀၁၈ အိုလံပစ် ပြိုင်ပွဲ ဖြစ်မြောက်ရေး ဝိုင်းတော်သားတွေ အားလုံးကို လက်ဆောင်အနေနဲ့ ဖေဖော်ဝါရီလ အစောပိုင်းမှာ ပေးအပ်သွားမှာ ဖြစ်ပါတယ်။

                အသစ်မိတ်ဆက်ပေးလိုက်တဲ့ Galaxy Note 8 Limited Edition စမတ်ဖုန်းဟာ အရင်က ထွက်ရှိထားတဲ့ Galaxy Note 8 စမတ်ဖုန်းတွေနဲ့တော့ Specification ပိုင်းမှာ ကွဲပြားခြားနားမှုရှိမှာ မဟုတ်ပါဘူး။ ဖုန်းရဲ့ကျောဘက်ခြမ်း ပြောင်လက်နေတဲ့ အဖြူရောင်မှန်ကို အသုံးပြုထားပါတယ်။ ဖုန်းရဲ့ကျောဘက်၊ အောက်နားမှာတော့ ရွှေရောင် အိုလံပစ် အမှတ်တံဆိပ် စက်ဝိုင်းလေးတွေ ပါဝင်မှာ ဖြစ်ပါတယ်။


                ဒါ့အပြင် ဒီ Limited Edition စမတ်ဖုန်းနဲ့ အတူပါဝင်မယ့် S-Pen ကိုလည်း အိုလံပစ်ပြိုင်ပွဲရဲ့ အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ အိုလံပစ်မီးတောက်ကို ဂုဏ်ပြုတဲ့အနေနဲ့ ရွှေရောင် S-Pen ကို ထည့်သွင်းပေးထားပါတယ်။


                ဒါ့အပြင် မသန်စွမ်း အိုလံပစ်ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်မယ့် မသန်မစွမ်း အိုလံပစ် ပြိုင်ပွဲဝင် အားကစားသမားတွေ အတွက်လည်း မသန်စွမ်း အိုလံပစ်ပြိုင်ပွဲလိုဂို ပါဝင်တဲ့ Limited Edition Galaxy Note 8 မော်ဒယ်ကို လက်ဆောင်အနေနဲ့ ပေးအပ်သွားမှာ ဖြစ်ပါတယ်။

                နောက်ပြီး အိုလံပစ် ပြိုင်ပွဲဝင် အားကစားသမားတွေကို ဂုဏ်ပြုတဲ့အနေနဲ့ Galaxy Note 8 PyeongChang 2018 Olympic Games Limited Edition စမတ်ဖုန်းတွေမှာ PyeonChang 2018 Themed Wallpaper တွေလည်း Built-In အနေနဲ့ ပါဝင်ဦးမှာ ဖြစ်ပါတယ်။

                “ကျွန်တော်တို့အနေနဲ့ အိုလံပစ် ပြိုင်ပွဲဝင် အားကစားသမားတွေကို သူတို့ရဲ့ ဘဝသက်တမ်း တစ်လျှောက်မှာ ဖြစ်ပေါ်လာမယ့် အကောင်းဆုံး အမှတ်တရလေးတွေကို ရိုက်ကူး သိမ်းဆည်းထားနိုင်ဖို့အတွက် အထောက်အပံ့ ဖြစ်စေမယ့် Galaxy Note 8 PyeonChang 2018 Olympic Games Limited Editon စမတ်ဖုန်းတွေကို ထောက်ပံ့ပေးသွားမှာ ဖြစ်တယ်”

လို့ Samsung ရဲ့ CMO နဲ့ Executive Vice President ဖြစ်တဲ့ Younghee Lee က ပြောကြားသွားခဲ့ ပါတယ်။

                Galaxy Note 8 PyeonChang 2018 Olympic Games Limited Edition စမတ်ဖုန်းတွေကို အားကစားသမားတွေ နဲ့ အိုလံပစ်အဖွဲ့သားတွေအတွက်သာ ထုတ်လုပ်ထားတာ ဖြစ်တာကြောင့် ဝယ်ယူလို့ ရနိုင်မှာတော့ မဟုတ်ဘူးလို့ သိရပါတယ်။

This Article is contributed by Phyo Kyaw Swar.
References
Gadgets NDTV
About Author
Assinged Tags
Samsung Smartphones Galaxy Note 8 Limited Edition
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed