ကမ္ဘာ့အကြီးဆုံးနဲ့ Resolution အမြင့်ဆုံး OLED TV ဖြစ်လာမယ့် LG ရဲ့ ၈၈ လက်မ 8K OLED TV

date_range 03 January 2018

ကမ္ဘာ့အကြီးဆုံးနဲ့ Resolution အမြင့်ဆုံး OLED TV ဖြစ်လာမယ့် LG ရဲ့ ၈၈ လက်မ 8K OLED TV

visibility 800 Views

                4K TV တွေ ခေတ်စားလာတဲ့အချိန်မှာပဲ LG က အင်ဂျင်နီယာတွေကတော့ 4K မှာတင် မကျေနပ်နိုင်သေးဘူး ထင်ပါတယ်။ 8K အထိ ရအောင်ကြိုးစားခဲ့ကြပြီး ရလာဒ်အနေနဲ့ ကမ္ဘာ့အကြီးဆုံးနဲ့ Resolution အမြင့်ဆုံး OLED TV ကို တီထွင်နိုင်ခဲ့ကြပါတယ်။ ဒီ TV ကြီးကိုတော့ LG အနေနဲ့ CES 2018 မှာ ပြသသွားမယ်လို့ သိရပါတယ်။

                ဒီ TV ကြီးကတော့ ၈၈ လက်မ 8K OLED TV ကြီးပဲဖြစ်ပြီး ယခင် ၇၇ လက်မ 4K OLED TV ကို Upgrade ပြုလုပ်ထားတာ ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ အတိအကျ မသိရသေးပေမယ့် ယခင် ၇၇ လက်မ 4K OLED TV တုန်းကတောင် ကန်ဒေါ်လာ ၂၀,၀၀၀ (မြန်မာငွေ သိန်း ၂၇၀ ဝန်းကျင်) ရှိခဲ့တာဆိုတော့ ခန့်မှန်းရမယ်ဆိုရင် အနည်းဆုံး ကန်ဒေါ်လာ ၃၀,၀၀၀ ဝန်းကျင်တော့ ရှိမှာ အသေအချာပါပဲ။


                ဈေးနှုန်းအပြင် Specifications တွေနဲ့ Model Name ကိုလည်း အတိအကျ မသိရသေးပါဘူး။ LG ရဲ့ ၈၈ လက်မ TV ကြီးမှာ 8K Resolution (7680x 4320) ရှိတဲ့အတွက် Pixel ပမာဏ ၃၃ မီလီယံတောင် ရှိမှာဖြစ်ပြီး 4K Resolution ထက် Pxiel ပမာဏ ၄ ဆ ပိုများသွားမှာ ဖြစ်သလို Standard Full-HD (1080x 1920 Pixels) Resolution ထက် ၁၆ ဆ ပိုများသွားမှာ ဖြစ်ပါတယ်။

                အခုအချိန်မှာ 4K OLED TV တွေဟာ အနည်းငယ် ဈေးသက်သာပြီလို့ ပြောလို့ရလာပါပြီ။ ဒါကလည်း TV ထုတ်လုပ်သူတွေကြားက ပြိုင်ဆိုင်မှုရဲ့ ရလာဒ်ကြောင့်လို့ ဆိုရမှာပါ။ အခု LG ကတော့ ၈၈ လက်မ 8K OLED TV ကို CES 2018 မှာ လူတွေပါးစပ်အဟောင်းသားဖြစ်အောင် ပြသသွားမယ်ဆိုတော့ ပြိုင်ဖက်ဖြစ်တဲ့ Samsung ဘက်က ဘယ်လိုတုန့်ပြန်မလဲဆိုတာကို စောင့်ကြည့်ရမှာပါ။

This Article is contributed by Thaw Zin.
References
Engadget The Verge
About Author
Assinged Tags
4K Display OLED 4K TV OLED Display Samsung QLED TV 8K OLED TV
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed