Android Oreo Update ရရှိပြီ ဖြစ်တဲ့ Mi A1

date_range 02 January 2018

Android Oreo Update ရရှိပြီ ဖြစ်တဲ့ Mi A1

visibility 1360 Views

                ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၇ ရက်နေ့ကပဲ Fast Charging Support ပါဝင်လာတဲ့ Android Oreo Beta Update ကို ထုတ်ပေးခဲ့ပြီး Beta Testing လည်းလုပ်ခဲ့တဲ့ Xiaomi အနေနဲ့ ဒီဇင်ဘာ ၃၀ ရက်နေ့မှာတော့

“၂၀၁၇ ကိုတော့ Android Oreo နဲ့ အဆုံးသတ် လိုက်ပါပြီ။ Mi A1 အသုံးပြုသူတွေ အနေနဲ့ နှစ်ရှည်လများ စောင့်မျှော်ခဲ့ရတဲ့ Oero Update ကို ရရှိနိုင်ဖို့အတွက် အသင့်ပြင်ထားကြပါတော့။ ဒါပေမယ့် Oreo Update ရရှိနိုင်ဖို့အတွက် နောက်ဆုံး December Update (7.12.19) တင်ထားမှ ရမယ်နော်”

လို့ Tweet လုပ်ခဲ့ပါတယ်။

                ဒီဇင်ဘာ ၃၁ ရက်နေ့မှာတော့ Mi A1 အတွက် Oreo Update တရားဝင် ထုတ်ပေးလိုက်ပြီဖြစ်ကြောင်း MIUI Forum မှာ ကြေငြာခဲ့ပါတယ်။ ဒီတော့ Mi A1 ဟာ Xiaomi Smartphone တွေထဲမှာတော့ ပထမဦးဆုံး Android Oreo Update ရရှိတဲ့ ဖုန်းတစ်လုံး ဖြစ်သွားပါပြီ။

                အခု Update ဟာ Over-the-Air (OTA) Update ဖြစ်ပြီး Tweet ထဲမှာပြောထားသလိုပဲ Oreo Update ရရှိနိုင်ဖို့အတွက် နောက်ဆုံး December Update (1.12.19) တင်ထားဖို့တော့ လိုအပ်မှာပါ။ အခု Update မှာ December Android Security Patch နဲ့အတူ Features သစ်တွေဖြစ်တဲ့ Picture-in-Picture Mode, Notification Dots, Background Limits, Auto-fill, Smart Text Selection, Night Light Mode, Notification Channels, Rescue Party တို့ပါဝင်ပြီး File Size ကတော့ 1107.4MB ဖြစ်ပါတယ်။


                Notification Dots ဆိုတာကတော့ Feature အသစ်လေးပဲဖြစ်ပြီး App တစ်ခုခုပေါ်မှာ ခဏဖိထားလိုက်မယ်ဆိုရင် Notification, Shortcuts, App Info စတာတွေကို ပြသပေးမယ့် Menu လေးတစ်ခု ထွက်လာမှာ ဖြစ်ပါတယ်။ Rescue Party Feature ကတော့ App တခုခု Crash ဖြစ်တဲ့အခါ ဒါမှမဟုတ် ဖုန်းက ထပ်ခါထပ်ခါ Reboot ကျနေတဲ့အခါတွေမျိုးမှာ အလိုလျောက် အလုပ်လုပ်ပေးမယ့် Feature သစ်တစ်ခု ဖြစ်ပါတယ်။


                Battery ပိုင်းနဲ့ ပက်သက်ရင်လည်း Fast Charging ရရှိမှာဖြစ်သလို Battery Menu ကလည်း ဒီဇိုင်းအသစ် ပြောင်းသွားမှာပါ။ Battery Usage ကိုလည်း Graph နဲ့ သေသေချာချာ ပြသထားမှာဖြစ်ပြီး ဘယ် App က Battery ဘယ်လောက်စားနေသလဲ ဆိုတာတွေကို Highlight လုပ်ပေးသွားမှာလည်း ဖြစ်ပါတယ်။

                Update ကို လုပ်ချင်တယ်ဆိုရင်တော့ Settings > Software Updates မှာ သွားလုပ်နိုင်ပါတယ်။ ဒါပေမယ့် တစ်ခုရှိတာက တစ်ချို့ Device တွေမှာတော့ ခဏလောက် စောင့်ရဦးမယ်လို့ သိရပါတယ်။

This Article is contributed by Thaw Zin.
References
Indian Express MIUI Forum
About Author
Assinged Tags
Xiaomi Android Oreo Xiaomi Mi A1 Android Oreo Stable
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed