Qualcomm ရဲ့ မျိုးဆက်သစ် Chipset တွေဖြစ်လာမယ့် Snapdragon 670, 640 နဲ့ 460 တို့ရဲ့ Specifications များ ပေါက်ကြား

date_range 02 January 2018

Qualcomm ရဲ့ မျိုးဆက်သစ် Chipset တွေဖြစ်လာမယ့် Snapdragon 670, 640 နဲ့ 460 တို့ရဲ့ Specifications များ ပေါက်ကြား

visibility 1120 Views

                Qualcomm အနေနဲ့ အရင်လကပဲ ၂၀၁၈ ခုနှစ်အတွက် Flagship Chipset ဖြစ်လာမယ့် Snapdragon 845 ကို မိတ်ဆက်ပေးခဲ့ပါတယ်။ ဒီနေ့မှာတော့ Mid-Range နဲ့ Budget Device တွေအတွက် မျိုးဆက်သစ် Chipset တွေဖြစ်လာမယ့် Snapdragon 670, 640 နဲ့ 460 တို့ရဲ့ Specifications တွေဟာ Weibo ကနေတစ်ဆင့် ပေါက်ကြားခဲ့တယ်လို့ သိရှိရပါတယ်။


Snapdragon 670

                Snapdragon 670 ကတော့ SD 660 ကို အစားထိုးသွားမှာဖြစ်ပြီး Powerful အဖြစ်ဆုံး Mid-Range Chipset ဖြစ်လာမှာပါ။ ဒါပေမယ့် SD 660 လို 14 nm Chipset မဟုတ်တော့ပဲ SD 670 က 10 nm Chipet ဖြစ်သွားမှာပါ။ SD 670 ဟာ Octa-Core Design ဖြစ်ပြီး 2 GHz Kryo 460 Cores လေးလုံး၊ 1.6 GHz Kryo 385 Cores လေးလုံး ပါဝင်မှာ ဖြစ်ပါတယ်။ GPU ကတော့ Adreno 620 ဖြစ်တယ်လို့ သိရပါတယ်။

                SD 670 အသုံးပြုမယ့် Device တွေအနေနဲ့ Single Camera Setup ဆိုရင် 26 MP အထိ တပ်ဆင်နိုင်မှာဖြစ်ပြီး Dual Camera Setup ဆိုရင်တော့ 13 MP Camera နှစ်လုံးကို တပ်ဆင်နိုင်မှာပါ။ Modem ကတော့ SD 845 ထက် အနည်းငယ် နိမ့်သွားတယ် ဆိုပေမယ့် LTE Cat 16 ကို Support ပေးမှာဖြစ်ပြီး Maximum Download Speed 1 Gbps နဲ့ Maximum Upload Speed 150 Mbps အထိ ရရှိနိုင်မှာ ဖြစ်တဲ့အတွက် မဆိုးဘူးလို့တော့ ပြောလို့ရမှာပါ။

Snapdragon 640

                Snapdragon 640 အတွက်ကိုတော့ ထူးထူးခြားခြား 6+2 Core Combination ကို အသုံးပြုထားပါတယ်။ 2.15 GHz Kyro 360 Cores နှစ်လုံးနဲ့ 1.55 GHz Kryo 360 Cores ခြောက်လုံး ပေါင်းစပ်ထားပါတယ်။ ဒီလို Core Combination မျိုး လုပ်နိုင်တာကလည်း ARM ရဲ့ DynamIQ ဆိုတဲ့ နည်းပညာသစ်ကြောင့် ဖြစ်မယ်လို့ ခန့်မှန်းရပါတယ်။ SD 670 လိုမျိုးပဲ SD 640 ကလည်း 10 nm Chipset ဖြစ်ပြီး System Cache ကတော့ 1MB ရရှိမယ်လို့ ဆိုပါတယ်။

                GPU ကတော့ Adreno 610 ဖြစ်ပြီး Maximum Download Speed 600 Mbps နဲ့ Maximum Upload Speed 150 Mbps အထိ ပေးနိုင်မယ့် Snapdragon XZ12 LTE Modem ပါဝင်မှာဖြစ်ပါတယ်။ SD 640 အသုံးပြုမယ့် Device တွေအနေနဲ့ SD 670 မှာလိုမျိုးပဲ Single Camera Setup ဆိုရင် 26 MP အထိ တပ်ဆင်နိုင်မှာဖြစ်ပြီး Dual Camera Setup ဆိုရင်တော့ 13 MP Camera နှစ်လုံးကို တပ်ဆင်နိုင်မှာပါ။

Snapdragon 460

                Snapdragon 460 ဟာ Octa-Core Design ဖြစ်ပြီး 1.8 GHz Kryo 360 Cores လေးလုံး၊ 1.4 GHz Kryo 360 Cores လေးလုံး ပါဝင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် SD 460 မှာ System Cache တော့ ပါဝင်မှာ မဟုတ်ပါဘူး။ Modem ကတော့ SD 640 မှာ သုံးထားတဲ့ Modem နဲ့ အတူတူပါပဲ။ SD 460 ဟာ Single Camera Setup ဆိုရင် 21 MP အထိ Support ပေးမှာဖြစ်ပေမယ့် Dual Camera Setup ကိုတော့ Support ပေးမှာ မဟုတ်ပါဘူး။ SD 670 နဲ့ SD 640 တို့နဲ့ မတူပဲ SD 460 ကတော့ 14 nm Chipet ဖြစ်လာမယ်လို့ သိရပါတယ်။

This Article is contributed by Thaw Zin.
References
Android Authority KLGadgetGuy
About Author
Assinged Tags
Qualcomm Snapdragon Qualcomm Modems Qualcomm Chipset Chipset Snapdragon 670 Snapdragon 640 Snapdragon 460 DynamIQ
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed