ကျော်လို့မရတဲ့ စက္ကန့်သုံးဆယ်စာကြော်ငြာဗီဒီယိုတွေကို Youtube အဆုံးသတ်တော့မည်

date_range 20 February 2017

ကျော်လို့မရတဲ့ စက္ကန့်သုံးဆယ်စာကြော်ငြာဗီဒီယိုတွေကို Youtube အဆုံးသတ်တော့မည်

visibility 90 Views

                လာမယ့် ၂၀၁၈ ခုနှစ်ကစပြီးတော့ Youtube မှာ ကျော်လို့မရတဲ့ စက္ကန့် ၃၀ စာ ဗီဒီယိုတွေကို တွေ့မြင်ရတော့မှာမဟုတ်ကြောင်း Google က တရားဝင်ကြေငြာလိုက်ပြီဖြစ်ပါတယ်။

“Youtube ကြည့်သူတွေ ကြော်ငြာကြည့်ရတာ ပိုအဆင်ပြေစေဖို့အတွက်၊ ကျနော်တို့ဘက်က ၃၀ စက္ကန့်စာ ကျော်လို့မရတဲ့ ကြော်ငြာတွေကို ရပ်ဆိုင်းဖို့ ဆုံးဖြတ်လိုက်ပါပြီ။ သူ့အစား User အတွက်ကော၊ ကြော်ြငာရှင်အတွက်ပါ ပိုအဆင်ပြေစေမယ့် ဗီဒီယိုပုံစံမျိုးကို အဓိကထားပြပေးတော့မှာပါ” လို့ Google ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက Campaign သတင်းဌာနကို ပြောကြားသွားခဲ့ပါတယ်။

                Youtube အနေနဲ့ ကြော်ငြာဗီဒီယိုအရှည်တွေကို လုံးဝရပ်ဆိုင်းလိုက်တာမဟုတ်ဘဲ၊ ၃၀ စက္ကန့်ထက်တိုတဲ့၊ ဥပမာ စက္ကန့် ၂၀ စာ ကြော်ငြာတွေကိုတော့ ကြော်ငြာရှင်တွေအနေနဲ့ ကျော်လို့မရအောင် လုပ်နိုင်ဦးမှာဖြစ်ပါတယ်။

                ဒီပုံစံအတိုင်းဆိုရင် လွန်ခဲ့တဲ့နှစ်၊ ဧပြီလတုန်းက စတင်မိတ်ဆက်ခဲ့တဲ့ ခြောက်စက္ကန့်စာ ကျော်လို့မရတဲ့ “Bumper Ads” တွေ Youtube မှာ ခေတ်စားလာဖို့ရှိပါတယ်။ ဒီ Bumper Ads တွေဟာ ၅ စက္ကန့်ကျော်ရင် Skip လုပ်လို့ရတဲ့ ကြော်ငြာတွေလောက်တော့ သိပ်မမိုက်ပေမယ့်၊ User တွေဘက်ကြည့်မယ်ဆိုရင်လည်း စိတ်အနှောင့်အယှက်သိပ်မဖြစ်နိုင်သလို၊ ကြော်ငြာရှင်တွေလည်း စိတ်တိုင်းကျမယ့် Ads Format တစ်ခုဖြစ်ပါတယ်။

                Youtube ရဲ့ ယခုဆုံးဖြတ်ချက်ဟာ ဗီဒီယိုဘက်ကို ပိုဦးတည်လာတဲ့ Facebook ကို ယှဥ်ပြိုင်နိုင်ဖို့ဖြစ်ပြီး၊ သူ့ဆီက User တွေကို ပိုမိုဆွဲဆောင်ထားနိုင်ဖို့အတွက် ကောင်းမွန်တဲ့ဆုံးဖြတ်ချက်တစ်ခုလို့ ဆိုရမှာပါ။

“ ဒါကိုကြည့်မယ်ဆိုရင် Youtube အနေနဲ့ Facebook ကို တော်တော်လေးလန့်နေပုံရပါတယ်။ အခုဆို Facebook ရဲ့ အဓိကလမ်းကြောင်းက ဗီဒီယိုဘက်ကို ဦးတည်နေတယ်ဆိုတာ အားလုံးသိကြမှာပါ။ သူတို့ (Facebook) ဗီဒီယိုတွေက Brands တွေအတွက် ပိုမိုဆွဲဆောင်မှုရှိနေတာကြောင့် Youtube အနေနဲ့ တော်တော်ထိတ်လန့်နေပုံရပါတယ်။” 

လို့ Born Social ရဲ့ နည်းစနစ်ဒါရိုက်တာ Callum McCahon က သုံးသပ်ပြောကြားခဲ့ပါတယ်။

References
Campaign
About Author
Assinged Tags
Google Youtube
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed