Galaxy A8 (2018) နဲ့ Samsung Members ကို မြန်မာနိုင်ငံမှာ စတင်မိတ်ဆက်လိုက်တဲ့ Samsung

date_range 10 January 2018

Galaxy A8 (2018) နဲ့ Samsung Members ကို မြန်မာနိုင်ငံမှာ စတင်မိတ်ဆက်လိုက်တဲ့ Samsung

visibility 3060 Views

                Samsung အနေနဲ့ ဒီနေ့မှာတော့ မြန်မာနိုင်ငံက Samsung ပရိတ်သတ်တွေအတွက် Samsung A Series ဖုန်းတွေရဲ့ မျိုးဆက်သစ် မော်ဒယ်ဖြစ်တဲ့ Galaxy A8 (2018) ကို တရားဝင်မိတ်ဆက်ပေးလိုက်ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် Galaxy A8+ (2018) ကိုတော့ မြန်မာနိုင်ငံမှာ ရောင်းချသွားမှာ မဟုတ်ပါဘူး။ Galaxy A8 (2018) ရဲ့ First Impression တွေကိုတော့ အောက်က ဗီဒီယိုမှာ ကြည့်ရှုနိုင်ပါတယ်။


                အရောင်ရွေးချယ်ခွင့် အနေနဲ့ Gold နဲ့ Black နှစ်ရောင်ပဲ ရရှိမှာပါ။ 32GB Model တစ်မျိုးပဲ ဝယ်ယူရရှိနိုင်မှာဖြစ်ပြီး ဈေးနှုန်းကတော့ မြန်မာငွေ ၆၁၅,၀၀၀ ကျပ် ကျသင့်မယ်လို့ သိရပါတယ်။ ဝယ်ယူချင်သူတွေ အနေနဲ့ ဒီနေ့ကစပြီး ဇန်နဝါရီလ ၁၈ ရက်နေ့အထိ Samsung အရောင်းပြခန်းတွေကနေတစ်ဆင့် စရန်ငွေ ၃၀,၀၀၀ ကျပ်သွင်းပြီး Pre-Order မှာယူနိုင်ပြီလို့ သိရပါတယ်။ Pre-Order မှာယူသူတွေအနေနဲ့ Remax M9 Premium Bluetooth Speaker တစ်လုံးနဲ့ Ajex 12000 mAh Power Bank တို့ကို ရရှိဦးမှာပါ။


                ဆက်လက်ပြီး Galaxy A8 (2018) ကို စတင်မိတ်ဆက်တဲ့ အနေနဲ့ Samsung နဲ့ Telenor တို့ ပူးပေါင်းပြီး Galaxy A8 (2018) ဝယ်ယူသူတွေကို လစဉ်ဖုန်းငွေဖြည့်ကဒ် ၁၀,၀၀၀ ကျပ် ဖြည့်ရုံနဲ့ ခြောက်လဆက်တိုက် အင်တာနက်လက်ဆောင် 5GB ရရှိနိုင်မယ့် အစီအစဉ်တစ်ခုကိုလည်း ပြုလုပ်ထားတယ်လို့ သိရပါတယ်။


                Galaxy A8 (2018) နဲ့အတူ မြန်မာနိုင်ငံက Samsung ပရိတ်သတ်တွေအတွက် Samsung Members ကိုလည်း မိတ်ဆက်ခဲ့ပါတယ်။ Samsung Product အသုံးပြုသူတွေ အနေနဲ့ Samsung Members ကို အသုံးပြုပြီး Samsung Customer Service Center နဲ့ Samsung Customer Support ကို တိုက်ရိုက်ဆက်သွယ် မေးမြန်းခွင့်တွေ ရရှိမှာဖြစ်သလို Samsung Product တွေနဲ့ ပက်သက်တဲ့ Tips & Tricks တွေ၊ Warranty နဲ့ ပက်သက်တဲ့ ကိစ္စတွေကိုလည်း Samsung Members App ထဲမှာ စနစ်တကျ စီမံခန့်ခွဲနိုင်မယ်လို့ သိရပါတယ်။

                Samsung Members ကို အသုံးပြုသူ အရေအတွက်ဟာ နိုင်ငံပေါင်း ၁၅၀ မှာ ၃၂ သန်း ရှိနေပြီလို့ သိရပါတယ်။ Samsung Members ကို အသုံးပြုချင်တယ် ဆိုရင်တော့ Google PlayStore ကနေ အခမဲ့ Download လုပ်လို့ရမယ်လို့ သိရပါတယ်။

References
Samsung
About Author
Assinged Tags
Samsung Smartphones Galaxy A Series Galaxy A8(2018)
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed