Xiaomi Mi A1 အတွက် Android Oreo Beta Update မှာ Fast Charging Support စတင်ရရှိ

date_range 27 December 2017

Xiaomi Mi A1 အတွက် Android Oreo Beta Update မှာ Fast Charging Support စတင်ရရှိ

visibility 540 Views

                Xiaomi Mi A1 ဆိုတာ Android One အသုံးပြုထားတဲ့ Xiaomi ရဲ့ ပထမဆုံး Pure Android OS သုံး Smartphone တစ်လုံး ဖြစ်ပါတယ်။ Mi A1 ကို ပြီးခဲ့တဲ့ စက်တင်ဘာလက မိတ်ဆက်ခဲ့တာဖြစ်ပြီး သူရဲ့ Specification တွေကိုတော့ ဒီမှာ ကြည့်ရှု့နိုင်ပါတယ်။

                Android One ဆိုတာ Androd OS သုံး တန်ဖိုးနည်းဖုန်းတွေ ထုတ်လုပ်နိုင်ဖို့ ရည်ရွယ်ထားတဲ့ Google ရဲ့ Project တစ်ခု ဖြစ်ပါတယ်။ Mi A1 က Android Nougat နဲ့ ထွက်ရှိခဲ့တာဖြစ်ပြီး Android Oreo Update ကိုလဲ ၂၀၁၇ နှစ်ကုန်လောက်မှာ ထုတ်ပေးသွားမယ်လို့ Xiaomi က ကတိပေးခဲ့ဖူးပါတယ်။ Final Version ကတော့ အခုအချိန်ထိ မထွက်လာသေးပေမယ့် Mi A1 အတွက် Android Oreo Beta Version ကို ရွေးချယ်ခံရတဲ့ Developer တွေနဲ့ သတင်းမီဒီယာတွေ အနေနဲ့ စမ်းသပ်အသုံးပြုနိုင်ပြီလို့ သိရပါတယ်။

                စမ်းသပ်အသုံးပြုခွင့် ရရှိခဲ့တဲ့ အိန္ဒိယနည်းပညာ Website တစ်ခုဖြစ်တဲ့ Telecomtalk ကတော့ ဒီ Update မှာ Picture-in-picture Mode, Autofill API, Smart Text Selection, Adaptive icons နဲ့ Settings App ဒီဇိုင်းအသစ်များ ပါ၀င်လာပြီး Fast Charging Support လည်း မျှော်လင့်မထားပဲ ပါဝင်လာတယ်လို့ ရေးသားထားပါတယ်။ ဒီ့အပြင် App Load Time ကလဲ ပိုမိုမြန်ဆန်လာပြီး Animation တွေလဲ ပိုမို Smooth ဖြစ်လာတယ်လို့ သိရှိရပါတယ်။

                Telecomtalk က ကျွမ်းကျင်သူတွေရဲ့ စမ်းသပ်မှုအရ Nougat မှာတုန်းက Battery ကို 100% အထိ အားသွင်းနိုင်ဖို့အတွက် ၂ နာရီထိ ကြာခဲ့ပေမယ့် ယခု Oreo Update မှာတော့ ၁နာရီနဲ့ ၃၂ မိနစ်ခန့်သာ ကြာတော့တယ်လို့ သိရပါတယ်။ ဒါပေမယ့် ဒီစမ်းသပ်မှုအတွက် Mi A1 ရဲ့ Charging Adapter ကို အသုံးပြုခဲ့တာ မဟုတ်ပါဘူး။ OnePlus ရဲ့ Dash Charger ကို အသုံးပြုခဲ့တာ ဖြစ်ပါတယ်။

                Xiaomi Devices အများစုမှာ လိုအပ်တဲ့ Hardware တွေ ပါဝင်ပေမယ့် Qualcomm ရဲ့ Quick Charge နည်းပညာ မပါဝင်ပါဘူး။ Xiaomi အနေနဲ့ သက်ဆိုင်တဲ့ License ကြေးတွေ မပေးတဲ့တာကြောင့် ဒီလို Support မျိုး မရရှိတာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒီအချက်က Mi A1 မှာတော့ ပြောင်းသွားပြီလို့ ဆိုနိုင်ပါတယ်။

                Xiaomi အနေနဲ့ Mi A1 အတွက် Android Oreo Update ကို ၂၀၁၇ နှစ်ကုန်လောက်မှာ ထုတ်ပေးသွားမယ်လို့ ကတိပေးထားတယ် ဆိုပေမယ့် နှစ်ကုန်ဖို့အတွက် ရက်အနည်းငယ်ပဲ လိုတော့တာဖြစ်တဲ့အတွက် ဒီနှစ်ထဲမှာ ထွက်လာမယ်လို့တော့ မထင်ပါဘူး။ နောက်နှစ် အစောပိုင်းလတွေမှာ ထွက်ရှိလာနိုင်မယ်လို့ ခန့်မှန်းရပါတယ်။

This Article is contributed by Thaw Zin.
References
Android Authority Android Police xda-developers
About Author
Assinged Tags
Xiaomi Fast Charging related Dash Charge Xiaomi Mi A1
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed