Shazam ကို ဝယ်ယူလိုက်ပြီဖြစ်ကြောင်း Apple အတည်ပြု

date_range 13 December 2017

Shazam ကို ဝယ်ယူလိုက်ပြီဖြစ်ကြောင်း Apple အတည်ပြု

visibility 7380 Views

                Apple အနေနဲ့ Music Recognition App တစ်ခုဖြစ်တဲ့ Shazam ကို ဝယ်ယူတော့မှာဖြစ်ကြောင်း ကျနော်တို့ မနေ့က ဖော်ပြရေးသားခဲ့တာကို ဖတ်လိုက်ကြရမှာပါ။ ဒီနေ့မှာတော့ Apple ကုမ္ပဏီကိုယ်တိုင်က ဒီဝယ်ယူမှုကို အတည်ပြုပေးလိုက်ပြီဖြစ်ပါတယ်။ Apple ကုမ္ပဏီအနေနဲ့ သူတို့ရဲ့ ကုမ္ပဏီဝယ်ယူမှုတွေကို အတည်ပြုပြောကြားလေ့မရှိပေမယ့်၊ ဒီတစ်ခါမှာတော့ ထူးထူးခြားခြား ကုမ္ပဏီကိုယ်တိုင် Confirm လုပ်ပေးခဲ့တယ်လို့ ဆိုရမှာပါ။

                Shazam ကို Apple က ဘယ်လောက်နဲ့ ဝယ်ယူလိုက်လဲဆိုတာ တရားဝင်မသိရသေးပေမယ့်၊ Recode သတင်းဌာနရဲ့ ဖော်ပြချက်အရ လက်ရှိ Shazam ကုမ္ပဏီတန်ကြေး ဒေါ်လာ တစ်ဘီလီယံကျော်ထက် ထက်ဝက်ကျော်နည်းပါးတဲ့ပမာဏဖြစ်တဲ့ ဒေါ်လာ သန်း ၄၀၀ နဲ့ ဝယ်ယူလိုက်နိုင်တာ ဖြစ်တယ်လို့ သိရပါတယ်။

“ Shazam နဲ့ သူတို့ဆီက ကျွမ်းကျင်ဝန်ထမ်းအဖွဲ့တွေအကုန် Apple နဲ့ လာပူးပေါင်းတော့မှာဆိုတော့ အတိုင်းထက်အလွန်ဝမ်းသာမိပါတယ်”

                လို့ Apple ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက The Verge သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

                "သီချင်းတွေကို ရှာဖွေနားထောင်ပြီး၊ အကောင်းဆုံးဂီတအရသာတွေကို ပေးစွမ်းနိုင်တဲ့ Apple Music နဲ့ Shazam တို့ဟာ နေနဲ့လ၊ ရွှေနဲ့မြ လို လိုက်ဖက်တဲ့ အတွဲတွေပါပဲ။ Store အတွက် တကယ့်အမိုက်စား အစီအစဉ်တွေ လာဖို့ ရှိပါတယ်။ ဒီနေ့ သဘောတူညီချက်ရပြီးနောက် Shazam နဲ့ ပူးပေါင်းဖို့ ဆက်လက်လုပ်ဆောင်သွားပါမယ်”

                Apple ဘက်က ယခုဝယ်ယူဖို့သဘောတူညီချက်ကို အတည်ပြုပေးခဲ့သလို Shazam ကုမ္ပဏီဘက်ကလည်း အတည်ပြုပေးလိုက်ပြီဖြစ်ပါတယ်။

“Apple ကုမ္ပဏီရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ရပ်တည်ဖို့ သဘောတူညီချက်စယူနိုင်ခဲ့ပြီဖြစ်ကြောင်း ဂုဏ်ယူစွာ ကြေငြာအပ်ပါတယ်”

လို့ The Verge ကို ထုတ်ပြန်ခဲ့တဲ့ သတင်းထုတ်ပြန်ချက်မှာ ရေးသားပါရှိပါတယ်။

“Shazam ဟာ ကမ္ဘာမှာ Rating အကောင်းဆုံး App တစ်ခုဖြစ်ပြီး၊ User သန်းပေါင်းများစွာရဲ့ သဘောကျနှစ်သက်မှုကို ရရှိထားတဲ့ App တစ်ခုဖြစ်ပါတယ်။ ကျနော်တို့ Users တွေအတွက် တကယ့်ကိုမှော်ဆန်တဲ့ ဆန်းသစ်တီထွင်မှုတွေကို ဆက်လက်လုပ်ဆောင်ဖို့ Apple က အကောင်းဆုံးမှီခိုရာနေရာ ဖြစ်ပါတယ်”

                Shazam ဟာ ဒေါ်လာ တစ်ဘီလီယံကျော်တန်ကြေးရှိတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပေမယ့်၊ ဝင်ငွေတော့ အများကြီးမရှာနိုင်သေးဘဲ၊ ၂၀၁၆ ခုနှစ်မှာ iTunes Store တို့ Google Play Music တို့ကို သီချင်းဝယ်ဖို့ ပြန်ညွှန်းပေးခတွေ၊ ကြော်ငြာခတွေအပါအဝင် စုစုပေါင်းမှ ဝင်ငွေ ၅၆ သန်းပဲ ရှာနိုင်ခဲ့ပါတယ်။

                Shazam ဟာ ရငွေနည်းတဲ့ Business တစ်ခုဖြစ်ပေမယ့်၊ Apple အတွက်တော့ တကယ့်ကို အသုံးတည့်မယ့် ကုမ္ပဏီတစ်ခုပါ။ Apple Music တို့ iTunes Store တို့အတွက်လည်း အထောက်အပံ့ပေးနိုင်မယ့် Service တစ်ခု ဖြစ်ပြီး၊ သူ့ရဲ့ AR နည်းပညာတွေ၊ Music Recognition နည်းပညာတွေကလည်း Apple အတွက် မက်လောက်စရာတွေချည်းပါပဲ။  Shazam ရဲ့ Music and Sound Recognition ကို Siri မှာ ပေါင်းထည့် Integrated လုပ်ပြီးပြီဆိုပေမယ့်၊ Siri ထက် နက်နဲတဲ့ iOS ထဲမှာပါ Shazam နည်းပညာတွေကို ပေါင်းထည့်လာနိုင်ပါတယ်။

                Apple နဲ့ Shazam တို့ရဲ့ ဝယ်ယူမှုသဘောတူညီချက်ဟာ လောလောဆည်မှာ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့တွေရဲ့ ခွင့်ပြုချက် ကျဖို့ စောင့်နေဆဲဖြစ်ပြီး၊ ရှေ့ရက်သတ္တပတ်အနည်းငယ်အတွင်း အပြီးသတ်စာချုပ်ချုပ်နိုင်ပါလိမ့်မယ်။

References
The Verge
About Author
Assinged Tags
Augmented Reality Apple Music Apple Acquisitions Music Music Recognition App Shazam Apple Music Recognition
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed