ဒီနေ့ဟာ AMD ကုမ္ပဏီရဲ့ K6-2 Processor ကို စတင်မိတ်ဆက်ခဲ့တဲ့ နေ့ဖြစ်ပါတယ်။

date_range 27 May 2017

ဒီနေ့ဟာ AMD ကုမ္ပဏီရဲ့ K6-2 Processor ကို စတင်မိတ်ဆက်ခဲ့တဲ့ နေ့ဖြစ်ပါတယ်။

visibility 300 Views

                မေလ ၂၆ ရက်နေ့၊ ၁၉၉၈ ခုနှစ်မှာ နာမည်ကြီးကုမ္ပဏီတစ်ခုဖြစ်တဲ့ AMD ကနေပြီးတော့ K6-2 CPU Processor ကို စ တင်မိတ်ဆက်ခဲ့ပါတယ်။

                AMD ရဲ့ K6-2 Processor ကို Super Socket 7 ပုံစံနဲ့ဖွဲ့စည်းတည်ဆောက်ထားပြီး Socket 7 Motherboard အဟောင်းတွေပေါ်မှာလည်း အသုံးပြုလို့ရပါတယ်။ Single-Core Processor တစ်ခုဖြစ်ပြီး Clock Rate ဟာ 266 ကနေ 550 MHz ထိပဲရှိတာမို့ အခုခေတ် Processor တွေနဲ့နှိုင်းယှဉ်မယ်ဆိုရင်တော့ Smartphone တစ်လုံးရဲ့ CPU လောက်တောင် မြန်နှုန်းမရှိပါဘူး။ K6-2 ရဲ့ FSB (Front Side Bus) မြန်နှုန်းဟာလည်း 66 ကနေ 100 MHz ထိပဲရှိပါတယ်။ Intel ကုမ္ပဏီ ကနေ အဲ့ဒီအချိန်တုန်းက ထုတ်လုပ်ထားတဲ့ Pentium II Processor ကိုပြိုင်ဆိုင်ဖို့ ထုတ်လုပ်လိုက်တာပဲဖြစ်ပါတယ်။ MMX နဲ့ 3DNow! ကိုလည်း K6-2 မှာ Support ပေးပါတယ်။

                AMD ကနေ K6-2+ Processor ကို Pentium III နဲ့ပြိုင်ဆိုင်ဖို့ ဆက်လက်မိတ်ဆက်ခဲ့ပါသေးတယ်။ ဒီ K6-2 နဲ့ K6-2+ ဟာ Processor Market ထဲမှာ တစ်နှစ်လောက်ပဲကြာမြင့်ခဲ့ပြီး  K6 III ကိုထပ်မံအစားထိုး မိတ်ဆက်ခဲ့ပါတယ်။ AMD ဟာလက်ရှိအချိန်မှာ Processor ထုတ်လုပ်မှုအပေါ်  Intel လောက် သိပ်မအောင်မြင်တော့ပေမဲ့ Graphics ပိုင်းမှာတော့ nVidia နဲ့အပြိုင်အဆိုင်ထုတ်လုပ်နိုင်တဲ့ နာမည်ကြီးကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ 

References
Day In Tech History
About Author
Assinged Tags
Intel Processor Intel Chipset AMD AMD Processor K6-2 Processor CPU Pentium AMD Graphics K6 3
Categorized Under
Today Tech

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed