“၃ ပေ” အကွာအဝေးကနေ Device မျိုးစုံကို တစ်ပြိုက်နက်တည်း အားသွင်းပေးနိုင်မယ့် Wireless Charging နည်းပညာသစ်

date_range 28 December 2017

“၃ ပေ” အကွာအဝေးကနေ Device မျိုးစုံကို တစ်ပြိုက်နက်တည်း အားသွင်းပေးနိုင်မယ့် Wireless Charging နည်းပညာသစ်

visibility 560 Views

                Wireless Charging လို့ ပြောလိုက်ရင် ကြိုက်တဲ့သူလည်း ရှိသလို၊ မကြိုက်တဲ့သူလည်း ရှိပါတယ်။ ကျနော်ကတော့ Wireless Charging လို့ ပြောလိုက်ရင် OnePlus CEO Pete Lau လိုပဲ မြင်ပါတယ်။ Wireless Charging လို့သာပြောတာ Charging Pad မှာ ကပ်ထားမှ အားသွင်းလို့ရမှာဆိုတော့ သိပ်အဓိပ္ပါယ် မရှိသေးဘူး၊ Wireless Charging လို့ မခေါ်ထိုက်ဘူးလို့ပဲ မြင်မိပါတယ်။ 

                ဒါပေမယ့် ဒီနေ့မှာတော့ Wireless Charging လို့ ခေါ်ထိုက်တဲ့ နည်းပညာသစ်တစ်ခုကို FCC က Approve လုပ်ပေးလိုက်ပါပြီ။ ဒီနည်းပညာသစ်ကိုတော့ အမေရိကန်နိုင်ငံ၊ California ပြည်နယ်၊ San Jose မြို့ အခြေစိုက် Startup နည်းပညာကုမ္ပဏီတစ်ခုဖြစ်တဲ့ Energous ကနေ တီထွင်ခဲ့တာ ဖြစ်ပါတယ်။ “Power-at-a-distance” Wireless System တစ်ခုဖြစ်ပြီး “WattUp” လို့ အမည်ပေးထားပါတယ်။

                လက်ရှိ Wireless Charging နည်းပညာနဲ့ အဓိက ကွာခြားသွားတဲ့ နေရာကတော့ “WattUp” ဟာ “၃ ပေ” အကွာအဝေးကနေ Smartphone, Speaker, Mouse, Keyboard, Smartwatch စတဲ့ Device မျိုးစုံကို တစ်ပြိုက်နက်တည်း အားသွင်းပေးနိုင်မယ်လို့ သိရပါတယ်။ “WattUp” ဟာ Mid-Field Radio Frequency Transmitter ကို အသုံးပြုပြီး လျှပ်စစ်ဓါတ်အားကို “၃ ပေ” အကွာအဝေးထိ လွှင့်ပေးတာပဲ ဖြစ်ပါတယ်။ Energous အနေနဲ့ “WattUp” ကို Industry Standard တွေနဲ့ ကိုက်ညီစေဖို့အတွက် စမ်းသပ်မှုတွေ အကြိမ်ကြိမ် ပြုလုပ်ခဲ့ပြီးဖြစ်သလို လူကိုလည်း အန္တရာယ်မပြုနိုင်ဘူးလို့ သိရပါတယ်။


                “WattUp” က ဘယ်လိုအလုပ်လုပ်လည်း ဆိုတာကို Energous ကုမ္ပဏီက ပြသထားတဲ့ Demo Video လေးမှာ ကြည့်နိုင်ပါတယ်။ Demo Video မှာပြထားတဲ့ “WattUp” Transmitter ကတော့ “၁၅ ပေ” ထိအောင် လျှပ်စစ်ဓါတ်အားတွေ လွှင့်ပေးနိုင်ပါတယ်။ ဒါပေမယ့် ဒီ Transmitter ကိုတော့ FCC က Approve မလုပ်ပေးသေးပါဘူး။ Demo Video ကို ကြည့်မယ်ဆိုရင် “WattUp” ကို အသုံးပြုဖို့အတွက် Transmitter နဲ့ Receiver လိုအပ်မှာဖြစ်ပါတယ်။ နောက်ပြီး ဘယ် Device ကိုတော့ အားမသွင်းချင်ဘူး၊ ဘယ် Device ကိုတော့ အားသွင်းမယ်၊​ စတာတွေကို ထိန်းချုပ်နိုင်မယ့် App တစ်ခုကိုလည်း တွေ့ရမှာပါ။

                အခုအချိန်မှာတော့ Energous အနေနဲ့ “WattUp” နဲ့ အားသွင်းရင် ဘယ်လောက်ကြာမယ်၊ Device ဘယ်နှစ်လုံးအထိ တစ်ပြိုက်နက်တည်း အားသွင်းနိုင်လည်း ဆိုတာတွေကို တိတိကျကျ မပြောသေးပါဘူး။ ဒါပေမယ့် CES 2018 ကျရင်တော့ သေသေချာချာ သိနိုင်မယ်လို့ မျှော်လင့်ရပါတယ်။ Wireless Charging ကြိုက်သူတွေကတော့ “၃ ပေ” အကွာအဝေးကနေ အားသွင်းပေးနိုင်မယ့် “WattUp” လို စနစ်မျိုး ဘယ် Smartphone မှာ စပြီး ပါလာမလဲဆိုတာ မျှော်နေကြပြီ ထင်ပါတယ်။

References
Android Authority Android Police
About Author
Assinged Tags
Smartphones Wireless Charging WattUp Energous
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed