ဒီဇင်ဘာ ၂၇ ရက်နေ့မှာ MIUI 9 Update ရရှိနိုင်တဲ့ ဖုန်းမော်ဒယ်လ် ၂၇ မျိုး ပြည့်သွားတဲ့ Xiaomi

date_range 28 December 2017

ဒီဇင်ဘာ ၂၇ ရက်နေ့မှာ MIUI 9 Update ရရှိနိုင်တဲ့ ဖုန်းမော်ဒယ်လ် ၂၇ မျိုး ပြည့်သွားတဲ့ Xiaomi

visibility 6560 Views

                ဒီနေ့မှာတော့ Xiaomi အနေနဲ့ တစ်ချို့ Xiaomi ဖုန်းတွေအတွက် MIUI 9 Update ကို ထုတ်ပေးလိုက်ပြီလို့ ကြေငြာခဲ့ပါတယ်။ ဒါကြောင့် Xiaomi Mi 3, Redmi Note 2, Redmi Note 3 တို့လို ဖုန်းတွေမှာ MIUI 9 ကို Update လုပ်နိုင်တော့မှာပါ။ ဒီနေ့လို ဒီဇင်ဘာ ၂၇ ရက်နေ့မှာပဲ တိုက်တိုက်ဆိုင်ဆိုင်ပဲ MIUI 9 အသုံးပြုနိုင်တဲ့ Xiaomi ဖုန်းမော်ဒယ်လ် ၂၇ မျိုး ပြည့်သွားခဲ့ပြီ ဖြစ်ပါတယ်။

                MIUI 9 အတွက် Upgrade Strategy ဟာ MIUI 8 တုန်းက Upgrade Strategy နဲ့ ယှဥ်မယ်ဆိုရင် တော်တော်ကို ကွာခြားပါတယ်။ Xiaomi အနေနဲ့ MIUI 9 ကို ဇူလိုင် ၂၉ ရက်နေ့က တရား၀င် Release လုပ်ပေးခဲ့ပါတယ်။ နောက်နေ့မှာတော့ MIUI 9 BETA Version ကို အချို့ဖုန်း မော်ဒယ်တွေမှာ စမ်းသပ်နိုင်ခဲ့ပါတယ်။ စက်တင်ဘာ ၂၈ ရက်နေ့မှာတော့ Xiaomi Developer တွေက MIUI 9 Final Version ကို အောင်မြင်စွာ Release လုပ်နိုင်ခဲ့ပြီလို့ ကြေညာခဲ့ပါတယ်။ ဒါ့အပြင် Mi 2, Mi 2S အပါအ၀င် ဖုန်းမော်ဒယ်လ် ၅၀ မျိုးမှာပါ အသုံးပြုနိုင်မယ်လို့ ပြောကြားခဲ့ ပါသေးတယ်။

                ဒါပေမယ့် MIUI 9 Final Version မှာ ပြဿနာအချို့ ပေါ်ပေါက်ခဲ့ပြီး Stable Version ကို အောက်တိုဘာ ၃၁ ရက်နေ့ကျမှပဲ Release လုပ်ပေးနိုင်ခဲ့ပါတယ်။ အခုအချိန်မှာဆိုရင်တော့ MIUI 9 ကို ဖုန်းမော်ဒယ်လ် ၂၇ မျိုးမှာ အသုံးပြုနိုင်ပြီပဲ ဖြစ်ပါတယ်။ အရင်ကကြေညာခဲ့သလို MIUI 9 ကို အသုံးပြုနိုင်တဲ့ ဖုန်းမော်ဒယ်လ် ၅၀ အထိ ပြည့်ဖို့အတွက်ကတော့ ၂၃ မျိုး လိုပါသေးတယ်။ ကျန်တဲ့ ၂၃ မျိုး အတွက် ဘယ်အချိန်မှာ MIUI 9 Update ကို Release လုပ်ပေးမယ် ဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာပါ။

                Xiaomi ကတော့ ၂၀၁၄ ခုနှစ်ကနေ အခုအချိန်ထိ ထုတ်လုပ်ရောင်းချခဲ့တဲ့ Xiaomi ဖုန်းမော်ဒယ်လ်အားလုံးမှာ MIUI 9 ကို Update လုပ်ခွင့်ရမယ်လို့ ပြောကြားထားပါတယ်။ အခုအချိန်မှာ MIUI9 ကို Update လုပ်နိုင်မယ့် ဖုန်းမော်ဒယ်လ်တွေကတော့

  1. Mi MIX 2 
  2. Mi Note 3
  3. Mi 6 
  4. Mi Max 2 
  5. Mi 5X 
  6. Mi 5 
  7. Mi 5C 
  8. Mi MIX 
  9. Mi Note 2 
  10. Mi 5S 
  11. Mi 5S Plus 
  12. Mi Note 
  13. Mi 4S 
  14. Mi 4C 
  15. Redmi Note 4 
  16. Redmi Note 3 
  17. Mi Max 
  18. Redmi Note 5A 
  19. Redmi 5A 
  20. Redmi Note 4X 
  21. Redmi 4X 
  22. Redmi 5 
  23. Redmi 5 Plus 
  24. Redmi 4 
  25. Redmi Note 2 
  26. Redmi Note 3 
  27. Redmi 2 

စတာတွေပဲ ဖြစ်ပါတယ်။

                Update လုပ်မယ့်သူတွေ အနေနဲ့ MIUI 9 မှာ ဘာတွေပြောင်းလဲသွားလည်း ဆိုတာကို ဒီမှာ လေ့လာနိုင်ပါတယ်။

This Article is contributed by Phyo Kyaw Swar.
References
GizChina
About Author
Assinged Tags
Xiaomi MIUI 9 related Update news News about MIUI MIUI 9 Features
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed