မြန်မာငွေသိန်း ၇၀ ခန့်ကျသင့်မယ့် Sony ရဲ့ ၅၅ လက်မ A1E OLED 4K TV

date_range 15 March 2017

မြန်မာငွေသိန်း ၇၀ ခန့်ကျသင့်မယ့် Sony ရဲ့ ၅၅ လက်မ A1E OLED 4K TV

visibility 250 Views

                ဒီနှစ် CES ပွဲမှာ မိတ်ဆက်ပြသခဲ့တဲ့ ပစ္စည်းတွေထဲမှာမှ Sony ရဲ့ A1E OLED 4K TV ဟာလည်း လူကြိုက်များခဲ့တဲ့ ပစ္စည်းတွေထဲက တစ်ခုဖြစ်ခဲ့ပါတယ်။ CES ပွဲတုန်းက မိတ်ဆက်ရုံပဲ မိတ်ဆက်ခဲ့တာဖြစ်ပြီး ဈေးနှုန်းနဲ့ တရားဝင်ရောင်းချမယ့်နေ့ရက်ကို အတိအကျ မကြေငြာခဲ့ပေမယ့် ဒီနေ့မှာတော့ ဈေးနှုန်းနဲ့ တရားဝင်ရောင်းချမယ့်နေ့ရက်ကို အတိအကျ သိရှိရပါပြီ။

                ဒီ OLED 4K TV ကို Sony က ၅၅ လက်မ၊ ၆၅ လက်မ နဲ့ ၇၇ လက်မ၊ စသည်ဖြင့် အမျိုးအစားသုံးမျိုးခွဲထားပြီး ၅၅ လက်မ TV ကို မြန်မာငွေသိန်း ၇၀ ခန့်၊ ၆၅ လက်မ​ TV ကို မြန်မာငွေသိန်း ၉၀ ခန့် စသည့်ဈေးနှုန်းများဖြင့် ရောင်းချသွားမှာ ဖြစ်ပါတယ်။ 

                ၅၅ လက်မ နဲ့ ၆၅ လက်မ TV တွေကို Amazon နဲ့ Best Buy မှာ ဒီနေ့ပဲ Preorder မှာလို့ရနေပြီဖြစ်ပြီး ဧပြီလထဲမှာမှ Shipping လုပ်ပေးမှာ ဖြစ်ပါတယ်။ ၇၇ လက်မ ကောင်ကြီးအတွက်ကတော့ ဈေးနှုန်းကော တရားဝင်ရောင်းချမယ့်နေ့ရက်ကိုရော Sony က အတိအကျ မပြောသေးပါဘူး။


                ဒီ OLED 4K TV တွေရဲ့ အဓိကထူးခြားတဲ့ အချက်ကတော့ သူတို့မှာပါဝင်တဲ့ Sony ရဲ့ကိုယ်ပိုင်အသံစနစ်ပဲ ဖြစ်ပါတယ်။ Sony ကတော့ ဒီအသံစနစ်ကို “Acoustic Surface Sound System” လို့ခေါ်ပြီး ဒီအသံစနစ်က ထုတ်လွှတ်ပေးတဲ့ အသံတွေက TV မှာ တပ်ဆင်ထားတဲ့ Speaker တွေဆီက ထွက်လာတဲ့လို့ ခံစားရမှာမဟုတ်ပဲ TV ရဲ့ Display ထဲက ထွက်နေသလို ခံစားရမှာပါ။

                ဒီ OLED 4K TV တွေကို စားပွဲမှာမှာတော့ ထောင်ထားလို့တော့ သိပ်ပြီးအဆင်ပြေမှာမဟုတ်ပါဘူး။ အောက်မှာ စားပွဲပေါ်တင်ထားဖို့အတွက် သီးသန့်ဒေါက်တွေမပါပါဘူး။ TV ရဲ့ ကျောဘက်ခြမ်းမှာ နံရံမှာကပ်ထားဖို့အတွက် နံရံကပ်ဒေါက်တွေပဲ ပါပါတယ်။


                Dolby Vision, HDR 10, HLG စတာတွေကို Support လုပ်ပေးမှာ ဖြစ်တာကြောင့် HDR Content တွေကို ကောင်းကောင်းမွန်မွန် ကြည့်ရှုနိုင်တယ် ဆိုတာကတော့ အသေအချာပါပဲ။ နောက်ပြီး၊ ဒီအချက်ကပဲ LG ရဲ့ OLED 4K TV တွေနဲ့ ကွာခြားသွားစေတဲ့ အဓိကအချက်ပဲ ဖြစ်ပါတယ်။ Sony ကတော့ ဒီလိုမျိုး ကွာခြားသွားတာဟာ သူတို့ရဲ့ “4K HDR Processor X1 Extreme” ဆိုတဲ့ Processing Engine ကြောင့်လို့ ဆိုထားပါတယ်။

References
The Verge
About Author
Assinged Tags
Sony OLED 4K TV Acoustic Surface Sound System Dolby Vision HDR 10 HLG 4K HDR Processor X1 Extreme
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed