Google Assistant ကို Android Lollipop သုံးဖုန်းတွေနဲ့၊ Android Tablet တွေမှာပါ အသုံးပြုနိုင်ပြီ

date_range 14 December 2017

Google Assistant ကို Android Lollipop သုံးဖုန်းတွေနဲ့၊ Android Tablet တွေမှာပါ အသုံးပြုနိုင်ပြီ

visibility 1440 Views

                ၂၀၁၆ ခုနှစ်၊ မတ်လတုန်းက ပြုလုပ်ခဲ့တဲ့ Google I/O ပွဲမှာ Google ဟာ Google Now နေရာကို အစားထိုးမယ့် ‘Google Assistant’ ကို စတင်မိတ်ဆက်ခဲ့ပါတယ်။ ဒါပေမယ့် စ,စချင်းမှာ Google Assistant ကို Pixels ဖုန်းတွေနဲ့ Messaging App ဖြစ်တဲ့ Allo တို့မှာပဲ အသုံးပြုနိုင်ခဲ့ပြီး၊ နောက်ထပ်တစ်နှစ်နီးပါးလောက်ကြာတော့မှ Android 6.0 Marshmallow နဲ့အထက် Android ဖုန်းတွေအကုန်လုံးကို ထုတ်ပေးခဲ့ပါတယ်။ စိတ်မကောင်းစရာတစ်ခုကတော့ Android 5.0 Lollipop အပါအဝင် ကျန်တဲ့ Android OS အနိမ့်တွေမှာ Google Assistant လုံးဝသုံးမရခဲ့ဘဲ၊ Android Tablet တွေမှာဆို Marshmallow အထက်တောင် သုံးမရခဲ့ပါဘူး။

                အခုတော့ Android Lollipop ကိုင်တဲ့လူတွေကော၊ Android Tablet သုံးတဲ့သူတွေပါ ပြုံးပျော်ရမယ့် သတင်းကောင်းတစ်ခုကို Google က ယနေ့ပဲ ကြေညာလိုက်ပါပြီ။ Google Assistant ကို အခုအခါ Android 5.0 Lollipop သုံး ဖုန်းတွေမှာပါ စတင်အသုံးပြုနိုင်ပြီဖြစ်သလို၊ Android Tablet တွေမှာဆိုရင်တော့ Android 6.0 နဲ့အထက် Tablet တွေမှာ စတင်အသုံးပြုနိုင်ပြီဖြစ်ပါတယ်။ Android Lollipop ဟာ လက်ရှိအချိန်ထိ လူသုံးအများဆုံး Android OS Version တစ်ခုဖြစ်တာကြောင့် တစ်ကမ္ဘာလုံးက Android အသုံးပြုသူ ၅၀ ရာခိုင်နှုန်းအထိ Google Assistant အသုံးပြုနိုင်တော့မှာဖြစ်တယ်လို့ Google က ပြောကြားခဲ့ပါတယ်။

                တကယ်လို့ ခင်ဗျားတို့သုံးနေတဲ့ဖုန်းက Android 5.0 Lollipop နဲ့အထက် ဖုန်းဖြစ်ပြီး၊ Google Assistant ကို အသုံးပြုချင်တယ်ဆိုရင်တော့ အရင်ဆုံး Play Store မှာ Google App ကို Update လုပ်ပေးပါ။ ပြီးရင် Google App ထဲဝင်၊ သူ့ Settings ထဲက Search Language ကို English (U.S) ပြောင်းပြီး၊ စမ်းကြည့်နိုင်ပါတယ်။ OK Google Detection မလုပ်ရသေးရင်တော့ အရင်ဆုံး ‘Voice’ ထဲမှာ OK Google လို့ သုံးခါပြောပြီး Setup လုပ်ပေးရမှာဖြစ်ပါတယ်။ Google Assistant ရသွားပြီဆိုရင်၊ Google App Settings ကို ဝင်ဝင်ချင်း အပေါ်ဆုံးမှာ Google Assistant ဆိုတဲ့ Option အသစ်တစ်ခုကို တွေ့မြင်ရပါလိမ့်မယ်။ အောက်ပါအတိုင်းပါ။

မှတ်ချက်။ တကယ်လို့ မြန်မာနိုင်ငံက User တွေအနေနဲ့ Android Lollipop နဲ့ ကိုယ့်ဖုန်းမှာ Google Assistant သုံးချင်တယ်ဆိုရင် စိတ်ချရတဲ့ VPN App တစ်ခုခုကို Download ပြုလုပ်ပြီး အခုလိုစမ်းသပ်နိုင်ပါတယ်။ Android မှာ VPN အသုံးပြုနည်းကို ယခု Article မှာ ဖတ်ရှုနိုင်ပါတယ်။ VPN သုံးလို့ရပြီဆိုရင် VPN ချိတ်ဆက်နေတုန်းမှာ Play Store နဲ့ Google App တို့ကို Clear Data လုပ်ပြီး၊ နှစ်ခုစလုံးကို ပြန်ဝင်လိုက်ပါ။ ဒီအခါ Google App မှာ 'Google Assistant' ကို အလိုအလျောက် ရလာတာ တွေ့ရပါလိမ့်မယ်။ ကျနော်တို့စမ်းသပ်ထားတဲ့ Android Lollipop သုံး Samsung Galaxy Note 3 မှာတော့ ဒီနည်းနဲ့ အဆင်ပြေသွားပါတယ်။

                လောလောဆည်မှာတော့ US ၊ U.K ၊ India ၊ Australia ၊ Canada နဲ့ Singapore တို့က Users တွေထဲမှာမှ Language ကို English ပြောင်းထားတဲ့ Android Lollipop အသုံးပြုသူတွေရရှိနေပြီး၊ U.S ၊ Mexico နဲ့ Spain တို့က User တွေမှာတော့ Spanish Language နဲ့ သုံးတဲ့သူတွေမှာလည်း ရရှိနေတယ်လို့ သိရပါတယ်။

                တကယ်လို့ ကိုယ့်ဖုန်းမှာ Google Assistant ကို လောလောဆည် မရသေးလည်း စိတ်မပျက်ပါနဲ့ဦး။ သိပ်မကြာခင် တစ်ကမ္ဘာလုံးက User တွေအတွက် Google ဘက်က သေချာပေါက်ထုတ်ပေးမှာပါ။ Android Marshmallow နဲ့ Nougat သုံးတဲ့ Tablet တွေမှာတော့ လောလောဆည် U.S က Users တွေပဲ ရရှိပါသေးတယ်။

References
Tech Crunch
About Author
Assinged Tags
Google Google Assistant Android Google App Artificial Intelligence Digital Assistant Smartphones Tablet Android Nougat Android Lollipop Android Marshmallow Virtual Assistant Android Tablet
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed