Netflix နဲ့ Google Play Movies တွေမှာ HD Videos တွေ ကြည့်မရဖြစ်နေတဲ့ OnePlus 5T

date_range 13 December 2017

Netflix နဲ့ Google Play Movies တွေမှာ HD Videos တွေ ကြည့်မရဖြစ်နေတဲ့ OnePlus 5T

visibility 900 Views

                OnePlus 5T ဟာ OnePlus ကုမ္ပဏီကနေ နောက်ဆုံးထုတ်လုပ်လိုက်တဲ့ စမတ်ဖုန်းတစ်ခုဖြစ်ပြီးတော့ 18:9 6.01" OLED Display ကို ပထမဆုံးအသုံးပြုခဲ့တဲ့ OnePlus ဖုန်းလည်း ဖြစ်ပါတယ်။ OnePlus 5T မှာ နောက်ထပ် ကင်မရာပိုင်းအဆင့်မြှင့်တင်မှုတွေပြုလုပ်ခဲ့ပေမယ့်လည်း ဈေးနှုန်းကို ယခင် OnePlus 5 အတိုင်းပဲရောင်းချခဲ့တဲ့အတွက်ကြောင့် Flagship Killer ဖုန်းတစ်ခုလို့ ပိုပြီးပြောနိုင်တဲ့ဖုန်းတစ်ခုဖြစ်ပါတယ်။ 

                ဒါပေမယ့် OnePlus Forum အသုံးပြုသူတစ်ယောက်ဖြစ်တဲ့ Whatthefunk ရဲ့ ထောက်ပြချက်အရတော့ OnePlus 5T ဖုန်းမှာ အားနည်းချက်တစ်ခု ရှိနေတာကို တွေ့ရှိခဲ့ရပါတယ်။ အဲ့ဒါကတော့ OnePlus 5T စမတ်ဖုန်းဟာ DRM-protected High Definition Content တွေကို Stream ကြည့်ရှုဖို့အတွက် Certification မပါဝင်တာပဲဖြစ်ပါတယ်။ အဆိုပါ Certification ဟာ နာမည်ကြီး Streaming Services တွေအသုံးများတဲ့ Widevine Certification ဖြစ်ပြီး OnePlus 5T ဖုန်းဟာ Protected HD Content တွေကို Stream ပြုလုပ်နိုင်တဲ့ Level 1 Certification အစား Level 3 Widevine Certification ပဲ Support ပြုလုပ်တာဖြစ်ပါတယ်။

                ဒီအတွက်ကြောင့် Level 1 Widevine Certification ကို အသုံးပြုထားတဲ့ Google Play Movies, Netflix နဲ့ Amazon တို့လို နာမည်ကြီး Streaming Services တွေမှာ HD Video တွေ ကြည့်မရဖြစ်နေတာပါ။ YouTube မှာတော့ ပြဿနာမရှိဘူးလို့ Original Post မှာ ဆိုထားပါတယ်။ ဒါပေမယ့် FullHD Display ကြီး သုံးထားပြီး၊ Netflix တို့လိုမျိုး နာမည်ကြီး Streaming Services တွေကနေ HD Video တွေ Stream ကြည့်မရတာက OnePlus 5T ကိုင်တဲ့လူတွေအတွက် တော်တော်စိတ်ကသိကအောင့် ဖြစ်စရာပါ။

                OnePlus 5T စမတ်ဖုန်းဟာ Qualcomm Snapdragon 835 Processor, RAM 8GB ပါဝင်တဲ့အပြင် Display ကလည်း Full HD+ 18:9 OLED Display ဖြစ်နေတဲ့အတွက် စွမ်းဆောင်ရည်ပိုင်းမှာ ထိပ်တန်းအဆင့်ရှိနေရက်နဲ့ HD Streaming Service ကို Support မလုပ်တာက မေးခွန်းထုတ်စရာပါ။ ဘာဖြစ်လို့လဲဆိုရင် Widevine Website ရဲ့ ပြောကြားချက်အရ Google ကနေ Widevine Products တွေအတွက် License Fee ကောက်ခံခြင်းမရှိတဲ့အတွက် HD Streaming ကို Support ပြုလုပ်တဲ့ Level 3 Widevine Certification ကို အခမဲ့ရယူနိုင်တယ်လို့ ဆိုထားလို့ပါ။ 

                အခုလိုမျိုး HD Streaming မရရှိတဲ့ပြဿနာက OnePlus 5T ဖုန်းတင်မကပဲ Specification အရတူညီတဲ့ OnePlus 5 ဖုန်းမှာပါ ဖြစ်ပွားနေတာဖြစ်ပါတယ်။ OnePlus ကုမ္ပဏီကတော့ အခုပြဿနာကို သိရှိပြီး မကြာခင်မှာ Software Update နဲ့ အမြန်ဆုံးဖြေရှင်းပေးသွားမယ်လို့ ပြောကြားထားပါတယ်။ ဘာပဲပြောပြာ အစကတည်းက Perfect ဖြစ်အောင် မလုပ်ပေးခဲ့တဲ့ OnePlus ကုမ္ပဏီရဲ့ အားနည်းချက်လို့ပဲ ဆိုရမှာပါ။

References
Android Authority Engadget
About Author
Assinged Tags
Youtube Netflix app Digital Rights Management Google DRM Device Certification Technology OnePlus Movies Video Streaming Service OnePlus 5T Streaming DRM Protection Google Play Movies Streaming Services HD Forum
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed