Bootloader Unlocked/Rooted Devices များအား App Download ခွင့် ပိတ်ပင်လိုက်တဲ့ Netflix

date_range 15 May 2017

Bootloader Unlocked/Rooted Devices များအား App Download ခွင့် ပိတ်ပင်လိုက်တဲ့ Netflix

visibility 650 Views

                နာမည်ကြီး Media Streaming ကုမ္ပဏီတစ်ခုဖြစ်တဲ့ Netflix အနေနဲ့ အခုအခါ Bootloader Unlock/Root လုပ်ထားတဲ့ Android Device တွေကို App ဒေါင်းလုပ်ခွင့်ပိတ်ပင်လိုက်ပါတယ်။ ဒါဟာလည်း အထူးတခြားကြီးတော့မဟုတ်ပါဘူး။ ကျွန်တော်တို့မြင်တွေ့နေကြဖြစ်တဲ့ Google Play Store ရဲ့ နောက်ဆုံး Latest release မှာဆို Settings ထဲမှာ Device Certification ဆိုတာရှိပါတယ်။ အဲ့ထဲမှာ Uncertified လို့ပေါ်နေရင် ဒါဟာ Bootloader Unlocked (ဒါမှမဟုတ်) Rooted Device တစ်ခုဖြစ်နေလို့ ပြနေတာပဲဖြစ်ပါတယ်။ Certified ဆိုရင်တော့ ပြဿနာမရှိပါဘူး။ အခုအခါမှာဆိုရင်တော့ Uncertified ဖြစ်နေတဲ့ Device တွေအနေနဲ့ Netflix ကို Play Store မှာရှာတဲ့အခါ Your device isn't compatible with this version ဆိုပြီးပေါ်နေတာ့မှာပဲဖြစ်ပါတယ်။


                Google Device Certification Technology ကိုတော့ Widevine လို့ခေါ်ပြီး DRM (Digital Rights Management) Technology တစ်ခုလည်းဖြစ်ပါတယ်။ Netflix ကနေ ဒီနည်းပညာကိုအသုံးပြုပြီး Version 5.0 ကနေ စ လို့ Uncertified Devices တွေကို Download ခွင့်မပြုတော့ပါဘူး။ ဒီလိုလုပ်တာဟာ Android Customization ပိုင်းကိုများစွာထိခိုက်စေနိုင်တာကြောင့် တခြား App တွေမှာပါ ဒီနည်းပညာကိုအသုံးပြုခဲ့မယ်ဆိုရင် End-Users တွေအနေနဲ့ကတော့ ပြဿနာမရှိနိုင်ပေမဲ့ Root နဲ့ပတ်သက်ပြီး အသုံးပြု Customize လုပ်နေသူတွေ၊ Bootloader Unlock တွေလုပ်ပြီး Custom ROM တွေကလိသူတွေ၊ ဖန်တီးသူတွေ အတွက် Limitation တစ်ခုဖြစ်လာနိုင်ဖွယ်ရှိပါတယ်။ 

References
Android Police
About Author
Assinged Tags
Bootloader related Netflix app Digital Rights Management Google DRM Device Certification Technology Device Certification Rooted Devices Root
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed