AI Application တွေနဲ့ Rich Multimedia Content တွေအတွက် သီးသန့်ထုတ်လုပ်ထားတဲ့ Exynos 9810 SoC ကို Samsung မိတ်ဆက်

date_range 06 January 2018

AI Application တွေနဲ့ Rich Multimedia Content တွေအတွက် သီးသန့်ထုတ်လုပ်ထားတဲ့ Exynos 9810 SoC ကို Samsung မိတ်ဆက်

visibility 460 Views

                Samsung အနေနဲ့ Exynos 9 Series ရဲ့ မျိုးဆက်သစ် SoC ဖြစ်တဲ့ Exynos 9810 ကို CES 2018 မတိုင်မီ မနေ့ကပဲ တရားဝင်မိတ်ဆက်လိုက်ပါတယ်။ Exynos 9810 ကိုတော့ Samsung ရဲ့ Second Generation 10nm FinFET Process နဲ့ ထုတ်လုပ်ထားတာဖြစ်ပြီး AI Application တွေနဲ့ Rich Multimedia Content တွေအတွက် သီးသန့်ထုတ်ထားတာကြောင့် Mobile Processor တွေထဲမှာတော့ Innovative အဖြစ်ဆုံးလို့ Samsung က ကြွားလုံးထုတ်ထားပါတယ်။

                ဒီ SoC အသစ်ဟာ Single-Core Performance မှာ အရင်ကထက် နှစ်ဆပိုမို မြန်ဆန်လာမှာ ဖြစ်သလို Multi-Core Performance မှာလည်း အရင်ကထက် 40% အထိ မြန်ဆန်မယ်လို့ သိရပါတယ်။ Samsung အနေနဲ့ အခု SoC အသစ်ကို တရားဝင်မိတ်ဆက်လိုက်သလို ထုတ်လုပ်မှုကိုလည်း စတင်နေပြီ ဖြစ်ပြီး အခုနှစ်နောက်ပိုင်းမှာ ထွက်ရှိလာမယ်လို့ ခန့်မှန်းရတဲ့ Galaxy S9 နဲ့ S9+ တို့မှာ အသုံးပြုသွားမှာ ဖြစ်ပါတယ်။

                Samsung ရဲ့ System LSI Marketing ဌာနမှုးချုပ်ကတော့ 

                “Exynos 9 Series ရဲ့ မျိုးဆက်သစ် SoC ဖြစ်တဲ့ Exynos 9810 ဟာ Samsung ရဲ့ Third-Generation Custom CPU, အလွန်လျှင်မြန်တဲ့ Gigabit LTE Modem, Deep Learning လုပ်နိုင်တဲ့ Image Processing နည်းပညာ စတာတွေပါဝင်တဲ့ Innovative အဖြစ်ဆုံး Mobile Processor ဖြစ်ပါတယ်။ Exynos 9810 ဟာ Smartphone တွေ၊ Computer တွေနဲ့ မောင်းသူမဲ့ကားတွေမှာ မပါမဖြစ်ပါဝင်လာတော့မယ့် AI နည်းပညာရဲ့ အဓိကသော့ချက်တစ်ခု ဖြစ်လာမှာပါ”

လို့ ပြောကြားသွားပါတယ်။

                Exynos 9810 မှာ Neural Network ကို အခြေခံထားတဲ့ Deep Learning Algorithm တွေနဲ့အတူ ပိုမိုလုံခြုံတဲ့ Security နည်းပညာတွေလည်း ပါဝင်ပါသေးတယ်။ နောက်ပြီး Neural Network ကို အခြေခံထားတဲ့ Deep Learning Algorithm တွေဟာ လူတွေအပြင် ပစ္စည်းတွေကိုပါ တိတိကျကျ မှတ်သား၊ ခွဲခြားနိုင်မယ်လို့ သိရပါတယ်။ ဒါ့အပြင် Hardware ရော Software ရော အသုံးချပြီး Hybrid Face Detection အတွက် အသုံးပြုသူရဲ့ မျက်နှာကို 3D ပုံရိပ်အဖြစ် ဖတ်ရှုနိုင်ဖို့အတွက်လည်း Deep Sensing နည်းပညာကို အသုံးချလို့ရဦးမှာပါ။

                “အသုံးပြုသူရဲ့ မျက်နှာကို 3D ပုံရိပ်အဖြစ် ဖတ်ရှုနိုင်မယ့် Deep Sensing နည်းပညာကြောင့် ပိုမိုလုံခြုံမှုရှိတဲ့ Facial Recognition နည်းပညာကိုလည်း ပေးစွမ်းနိုင်မှာပါ”

လို့ Samsung က ပြောထားပါတယ်။ ကျွမ်းကျင်သူတွေကတော့ Exynos 9810 က Neural Network ကို အခြေခံထားတဲ့ Deep Learning Algorithm တွေဟာ Apple ရဲ့ Face ID ကို ယှဉ်ပြိုင်နိုင်ဖို့အတွက် ဖြစ်လောက်တယ်လို့ ခန့်မှန်းထားပါတယ်။

                Exynos 9810 ဟာ Octa Core Design ဖြစ်ပြီး Clock Speed ကို 2.9GHz အထိ ပေးနိုင်တဲ့ Samsung ရဲ့ Custom CPU လေးလုံး၊ 1.9GHz Cortex-A55 Core လေးလုံး ပါဝင်မှာပါ။ Graphics ပိုင်းမှာ ပိုမိုကောင်းမွန်လာဖို့အတွက် ARM ရဲ့ Mali-G72 MP18 GPU ကို အသုံးပြုထားပြီး LPDDR4x RAM ကိုလည်း Support ပေးနိုင်မှာပါ။ 

                8-bit Color Format ထက် ၆၄ ဆသာတဲ့ အရောင်တွေကို ပေးနိုင်မယ့် MFC (Multi-Format Codec) ပါဝင်သလို Image Processing ပိုင်းမှာလည်း Dual-ISP (Image Signal Processor) ပါဝင်တဲ့အတွက်ကြောင့် Image Sensor ၄ ခုအထိအောင် Support ပေးနိုင်မှာပါ။ Exynos 9810 တပ်ဆင်အသုံးပြုမယ့် Smartphone တွေမှာ Single Camera Setup ဆိုရင်တော့ Front နဲ့ Rear Camera တွေကို 24MP အထိ အသုံးပြုနိုင်မှာဖြစ်ပြီး Dual-Camera Setup ဆိုရင်တော့ Front နဲ့ Rear Camera တွေကို 16MP အထိ အသုံးပြုနိုင်မယ်လို့ သိရပါတယ်။

                Resolution 4096x2160 pixels အထိရှိတဲ့ 4K UHD Display တွေကိုလည်း Support လုပ်ပေးနိုင်မှာဖြစ်ပြီး Storage ပိုင်းမှာတော့ UFS 2.1 နဲ့ SD 3.0 ကို Support ပေးနိုင်မှာပါ။ ပါဝင်တဲ့ Modem ကလည်း LTE Cat.18 6CA မှာဆိုရင် Download Speed နဲ့ Upload Speed ကို 1.2Gbps အထိ LTE Cat.18 2CA မှာဆိုရင် Download Speed နဲ့ Upload Speed ကို 200Mbps အထိ ပေးနိုင်မှာဖြစ်တဲ့အတွက် High Quality VR Content တွေကို အဆင်ပြေပြေ Streaming လုပ်နိုင်ဦးမယ်လို့ သိရပါတယ်။

                Exynos 9810 ကို လာမယ့် ဇန်နဝါရီလ ၇ ရက်နေ့မှာ စတင်ကျင်းပမယ့် CES 2018 မှာ ပြသသွားမယ်လို့ သိရပါတယ်။ နောက်ပြီး Exynos 9810 SoC ဟာ CES 2018 မှာပေးအပ်ချီးမြင့်မယ့် Innovation Awards HONOREE ဆုအတွက် ရွေးချယ်ခံထားပြီ ဖြစ်တဲ့အတွက် Samsung ရဲ့ မျိုးဆက်သစ် SoC ဟာ အစကောင်းနေပြီလို့ ဆိုရမှာပါ။

This Article is contributed by Thaw Zin.
References
Gadgets NDTV Samsung Newsroom
About Author
Assinged Tags
Facial Recognition Technology Mobile Security Mobile CPU Mobile GPU SoC Facial Recognition Software 3D Facial Recognition Mobile Processors
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed