Apple ရဲ့ စွမ်းဆောင်ရည်မြင့် iMac Pro ကို စတင်၀ယ်ယူနိုင်ပြီ

date_range 14 December 2017

Apple ရဲ့ စွမ်းဆောင်ရည်မြင့် iMac Pro ကို စတင်၀ယ်ယူနိုင်ပြီ

visibility 500 Views

                Apple ဟာ ပြီးခဲ့တဲ့ ဂျွန်လတုန်းက ပြုလုပ်ခဲ့တဲ့ WWDC 2017 ပွဲမှာ "The Most Powerful Mac Ever" လို့ ကြွေးကြော်ထားတဲ့ iMac Pro ကို မိတ်ဆက်သွားခဲ့ပါတယ်။ ဒီနေ့ (ဒီဇင်ဘာ ၁၄ ရက်) ရက်နေ့မှာတော့ Apple တို့ ကတိပေးထားတဲ့အတိုင်း iMac Pro ကို စတင် ဝယ်ယူနိုင်ပြီဖြစ်တယ်လို့ သိရပါတယ်။ လှပသေသပ်ပြီး ကျစ်လျစ်တဲ့ ဒီဇိုင်း၊ စွမ်းဆောင်ရည် မြင့်ပါတယ်ဆိုတဲ့ Workstation Class Hardwares တွေပဲ ရေလည်သုံးထားတဲ့ Powerful အဖြစ်ဆုံး AiO (All in One) New iMac Pro ရဲ့ Basic Model စျေးနှုန်းက ၄,၉၉၉ ဒေါ်လာပါ။


                စျေးနှုန်းကို ကြည့်လိုက်မယ်ဆိုရင် Powerful Windows PC တွေထက် အများကြီး သက်သာပါတယ်။ ဘာလို့လဲဆို အပြင်မှာ iMac Pro Specification အတိုင်း ဆင်မယ်ဆိုရင် ဒေါ်လာ ၇၀၀၀ လောက်သုံးရမယ်၊ ဒါတောင် 4K Display ပါချင်မှပါဦးမယ်ဗျ။

                အခုလို iMac Pro ကို စွမ်းဆောင်ရည်မြင့် အစိတ်ပိုင်းတွေချည်း ထည့်လိုက်တော့ အပူကို ဘယ်လို စွန့်ထုတ်နိုင်မလဲဆိုတာကို အရင်ဆုံး စိတ်၀င်စားမိတယ်။ AiO PC တွေ ဟာ များသောအားဖြင့် Thermal Throttling ပြဿနာရှိတယ်၊ အထူးသဖြင့် Power Load များတဲ့အချိန် အပူကလဲ အရမ်းထွက်တော့ Cooling Solution ကိုဘယ်လို တည်ဆောက်မယ် ဆိုတာက Temperature Control မှာ အရေးကြီးသလို Performance Peek လဲများများ ရနိုင်တဲ့ အားသာချက်ရှိပါတယ်။ အခု iMac Pro ရဲ့ဒီဇိုင်းက ပါးလွှာမှုလည်းရှိသလို၊ Thermal Control နိုင်နိုင်နင်းနင်း လုပ်ဆောင်နိုင်ဖို့ အသားပေး တည်ဆောက်ထားတယ်ဆိုရင်လဲ မမှားပါဘူး။

                iMac Pro ရဲ့  Thermal Architecture အသစ်အရ Powerful Components တွေ 4K ဒါမှမဟုတ် 5K Computing လုပ်နေတဲ့အခါ ထွက်လာမယ့် Dissipate Heat စွန့်ထုတ်လိုက်တဲ့ အပူကို External Airflow နဲ့ ပြန်လည်အေးမြအောင် ဆောင်ရွက်မှာဖြစ်ပြီး၊ Exhaust Heat ထွက်လာမယ့် လေပူတွေကို တဖက်တချက်စီကနေ ပြန်လည်စွန့်ထုတ် ပေးမှာဖြစ်ပါတယ်။ အဲ့ဒါအပြင် အခြား အစိတ်အပိုင်းတွေ အပူတက်တာကို ဖြေရှင်းဖို့ Heat Pipe ၄ခုက သယ်ယူဦးမှာဖြစ်ပြီး၊ Thermal Load များပြားခြင်း အန္တရာယ်ကို ကာကွယ်ထားပါသေးတယ်။


                Display ပိုင်းမှာဆိုရင်လည်း အရင် iMac 27” နဲ့မတူဘဲ 5K ပေါ်မှာ Color Distribution ကောင်းမွန်တိကျမှုရှိတဲ့ P3 Color Profile ပါ၀င်မှာဖြစ်သလို၊ 27 လက်မ မျက်နှာပြင်ရဲ့ အလင်းအားဟာ 500nits ရှိတဲ့အတွက်ကြောင့် Photo/Video သမားတွေတွက်တော့ iMac Pro ဟာ အကောင်းဆုံးဖြစ်မှာပါ။


                iMac Pro ကို စိတ်ကြိုက် Specifications နဲ့ မှာယူနိုင်ဦးမှာဖြစ်ပြီး စွမ်းဆောင်ရည်တွက်ချက်မှု ရလဒ်များအရ Intel Xeon Processor တွေဟာ Resolution မြင့် ရုပ်ပုံများ၊ ရုပ်ရှင်များ၊ 3D Content များကို အရည်အသွေး မြင့်မြင့်ဖန်တီးခြင်း စတဲ့ လုပ်ငန်းစဉ်တွေမှာ အသုံးပြုဖို့ လုံလောက်တဲ့ စွမ်းအင်ပါတယ်။ နောက် AMD ရဲ့ Radeon RX Vega GPU တွေဟာ Virtual Reality Content ဖန်တီးခြင်း၊ Real-time 3D Rendering ပြုလုပ်ခြင်းများကို Resolution မြင့်မြင့်တွင် နိုင်နိုင်နင်းနင်း အသုံးပြုနိုင်သလို Apple ရဲ့ iMac Pro တွေအတွက် ထုတ်လုပ်ထားတဲ့ Final Cut Pro X Software က AMD ကတ်ရဲ့အားသာချက်များကို ကောင်းကောင်းအသုံးချနိုင်မှာပါ။


                HPC (High Performance Computing) အပိုင်းမှာ Apple ဟာ ပထမဦးဆုံး iMac Pro အတွက် ECC (Error Correcting Code) Memory ကို စတင်အသုံးပြုထားပြီး၊ Memory Data Corruption ဖြစ်ခြင်း၊ Crash ဖြစ်ခြင်းနဲ့ ဒေတာပျောက်ဆုံးခြင်းတို့ကနေ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် iMac Pro မှာ RAM Access Slot မပါ၀င်တဲ့အတွက် Memory Upgrade ပြုလုပ်ဖို့တော့ မလွယ်ကူပါဘူး။

                နောက်ထပ် စိတ်၀င်စားစရာကောင်းတဲ့ အချက်က iMac Pro မှာ VR (Virtual Reality) ကို စတင်အသုံးပြုနိုင်မှာဖြစ်ပြီး၊ Steam နဲ့ HTC အစရှိတဲ့ Developer များမှလဲ Mac OS မှာ VR အသုံးပြုနိုင်အောင် ကူညီပေးသွားဦးမှာလဲ ဖြစ်ပါတယ်။


                အခုလို စွမ်းဆောင်ရည်မြင့်နေတဲ့ iMac Pro တွက် အသံပိုင်းဆိုင်ရာ အထူးပြုလုပ်ချက်အပိုင်းကို Apple က လျစ်လျူရှုမထားပါဘူး။


                အဲ့သလို စွမ်းဆောင်ရည်မြင့် iMac Pro နဲ့ချိတ်ဆက်အသုံးပြုနိုင်ဖို့ ဒေတာအကူးအပြောင်းလျှင်မြန်တဲ့ Thunderbolts 3 Ports လေးခုအထိ ပါဝင်ပြီး၊ 5K Displays ၂ခု ဒါမှမဟုတ် 4K Displays ၃ခုကို တပြိုင်နက် ချိတ်ဆက်အသုံးပြုနိုင်ဦးမှာ ဖြစ်ပါတယ်။ Networking အတွက် 10-Gigabit Ethernet Port၊ 1080p FaceTime Camera တို့လည်း ပါဝင်မှာဖြစ်ပါတယ်။


                iMac Pro နဲ့ တွဲဖက်အသုံးပြုနိုင်ဖို့ Numeric Keypad ပါဝင်တဲ့ Space Grey Magic Keyboard၊ Magic Mouse 2 နှင့် Magic Trackpad 2 တို့ပါ၀င်မှာဖြစ်ပါတယ်။ iMac Pro ရဲ့ Specifications အပြည့်အစုံကို ဒီမှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်။


                လောလောဆည် ကောလာဟလထွက်နေတာတွေကတော့ iMac Pro မှာ iPhones တွေကလို Secure Enclave Processor ပါဝင်လာဖို့ ရှိနေတယ်လို့ သိရပါတယ်။ ဒီအတိုင်းဆို iMac Pro မှာ ARM coprocessor တစ်ခုကိုပါ Additional Security ပိုင်းအတွက် သုံးလာနိုင်ပြီး၊ တရားဝင်မိတ်ဆက်မပေးရသေးတဲ့ Peripheral တစ်ခုခုကနေ TouchID ပါ အသုံးပြုလာနိုင်ဖွယ် ရှိပါတယ်။ နောက်ထပ်ကောလာဟလတစ်ခုကတော့ iMac Pro မှာ Apple A10 Fusion Chip ပါ ပါဝင်လာနိုင်တယ်လို့ ဆိုပါတယ်။

This Article is Contributed by 2ppu
References
Notebookcheck Mac World
About Author
Assinged Tags
iMac AMD All In One Desktop Mac iMac Pro Intel Xeron Apple Intel Xeon Processor Radeon Pro Vega
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed