ခေါက်သိမ်းလို့ရတဲ့ ၆၅ လက်မ 4K UHD OLED Display ကို CES 2018 မှာ မိတ်ဆက်ပေးလိုက်တဲ့ LG

date_range 11 January 2018

ခေါက်သိမ်းလို့ရတဲ့ ၆၅ လက်မ 4K UHD OLED Display ကို CES 2018 မှာ မိတ်ဆက်ပေးလိုက်တဲ့ LG

visibility 880 Views

                ၁၈ လက်မ အရွယ်အစားရှိ ခေါက်သိမ်းလို့ရတဲ့ ရှေ့ပြေးမော်ဒယ် OLED Display ကို CES 2016 မှာ ပြသခဲ့ဖူးတဲ့ LG ဟာ အခုမှာတော့ ယခင်ရှေ့ပြေးမော်ဒယ်ထက် အရွယ်အစားပိုကြီးတဲ့ ကမ္ဘာ့ပထမဦးဆုံး ခေါက်သိမ်းလို့ရတဲ့ ၆၅ လက်မ အရွယ်အစားရှိ 4K UHD OLED Display ကို CES 2018 မှာ ပြသလိုက်ပြန်ပြီပဲ ဖြစ်ပါတယ်။

                ၆၅ လက်မဆိုတာ CES 2018 မှာ ပြသသွားခဲ့တဲ့ Display အရွယ်အစားတွေထဲမှာ အကြီးဆုံးတော့ မဟုတ်ပါဘူး။ LG က CES 2018 မှာ မိတ်ဆက်ထားခဲ့တဲ့ ၈၈ လက်မအရွယ် 8K OLED TV နဲ့ ယှဉ်မယ်ဆိုရင် အရွယ်အစားပိုင်းမှာ တော်တော်ကြီး ကွာခြားနေပေမယ့် အခု ခေါက်သိမ်းလို့ရတဲ့ ၆၅ လက်မ 4K UHD OLED Display ကတော့ ပိုလန်းတယ်လို့ ပြောရမှာပါ။

                LG အနေနဲ့ ၈၈ လက်မ 8K OLED TV နဲ့ ခေါက်သိမ်းလို့ရတဲ့ ၆၅ လက်မ 4K UHD OLED Display နှစ်ခုလုံးကို CES 2018 မှာ တစ်ပြိုင်နက် မိတ်ဆက်သွားခဲ့ပေမယ့် ယှဥ်ကြည့်မယ်ဆိုရင် ခေါက်သိမ်းလို့ရတဲ့ ၆၅ လက်မ 4K UHD OLED Display ကို အသုံးပြုသူတွေကြား ချပြနိုင်ဖို့က ၈၈ လက်မ 8K OLED TV ထက် ပိုပြီး မြန်ဆန်နိုင်တယ်လို့ Engadget က ထောက်ပြသွားပါတယ်။

                အခု ရှေ့ပြေးမော်ဒယ်နဲ့ သာမန် ၆၅ လက်မ Full Screen Display တွေနဲ့ မတူတဲ့အချက်ကတော့ အခု ရှေ့ပြေးမော်ဒယ်က Cinematic 21:9 Ratio ကို အသုံးပြုထားခြင်းပဲ ဖြစ်ပါတယ်။ 21:9 Ratio ကို အသုံးပြုထားတဲ့အပြင် Foldable Display ဖြစ်တာကြောင့် Remote Control သုံးပြီး Screen ကို ခေါက်သိမ်းထားလို့ရမှာ ဖြစ်တဲ့အတွက်ကြောင့် Ultrawide ဇာတ်ကားတွေ ကြည့်တဲ့အခါ မှာ ပုံမှန် Display တွေမှာလို Black Bar ပေါ်နေတဲ့ ပြဿနာကိုလည်း ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။

                ဆိုလိုရင်းကတော့ အခု ရှေ့ပြေးမော်ဒယ် Display က ခေါက်သိမ်းလို့ရမှာ ဖြစ်တဲ့အတွက် မိမိကြည့်ရှုလိုတဲ့ Media ရဲ့ Aspect Ratio အပေါ်ကို မူတည်ပြီး Display ရဲ့ Aspect Ratio ကို Remote Control နဲ့ ကြိုက်သလို ချိန်ညှိလို့ရမှာပါ။ Display ရဲ့ ထိပ်ပိုင်းနားလေးကိုပဲ သေတ္တာထဲက ထုတ်ပြီး Notification Panel တစ်ခုအနေနဲ့ အသုံးပြုနိုင်သလို သီချင်း နားထောင် ချင်တယ် ဆိုရင်လည်း ခေါက်သိမ်းလို့ ရတဲ့ Screen ကို အဆုံးထိ ဖြန့်နေစရာ မလိုပဲ Notification Panel ကနေ တစ်ဆင့် သီချင်းဖွင့် နားထောင်နိုင်မှာ ဖြစ်ပါတယ်။

                Remote Control ကို အသုံးပြုပြီး ခေါက်သိမ်းထားတဲ့ သေတ္တာထဲကနေ Display ကို ထုတ်လိုက်တဲ့ အခါမှာ Display ရဲ့ အစွန်းနားတွေမှာ ကတ္ထူစက္ကူလို မညီညာတဲ့ အနားသားတွေကို မြင်တွေ့နိုင်ပြီး Display ရဲ့ ထိပ်ပိုင်းနားမှာလည်း Screen တစ်ခုလုံးကို ထိန်းထားတဲ့ ထောက်တိုင်နှစ်ခုကိုလည်း အောက်ပါ Video မှာ မြင်တွေ့နိုင်ပါတယ်။


                OLED Display တွေရဲ့ ထုံးစံအတိုင်း LG ရဲ့ ခေါက်သိမ်းလို့ရတဲ့ ၆၅ လက်မ 4K UHD OLED Display မှာလည်း ကောင်းမွန်တဲ့ Viewing Angle၊ Deep Blacks နဲ့ Rich Color Gamut ကို Support လုပ်ပေးသွားမှာပဲ ဖြစ်ပါတယ်။ ဒီ အလန်းစား Display ကိုတော့ LG က ရှေ့ပြေးမော်ဒယ် အဖြစ်နဲ့သာ ပြသသွားခဲ့တာဖြစ်ပြီး တရားဝင် ထုတ်လုပ်ရောင်းချမယ့် နေ့ရက်နဲ့ စျေးနှုန်း ကိုတော့ LG က ထုတ်ပြန်ကြေငြာခြင်း မရှိသေးပါဘူး။

References
The Verge Engadget CNET
About Author
Assinged Tags
4K Display OLED 4K TV 4K 4K Resolution LG Rollable Display Rollable OLED Display
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed