Dual Front Camera နဲ့ 18.5:9 Infinity Display တို့ ပါဝင်လာတဲ့ Galaxy A8(2018) နဲ့ Galaxy A8+(2018) တို့ကို Samsung မိတ်ဆက်

date_range 20 December 2017

Dual Front Camera နဲ့ 18.5:9 Infinity Display တို့ ပါဝင်လာတဲ့ Galaxy A8(2018) နဲ့ Galaxy A8+(2018) တို့ကို Samsung မိတ်ဆက်

visibility 2120 Views

                Samsung အနေနဲ့ Samsung A Series ဖုန်းတွေရဲ့ နောက်ဆုံး Model တွေဖြစ်တဲ့ Galaxy A8(2018) နဲ့ A8+(2018) တို့ကို Samsung Newsroom မှာ Press Release ထုတ်ပေးပြီး တရားဝင် မိတ်ဆက်ခဲ့ပါတယ်။ Galaxy A8(2018) နဲ့ Galaxy A8+(2018) တို့က Galaxy A5(2017) နဲ့ Galaxy A7(2017) တို့ရဲ့ မျိူးဆက်သစ်များ ဖြစ်ပြီး မော်ဒယ် ၂ မျိူး စလုံးဟာ 18.5:9 Infinity Display နဲ့အတူ Dual Front Camera တွေ စတင်ပါဝင်လာတဲ့ Samsung ရဲ့ ပထမဆုံး Mid-range Smartphone တွေ ဖြစ်ပါတယ်။ 

                ပြိုင်ဘက် Company တွေက Bazel-less Display နဲ့ Dual Front Camera တွေကို သူတို့ရဲ့  Mid-range Smartphones တွေမှာ အသုံးပြုလာတဲ့အတွက် Samsung ခဗျာလည်း စျေးကွက်ထဲမှာ နောက်ကျ မကျန်ခဲ့ရလေအောင် အမှီလိုက်ရခြင်း ဖြစ်ပါတယ်။

                Fingerprint Sensor ကိုတော့ Samsung ရဲ့ Flagship Model တွေမှာလို Rear Camera ရဲ့ ဘေးဘက်မှာ မထားတော့ပဲ LG V30, Google Pixel 2 နဲ့ Pixel 2 XL တို့မှာလိုမျိုး  အောက်ဘက်မှာ ပြောင်းလဲထားတာကိုလဲ တွေ့မြင်နိုင်ပါတယ်။ ပြောရမယ်ဆိုရင် အခုပြောင်းလဲမှုဟာ  နောက်ထွက်ရှိလာမယ့် Galaxy S9 ရဲ့ ရှေ့ပြေးဒီဇိုင်းလဲ ဖြစ်နိုင်ပါတယ်။


                Dual Front Camera မှာ 16MP Fixed Focus, f/1.9 Aperture Camera တစ်လုံးနဲ့ 8MP f/1.9 Aperture Camera တစ်လုံး ပါ၀င်မှာဖြစ်ပြီး Live Focus Feature က Bokeh Effect နဲ့ Selfie ရိုက်ချင်သူတွေကို အကြိုက်တွေ့စေမှာပါ။ ဒါ့အပြင် ကျောဘက်က 16MP f/1.7 Aperture Camera ကလည်း Video Digital Image Stabilization (VDis) ကို Support ပေးဦးမှာ ဖြစ်ပါတယ်။ Galaxy S8 နဲ့ Note 8 တို့မှာ မိတ်ဆက်ခဲ့တဲ့ Food Mode Feature လဲ ပါ၀င်ပါသေးတယ်။ ဒီ့အပြင် Hyperlapse လို့ခေါ်တဲ့ Time-lapse Videos တွေဖန်တီးနိုင်မယ့် Feature အသစ်ကိုလဲ ထည့်သွင်းပေးထားပါတယ်။

                Display Sizes တွေကတော့ Galaxy A8(2018) က 5.6-inch ရှိမှာဖြစ်ပြီး Galaxy A8+(2018) ကတော့ 6.0-inch ရှိမှာဖြစ်ပါတယ်။ Full HD+ SuperAMOLED Display ဖြစ်ပြီး Resolution အနေနဲ့ 1080 x2220 Pixels ရှိမှာ ဖြစ်ပါတယ်။

                Octa-core processor ကို အသုံးပြုထားပြီး 32GB နဲ့ 64GB မော်ဒယ်ဆိုပြီး မော်ဒယ် ၂ မျိူး ရောင်းချသွားမှာပါ။ Galaxy A8(2018) မှာတော့ RAM 4GB ပါ၀င်မှာ ဖြစ်ပြီး Galaxy A8+(2018) ကတော့ RAM 4GB နဲ့ 6GB ဆိုပြီး မော်ဒယ် ၂ မျိူး ထွက်ရှိမှာ ဖြစ်ပါတယ်။ External microSD ကိုတော့ 256GB ထိ ထပ်စိုက်နိုင်မှာ ဖြစ်ပါတယ်။

                Galaxy A8(2018) မှာ 3000mAh Battery ပါ၀င်မှာဖြစ်ပြီး Galaxy A8+(2018) မှာတော့ 3500mAh ပါဝင်မှာပါ။ Fast Charging Support ပေးမှာဖြစ်ပြီး USB Type-C ကို အသုံးပြုထားပါတယ်။ အခြား Mid-Range Smarphone တွေမှာ Android 8.0 (Oreo) ကို အသုံးပြုထားကြပြီ ဆိုပေမယ့် Samsung ရဲ့ Galaxy A8(2018) နဲ့ Galaxy A8+(2018) တို့ကတော့ Android 7.1.1(Nougat) နဲ့သာ ပွဲထွက်လာပါမယ်။


                Samsung Pay ကို NFC, MST တို့နဲ့ အသုံးပြုနိုင်မှာ ဖြစ်ပြီး Wi-Fi 802.11 a/b/g/n/ac (2.4/5GHz) နဲ့ Bluetooth v 5.0(LE up to 2Mbps) တို့ ပါဝင်ပါတယ်။ Water and Dust Resistance ဖြစ်ပြီး IP68 Rating ရှိတဲ့အတွက် ရေအနက် ၁.၅ မီတာမှာ မိနစ် ၃၀ အထိ ထားရှိနိုင်မှာ ဖြစ်ပါတယ်။ Black, Orchid Grey, Gold နဲ့ Blue ဆိုပြီး အရောင် ၄ မျိူးနဲ့ ထွက်ရှိမှာ ဖြစ်ပြီး စျေးနှုန်းနဲ့ တရားဝင်ရောင်းချမယ့် နေ့ကိုတော့ လာမယ့် ဇန်နဝါရီလဆန်းပိုင်းကျမှပဲ သိရှိရမှာဖြစ်ပါတယ်။

This Article is contributed by Thaw Zin.
References
Samsung Newsroom Indian Express
About Author
Assinged Tags
Samsung Galaxy A8(2018) Galaxy A8+(2018)
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed