Intel ရဲ့ Kaby Lake-G ကို ယှဉ်ဖိုက်မယ့် Nvidia ရဲ့ Geforce GTX 1050 Max-Q

date_range 15 January 2018

Intel ရဲ့ Kaby Lake-G ကို ယှဉ်ဖိုက်မယ့် Nvidia ရဲ့ Geforce GTX 1050 Max-Q

visibility 760 Views

                Nvidia ဟာ မကြာသေးခင်က Ultrabook တွေအတွက် Max-Q Design နဲ့ထုတ်ထားတဲ့ Mainstream Geforce GTX 10-series Graphic Card တွေကို ကြေငြာခဲ့ပါတယ်။ Nvidia ဟာ GTX 10-series Graphic Cards တွေကို ၂၀၁၆ နှစ်ကုန်ပိုင်းလောက်က မိတ်ဆက်ပေးခဲ့တာ ဖြစ်တဲ့အပြင် Pascal GPU Architecture ကြောင့် စွမ်းဆောင်ရည် ကောင်းမွန်တဲ့ Graphic Card တွေအနေနဲ့ ရပ်တည်နေတာလည်း ဖြစ်ပါတယ်။

                Nvidia အနေနဲ့ GTX 10-series တွေထဲမှာ GT 1030 အမျိုးအစားတွေဖြစ်တဲ့ Geforce MX110၊ MX130 နဲ့ MX150 တို့ကို Ultrabook တွေအတွက် ထုတ်ပေးခဲ့တယ် ဆိုပေမယ့် Intel ရဲ့ Kaby Lake-G ထွက်လာတဲ့ အချိန်မှာတော့ Nvidia အနေနဲ့ Budget to Mid-Range Gaming လောကကို လွှမ်းမိုးထားနိုင်ဖို့အတွက် Max-Q Design နဲ့ထုတ်ထားတဲ့ GTX 1050 နဲ့ GTX 1050 Ti ဆိုပြီး ၂ မျိုး ထပ်မံ ကြေငြာခဲ့ရတာလည်း ဖြစ်ပါတယ်။


                အခုလို Ultrabook တွေမှာ Nvidia ရဲ့ Mainstream GPU အသုံးပြုလာတာဟာ ပထမဆုံးအကြိမ် ဖြစ်တယ်ဆိုပေမယ့်လည်း Nvidia ဟာ အရင်နှစ် နှစ်လယ်ပိုင်းလောက်ကတည်းက Gaming Laptop တွေမှာ အပူစွန့်ထုတ်မှုနည်းပြီး ပိုကောင်းတဲ့ Cooling Solution တွေတပ်ဆင်နိုင်ဖို့ Max-Q Design ကို မိတ်ဆက်ပေးခဲ့ပြီးသား ဖြစ်ပါတယ်။ အဲ့ဒီတုန်းက Max-Q Design ကို GTX 10-series မှာ High End GPU တွေဖြစ်တဲ့ GTX 1080၊ GTX 1070 နဲ့ GTX 1060 တို့မှာ အသုံးပြုခဲ့တာ ဖြစ်ပါတယ်။


                အခုဆိုရင် Nvidia ဟာ Mainstream GPU တွေဖြစ်တဲ့ ဒီ GTX 1050 နဲ့ GTX 1050 Ti ၂ ကတ်စလုံးမှာ Max-Q Design အသုံးပြုသွားမှာ ဖြစ်ပြီး Performance ကတော့ အရင် Model ၂ မျိုးထက် အနည်းငယ် ကျဆင်းသွားနိုင်ပါတယ်လို့ Nvidia က ပြောထားပါတယ်။ အကြောင်းအရင်းကတော့ Max-Q Design ရဲ့ Optimized လုပ်ထားတဲ့ Voltage Converters တွေကြောင့် ဒီ GTX 10-series GPU တွေဟာ 1V Operation နဲ့ပဲ လုပ်ဆောင်ကြမှာ မို့လို့ပါ။

                အဲ့ဒါအပြင် Max-Q ပါဝင်တဲ့ GTX 1050 GPU ဟာ ပါဝါသုံးစွဲမှု 30 ကနေ 40 Watt အကြားပဲရှိပြီး GTX 1050 Ti ကတော့ 40 ကနေ 46 Watt အကြားပဲရှိမှာဖြစ်ပါတယ်။ အဲ့ဒီ ပမဏဟာ 53 Watt ရှိတဲ့ အရင် GTX 1050 နဲ့ GTX 1050 Ti တွေထက် ပါဝါစားပိုသက်သာသွားတာဖြစ်ပြီး အပူစွန့်ထုတ်မှုလည်း ပိုမိုနည်းပါးသွားမှာဖြစ်ပါတယ်။


                တစ်ဖက်မှာလည်း ပြိုင်ဖက်တွေဖြစ်နေကြတဲ့ Intel နဲ့ AMD တို့ဟာ Kaby Lake-G လို့ခေါ်တဲ့ Hybrid CPU ထဲမှာ AMD ရဲ့ Radeon RX Vega M GPU ပါဝင်တဲ့ Intel ရဲ့ 8th Generation Processor တွေကို Ultrabook တွေမှာ စတင်အသုံးပြုဖို့ ပြင်ဆင်နေကြပြီ ဖြစ်ပါတယ်။

                လက်ရှိ Notebookcheck.net မှာ စွမ်းဆောင်ရည် နှိုင်းယှဉ်ချက်တွေအရ ဆိုရင်လည်း Radeon RX Vega M GPU ပါဝင်တဲ့ Kaby Lake-G ရဲ့ Performance ဟာ Nvidia ရဲ့ Max-Q Design နဲ့ ထွက်ရှိလာမယ့် GTX 1050 နဲ့ GTX 1050 Ti တွေထက် အနည်းငယ် အားသာတဲ့ အနေအထားမှာ ရှိနေပါတယ်။ ဒါပေမယ့် Max-Q Design ကြောင့် ပါဝါသုံးစွဲမှုအပိုင်းမှာ 65 ကနေ 100 Watt အထိ ပါဝါသုံးစွဲမှုရှိနေတဲ့ Kaby Lake-G ထက် အပူထုတ်လွှတ်မှုအပိုင်းမှာ ပိုပြီးအားသာတဲ့ အချက်တော့ ရှိနေပါသေးတယ်။


                အဲ့သလို Intel နဲ့ AMD တို့ပူးပေါင်းလိုက်မှုဟာ Nvidia အတွက် ကြီးမားတဲ့ စိန်ခေါ်မှုတစ်ခုဖြစ်နေပြီး Nvidia ကြေငြာထားတဲ့အတိုင်း ဒီ Max-Q Design နဲ့ထွက်လာမယ့် GTX 1050 နဲ့ GTX 1050 Ti တို့ကို Lenovo Ideapad 720S မှာ စမြင်တွေ့နိုင်မှာဖြစ်ပါတယ်။ Nvidia ရဲ့အဆိုအရ ဒီ GPU တွေဟာ သီးသန့် Max-Q Driver နဲ့ အသုံးပြုရမှာဖြစ်ပြီး GPU Workload များနေတဲ့အချိန်မှာ အပူကို ဘယ်လိုကိုင်တွယ်နိုင်မလဲ ဆိုတဲ့အချက်နဲ့အတူ ပါးလွှာတဲ့ Ultrabook တွေရဲ့ နေရာမှာ Nvidia ရဲ့ Mainstream GPU တွေနေရာယူနိုင်မလား ဆိုတာကိုတော့ လေ့လာစောင့်ကြည့်ရဦးမှာပဲ ဖြစ်ပါတယ်။

This Article is contributed by 2puu.
References
NoteBookCheck
About Author
Assinged Tags
Intel Nvidia AMD AMD Graphics nVidia Max-Q
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed